15 May, 2013

လူ့ခန္ဓာကိုယ်အကြောင်း စိတ်ဝင်စားဖွယ်ရာ အချက်များ


♠ အမျိုးသားတွေက တစ်ရက်မှာ ဆံပင် အချောင်းရေ ၄၀ ခန့်ကျွတ်ပြီး အမျိုးသမီးတွေက တစ်နေ့ဆံပင် အချောင်းရေ ၇၀ ခန့်ကျွတ်လေ့ရှိပါတယ်။

♠ သင်က ညမှာထက် နံနက်ခင်းမှာ အရပ်ပိုရှည်ပါတယ်။

♠ မျက်တောင်ရဲ့ သက်တမ်းက ၁၅၀ ရက်ကြာပါတယ်။

♠ မျက်ခုံးမှာ အမွေးပေါင်း ၅၀၀ ခန့်ရှိပါတယ်။

♠ မျက်စိဖွင့်လျက်နဲ့ နှာချေဖို့ မဖြစ်နိုင်ပါဘူး။

♠ လျှာအရသာခံအဖုရဲ့ ပျမ်းမျှသက်တမ်းက ၁၀ ရက်ပဲ ကြာပါတယ်။

♠ ကလေးတွေက ဆောင်းဦးရာသီမှာ ကြီးထွားနှုန်း ပိုမြန်ပါတယ်။

♠ မျက်စိက ဘ၀တစ်လျှောက်လုံးအရွယ်အစားတူပေမယ့် နှာခေါင်းနဲ့ နားရွက်က ဆက်လက်ကြီးထွားနေ ပါတယ်။

♠ လူ့ဦးခေါင်းခွံမှာ အရိုးပေါင်း ၂၆ ခုအထက်နဲ့ ဖွဲ့စည်းထားပါတယ်။

♠ ဆံပင်တွေကို လက်သည်း ခြေသည်းကို ဖွဲ့စည်းထားတဲ့ ဒြပ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

♠ လျှာက ခန္ဓာကိုယ်မှာ အသန်မာဆုံး ကြွက်သားပါ။

♠ ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ ခြောက်ကြိမ်ခန့် ဆီးသွားလေ့ရှိပါတယ်။

♠ အစာဟာ ပါးစပ်ကနေ အစာအိမ်ကို ရောက်ဖို့ အချိန် ခုနစ်စက္ကန့်ကြာပါတယ်။

♠ ကလေးတွေမှာ အရွယ်ရောက်သူတွေထက် လျှာအရသာခံအဖုပိုရှိပါတယ်။

♠ ခန္ဓာကိုယ်က အကြီးမားဆုံးကြွက်သားပေါ်ကို ကျွန်တော်တို့ထိုင်နေကြပါတယ်။

♠ ခန္ဓာကိုယ်က အသေးငယ်ဆုံး အရိုးကတော့ နားထဲမှာ ရှိပါတယ်။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...