20 May, 2013

သင့်ကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေရုံသာမက သင့်ကိုယ်ခံစွမ်းအားစနစ်ကိုပါ မြင့်တက်စေမည့် သဘာဝအစာများ


နာကျင်ကိုက်ခံမှု၊ အရေပြားနီမြန်းမှုနဲ့ ဖောင်းတင်းမှု အားလုံး က ရောင်ရမ်းမှုလက္ခဏာတွေပဲ ဖြစ်ပါတယ်။ရောင်ရမ်းမှုဟာ ခန္ဓာကိုယ်ကို ရောဂါဝေဒနာတွေ၊ အရွယ်မတိုင်ခင် အိုမင်းမှုနဲ့ နာမကျန်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်တွင်းရောင်ရမ်း မှု လျော့ကျစေဖို့ရာအတွက် စိတ်ဖိစီးမှုလျှော့ချတာ၊ သကြား နဲ့ ပြုပြင်ထား တဲ့အစာတွေ လျှော့စားတာ၊ နေခြည်နုနုခံယူ တာတွေကို လိုက်နာပေးရင် ကိုယ်ခံစွမ်းအားစနစ်ကိုပါမြင့် တက်စေပါတယ်။ ဒါကြောင့် ကိုယ်တွင်းရောင်ရမ်းမှုကိုလျော့ ကျစေပြီး ကိုယ်ခံစွမ်းအားစနစ်ကိုပါ မြင့်တက်စေတဲ့ အစာ
တွေကို ဖော်ပြလိုက်ရပါတယ်။



မျက်စိရောင်ရမ်းမှုကို လျော့ကျစေသော ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီအများအပြားနဲ့ ကယ်လ်စီယမ်ဓာတ် အမြောက်အများပါဝင်တာကြောင့် မျက်စိ
ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို ခဏတာပြုတ်ပြီးစားရင် အစာကြေလွယ်ပါတယ်။

ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျစေသော ဘန်လျှော်ဆီ (Hemp Oil)

ဘန်လျှော်ဆီမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တောကြောင့် ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေပါ တယ်။ ဒါ့အပြင် GLA(Gammalinolieic Acid)လည်း ပါဝင်တာကြောင့် ရောင်ရမ်းမှု မဖြစ်အောင်ကာကွယ်
ပေးပါတယ်။

အစာကြေညက်လွယ်စေသော သစ်ကြားသီး

သစ်ကြားသီးက အရသာရှိတဲ့ သရေစာဖြစ်သလို ကိုယ်တွင်းရောင်ရမ်းမှုကိုလည်း တွန်းလှန်ပေးနိုင်ပါတယ်။
နှလုံးကျန်းမာစေတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်အပြင် ဗီတာမင်အီးလည်း ပါဝင်တာကြောင့် အစာကြေလွယ်
စေပါတယ်။

နှလုံးရောင်ရမ်းမှုကို သက်သာစေသော ချယ်ရီသီး

ချက်ရီသီးဟာ အက်စ်ပရင်ထက် ၁၀ ဆခန့်ပိုပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ချယ်ရီသီး ကို စားတာက နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေတာပါ။

ရောဂါဝေဒနာ တွန်းလှန်ပေးသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

ကြက်သ်ွနနီက ဟင်းလျာတွေကို အရသာချိုမြိန်စေရုံသာမက ကွာစီတင်လို့ ခေါ်တဲ့ အစွမ်းထက် အင်တီ
အောက်ဆီးဒင့်ပါဝင်မှု များတာကြောင့် သင့်ခန္ဓာကိုယ်ကို ရောင်ရမ်းမှု တွန်းလှန်နိုင်စွမ်းမြင့်မားစေပါတယ်။ ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိစေပါတယ်။

နာကျင်ကိုက်ခံမှု သက်သာစေသော ချင်းနှင့် နနွင်း

နနွင်းမှာ ကာကူမင်လို့ခေါ်တဲ့ ဓာတ်ပါဝင်တာောကာင့် ကိုယ်တွင်းရောင်ရမ်းမှုကို သိသိသာသာ လျော့ကျ
စေတာပါ။ ချင်း(ဂျင်း)ကလည်း ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်ကိုက်ခံမှုကိုပါ လျော့နည်းစေတာ
ကြောင့် အဆစ်ရောင်နာကို သက်သာစေပါတယ်။

ကိုယ်ခံစွမ်းအား မြင့်တက်စေသော နာနတ်သီး

နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဟာ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး ကိုယ်ခံစွမ်းအားစနစ်ကို သဘာ ၀ကျကျ မြင့်တက်စေပါတယ်။


ကိုယ်တွင်း ရောင်ရမ်းမှု လျော့ကျစေသော ဟင်းနုနယ်ရွက်

ဟင်းနုနယ်ကွက်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ကာရိုတီးနွိုက် အများအပြားပါဝင်တဲ့အပြင် ဗီတာမင်အီးလည်း ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေ တာပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...