23 May, 2013

နေ့သစ်တစ်နေ့ စတာရာတွင် စွမ်းအားရှိစေမည့် နည်း ၇ သွယ်


နေ့သစ်တစ်နေ့ကို စတင်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တချို့က နံနက်ခင်းလမ်းလျှောက်ပြီး စတင် ကြသလို တချို့က တရားထိုင်ပြီး စတင်ကြပါတယ်။ တစ်နေ့လုံး စွမ်းအားအပြည့် ရှိနေစေမယ့် နေ့သစ်တစ်
နေ့ စတင်နည်းကို အကြံပေးပါရစေ။


(၁) နံနက်တိုင်း တူညီသော အချိန်တွင် အိပ်ရာထပါ


နံနက်တိုင်း တူညီတဲ့အချိန်မှာ အိမပ်ရာထတာကြောင့် သင့်ကိုယ်တွင်းဇီဝနရီ ဟန်ချက်ညီပြီး သင့်မျက်နှာ က ကြည်လင်နေပါလိမ့်မယ်။ နေ့စဉ် တူညီတဲ့အချိန်မှာ အိပ်ရာဝင်၊ အိပ်ရာထလုပ်တာကြောင့် ကိုယ်ရော စိတ်ပါ လန်းဆန်းနေပါလိမ့်မယ်။

(၂) ရေချိုးရင်း အကြောဖြေလျှော့ပါ


ကြက်သီးနွေးရေနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို ပြေလျော့စေပြီး အကြောပြေစေပါတယ်။ အဲဒီအခါ သင့်ခန္ဓာကိုယ်က တင်းအားတွေ ပြေလျော့ကာ နေ့သစ်တစ်ရက် စတင်ဖို့ လန်းဆန်းနေပါလိမ့်မယ်။

(၃) အဆီနည်းပြီး အမျှင်ဓာတ်များသော နံနက်စာစားပါ


နံနက်စာ ကောင်းကောင်းစားပြီး နေ့သစ်ကို စတင်ပါ။ နံနက်စာမှာ ပရိုတင်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်း ရွက်နဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာတွေကို စားပြီး စိတ်ရောကိုယ်ပါ အားအင်ပြည့်ဝနေအောင် ကြိုးစားပါ။ နံနက်စာစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီမျှစေကာ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပါ တယ်။

(၄) လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ


နံနက်ခင်းမှာ လက်ဖက်စိမ်းလက်ဖက်ရည် ပူပူတစ်ခွက်သောက်တာကြောင့် အင်တီအောက်ဆီးဒင့် အပြည့် အ၀ ရရှိပြီး ကျန်းမာစေပါတယ်။

(၅) ကိုယ်လက်လှုပ်းရှားမှုကို အနည်းဆုံး ငါးမိနစ်ကြာလုပ်ဆောင်ပါ


ကြိုးခုန်တာ၊ ပြေးတာစတဲ့ လေ့ကျင့်နည်းတွေက ငါးမိနစ်ကြာ ပြုလုပ်ပေးရုံနဲ့ သွေးလှည့်ပတ်မှုကောင်းစေပြီး ဇီဝရုပ်ဖြစ်ပျကမှုကို ကောင်းမွန်စေပါတယ်။

(၆) အရေးကြီးသော ကိစ္စများကို အားရုံစိုက်ပါ


တစ်နေ့တာလုပ်ရမယ့် ကိစ္စတွေကို နံနက်ကစပြီး အစီအစဉ်အလိုက်ရေးချထားပါ။ ဦးစားပေးလုပ်ရမယ့် အလုပ်တွေကို ချရေးထားပါက ပိုပြီး အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပါလိမ့်မယ်။

(၇) တစ်နေ့တာကို သုံးသပ်ပါ

ညနေခင်းမှာ တစ်နေ့လုံး ဘာတွေ လုပ်ခဲ့သလဲ။ ဘာအမှားအယွင်း ဖြစ်ခဲ့သလဲ၊ ဘာတွေတိုးတက်ခဲ့ပြီလဲ၊ အရင်နေ့နဲ့ ဘာကွာခြားမှုရှိသလဲဆိုတာကို ပြန်လည်သုံသပ်ပါ။ အမှားကနေ သင်ခန်းစာယူပြီး အောင်မြင် မှုအတွက် အားတက်ပါ။ ဒါဆိုရင် တစ်နေ့ထက်တစ်နေ့ ပိုအဆင်ပြေတိုးတက်မှု ရှိလာပါလိမ့်မယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...