15 May, 2013

သင့်ကလေး အိပ်ရာထဲ ဆီးသွားခြင်းဆိုင်ရာ အယူအဆများ


ကလေးတွေ ညဘက်အိမ်တဲ့အခါ အိပ်ရာထဲ မကြာခဏ ဆီးသွားနေတတ်ပါသလား။ ကလေးတွေ အိပ်ရာ ထဲ ဆီးသွားတာနဲ့ ပတ်သက်တဲ့ အယူအဆတွေ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

အယူအဆ (၁) ညစာနဲ့ ညဘက်မှာ သရေစာစားတာကြောင့် အိပ်ရာထဲဆီး သွားစေနိုင်ပါတယ်။

အမှန် - ညစာစားတာနဲ့ ညဘက်သရေစာစားတာကြောင့် ကလေးငယ်တွေအိပ်ရာထဲ ဆီးသွားတာ မဟုတ် ပါဘူး။ ဒါပေမယ့် သင့်ကလေး အိပ်ရာထဲ ဆီးမသွားဖို့ အောက်ပါအချက်တွေကို သတိပြုပါ။
  • ညနေ ၆ နာရီနောက်ပိုင်း အရည်တွေကို ထိန်းချုပ်ပြီးတိုက်ပါ။
  • ညမှာ လိမ္မော်ရည်ကို မတိုက်ပါနဲ့။
  • ဆားကဲပြီး ငန်တဲ့အစာတွေကို ရှောင်ပါ။
  • ညဘက် ဆီးသွားခိုင်းပြီးမှ အိပ်ရာဝင်ခိုင်းပါ။

အယူအဆ (၂) ဟင်းခတ်အမွှေးအကြိုင်ကဲတဲ့ အစာတွေကြောင့် အိပ်ရာထဲ ဆီးသွားစေနိုင်ပါ တယ်။


အမှန် - ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ အစာတွေကြောင့် ညဘက် အိပ်ရာထဲ ဆီးသွားစေတယ်ဆိုတဲ့ ဆက် စပ်ချက်ကို မတွေ့ရဘူးလို့ လေ့လာမှုတွေအရ သိရပါတယ်။

အယူအဆ (၃) ချဉ်တဲ့ အစားအသောက်တွေကြောင့် အိပ်ရာထဲဆီးသွားစေနိုင် ပါတယ်။


အမှန် - လိမ္မော်သီး၊ ရှောက်သီး၊ သံပရာသီးစတဲ့ ချဉ်တဲ့ သစ်သီးတွေက ဆီးအိတ်ကို လှုံ့ဆော်စေနိုင်တယ် ဆိုတာ မှန်ပါတယ်။ အက်စစ်ပါဝင်မှု ရှိလို့ပါ။ ဒါပေမယ့် သစ်သီးတွေကို စားတာကြောင့် ကလေးတွေ ည ဘက် အိပ်ရာထဲ ဆီးသွားတာမျိုးတော့ မဖြစ်စေဘူးလို့သိရပါတယ်။ ညဘက်မှာ သစ်သီးဖျော်ရည်တွေ များ များသောက်တာကို ရှောင်ပါ။

အယူအဆ (၄) ကဖင်းဓာတ်က ညဘက်အိပ်ရာထဲ ဆီးသွားစေပါတယ်။


အမှန် - မှန်ပါတယ်။ ကဖင်းဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ဆီးအိတ်ကနေ ဆီးများများ သွားအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် နေ့ခင်းနဲ့ ညနေခင်းအချိန်တွေမှာ ကလေးတွေကိုကဖင်းပါ တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနဲ့ စွမ်းအားဖြည့်အချိုရည်တွေ မတိုက်သင့်ပါဘူး။ ချောကလက်၊ ချောက လက်ရေခဲမုန့်စတဲ့ သရေစာတချို့မှာလည်း ကဖင်းဓာတ် ပါဝင်မှု ရှိပါတယ်။


အယူအဆ (၅) အိပ်ရာမ၀င်ခင် အရည်များများ သောက်တာကြောင့်ကလေးကို အိပ်ရာထဲ ဆီးသွားစေပါတယ်။


အမှန် - အိပ်ရာမ၀င်ခင် ကလေးကို အရည်များများ တိုက်တာကြောင့် အိပ်ရာထဲ ဆီးသွားစေနိုင်ပါတယ်။ ဒါပေမယ့် ရေဆာနေတဲ့ ကလေးကို ရေမသောက်ဘဲ အိပ်ခိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ စွပ်ပြုတ်၊ ဒိန်ချဉ်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စတဲ့ တချို့ အစားအသောက်တွေမှာလည်း အရည်ပါဝင်မှု ရှိတာကို သတိထားပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...