13 May, 2013

သင့်အ၀တ်ဗီရိုက ပြောပြနေသော သင့်အကြောင်း


သင့်အ၀တ်ဗီရိုထဲမှာ ဘာပစ္စည်းတွေရှိသလဲ။ မ၀တ်ရသေးတဲ့ အ၀တ်အစားတွေ၊ ကတ်ပြားပါတဲ့ ၀တ်စုံတွေ၊ အရင်ချစ်သူရဲ့ အင်္ကျီတွေ ဒါမှမဟုတ် ကျပ်လွန်းတဲ့ ဂျင်းဘောင်းဘီတွေ ရှိနေသလား။ အမျိုးသမီး တစ်
ယောက်ရဲ့ အ၀တ်ဗီရိုဟာ သူမရဲ့ ကိုယ်ရည်ကိုယ်သွေးကို အနီးစပ်ဆုံးဖော်ပြပေးနိုင်ပါတယ်။


သင့်အ၀တ်ဗီရိုထဲမှာ ပုံစံတူ အ၀တ်အစားတွေများရင်

သင်က အပြောင်းအလဲကို ကြောက်သူပါ
သင့်အ၀တ်ဗီရိုထဲမှာ ပုံစံတူ အ၀တ်အထည်တွေများရင်၊ ဆိုလိုတာက ဆွယ်တာပုံစံတူတစ်မျိုးတည်း အရောင် ၁၀ မျိုးလောက် ရှိနေရင် သင်ကအလုပ်၊ ပေါင်းသင်းဆက်ဆံရေး၊ အသိုင်းအ၀ိုင်း စတာတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲရမှာကို အင်မတန် ကြောက်ရွံ့သူပါ။ အပြောင်းအလဲ တစ်ခုခု လုပ်ရမယ်ဆိုရင် အလေးအနက် တွေးတောပူပင်ပြီး ပြောင်းလဲရမှာကို စိုးရွံ့လေ့ရှိတဲ့ ရှေးရိုးစွဲသမားပါ။

သင့်အ၀တ်ဗီရိုထဲမှာ ဂျင်းဘောင်းဘီတွေများရင်

သင်က လွပ်လပ်ပေါ့ပါးမှုကို သဘောကျသူပါ
ဂါဝန်၊ မိန်းမဆန်တဲ့ ၀တ်စုံတွေကို မ၀တ်ဘဲ ဂျင်းဘောင်းဘီကိုပဲ ၀တ်လေ့ရှိတဲ့ အမျိုးသမီးတွေက အလုပ် မှာပဲ အာရုံစူးစိုက်လေ့ရှိပြီး အပေါ်ယံပကာသနတွေနဲ့ ၀င်ဆံ့သွားလာရတဲ့ စိတ်ခံစားချက်ရှိပြီး စိတ်ခံစား ချက်အတိုင်း နေထိုင်တတ်သူပါ။

သင့်အ၀တ်ဗီရိုထဲမှာ(ကတ်ပြားပါ) မ၀တ်တော့တဲ့ အ၀တ်အစားတွေများရင်

သင်က စည်းစနစ်ကျနသူပါ
သင့်အ၀တ်ဗီရိုထဲမှာ မ၀တ်တော့တဲ့ အ၀တ်အစားတွေကို ၀ယ်ကတည်းက ပါတဲ့ ကတ်ပြားကိုယ်စီပြန်ချိတ် ပြီး သိမ်းထားတတ်သူဆိုရင် သင်ကစည်းစနစ်ကျနသူပါ။ ဒီအ၀တ်အစားတွေနဲ့ ပတ်သတ်ပြီး ဘယ်တုန်းက ၀ယ်ခဲ့တယ်၊ ဘယ်မှာ ၀ယ်ခဲ့တယ်၊ ဘယ်တုန်းက ၀တ်ခဲ့တယ် စသဖြင့် အမှတ်တရတစ်ခုချင်းစီ ထားရှိပြီး သတိရတတ်သူလည်းဖြစ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း သူ့ဖိုင်နဲ့သူ သီးသန့်စီ စနစ်တကျဆောင် ရွက်တတ်ပါတယ်။

သင့်အ၀တ်ဗီရိုထဲမှာ နာမည်ကြီး တံဆိပ်ပါတဲ့ အ၀တ်အစားတွေများရင်

သင်က ကိုယ့်ခံစားချက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေသူပါ
နာမည်ကြီးအမှတ် တံဆိပ်ပါတဲ့ အ၀တ်အစားတွေကိုပဲ ၀ယ်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ကမ္ဘာလောကကြီး ကို လွတ်လွတ်လပ်လပ် ကြည့်လိုစိတ်ပေမယ့် တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံနေရသလို မလွတ်လပ်၊ မပေါ့ပါးနိုင်ပါဘူး။ ဆယ်ကျော်သက် အရွယ်ကနေ လူငယ်ဘ၀ကို အကူးအပြောင်းကာလမှာ လျှိုဝှက်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားလိုမျိုးရှိနေတတ်ပါတယ်။

သင့်အ၀တ်ဗီရိုထဲမှာ အရောင်မပါတဲ့ အ၀တ်အစားတွေ များရင်

သင်က တသီးတသန့်နိုင်သူပါ
သင့်အ၀တ်ဗီရိုထဲမှာ အဖြူရောင်အင်္ကျီတွေချည်းများတာက လူတွေရဲ့ အာရုံစိုက်ခံရမှုကို မလိုလားသူပါ။ ဒီအရောင်ကို ၀တ်ထားမှ ကိုယ့်ကိုကိုယ် လေးစားစိတ်ရှိပြီး နေရထိုင်ရတာ သက်သောင့်သက်သာရှိနေ တတ်ပါတယ်။ လူမှုအသိုင်းအ၀ိုင်းထဲမှာမိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပေါင်းဖော်ဖို့ တွန့်ဆုတ်တတ်သူလည်း
 ဖြစ်ပါတယ်။

ကြယ်စင်

1 comment:

LinkWithIn

Related Posts Plugin for WordPress, Blogger...