20 May, 2013

ဘွဲ့ရပညာတတ်ဖြစ်လျှင် ရရှိနိုင်သည့် ကျန်းမာရေးကောင်းကျိုး ခုနစ်မျိုး


အဆင့်မြင့် ပညာသင်ကြားပြီး ဘွဲ့ရပညာတတ်ဖြစ်တဲ့အတွက် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။



အကျိုးကျေးဇူး (၁) ၀င်ငွေ ကောင်းကောင်းရရှိခြင်း

ကောလိပ်ကနေ ဘွဲ့တစ်ဘွဲ့ရတာဟာ ၀င်ငွေကောင်းကောင်း ရရှိမှုနဲ့ ဆက်စပ်နေကြောင့် ၂၀၁၀ ပညာရေး ဆိုင်ရာမှတ်တမ်းတစ်ခုအရ သိရပါတယ်။ ၀င်ငွေကောင်းကောင်း ရရှိတဲ့အတွက် ကျန်းမာရေးစစ်ဆေးမှုနဲ့
ဆေးကုသမှုတွေကို ကောင်းမွန်စွာ ခံယူနိုင်ပါတယ်။

အကျိုးကျေးဇူး (၂) သွေးတိုးကျပြီး စိတ်ဖိစီးမှု လျော့နည်းခြင်း

အဆင့်မြင့် ပညာတတ်သူတွေက သွေးတိုးကို လျော့ကျစေကြောင်း BMC ကျန်းမာရေးလေ့လာမှုအရ သိရ ပါတယ်။ ကော်နီမဲလွန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ကောလိပ်ဒီဂရီပိုင်တဲ့သူတွေဟာ ပညာမတတ် သူတွေနဲ့ စာရင် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်လျော့ကျမှုရှိကြောင်း သိရပါတယ်။ ဘွဲ့ရတဲ့ အမျိုး သား၊ အမျိုးသမီးတွေဟာ အူမကြီး၊ အစာဟောင်းအိမ်၊ ဆီးကျိတ်၊ အဆုတ်နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ
လျော့ကျစေကြောင်း အမျိုးသားကင်ဆာတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

အကျိုးကျေးဇူး (၃) ကျန်းမာရေးနှင့် ညီညွတ်သော ဘ၀နေထိုင်စားသောက်မှုပုံစံ မရှိခြင်း

ဘွဲ့ရပညာတတ်သူအများစုက အတန်းပညာနိမ့်သူတွေနဲ့ ယှဉ်ရင် ဆေးလိပ်သောက်နှုန်း လျော့နည်းပြီး
လေ့ကျင့်ခန်းကို ပိုမိုပြုလုပ်ကြကြောင်း သိရပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ၊ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့
ရောဂါဝေဒနာ ဖြစ်နှုန်းလျော့ကျမှု ရှိတာပါ။

အကျိုးကျေးဇူး (၄) လုပ်ငန်းခွင်က ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

လေ့လာမှုအရ ဘွဲ့ရပညာတတ်ပြီး လုပ်ငန်းခွင်မှာ နေရာအဆင့်အတန်းမြင့်တဲ့ သူတွေက အလုပ်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိလေ့ရှိကြောင်း သိရပါတယ်။ ၂၀၀၈ ခုနှဏ်ကောလိပ်ဘုတ်အရ ဘွဲ့ရပညာ တတ် ၇၀ ရာခိုင်နှုန်း နီးပါးဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြောင်း သိရပါတယ်။

အကျိုးကျေးဇူး (၅) အလုပ်ကို စိတ်ကျေနပ်မှုရှိခြင်း

လူအများစုဟာ လုပ်ငန်းခွင်မှာ အချိန်အများကြီးပေးပြီး လုပ်ကိုင်ရတာကြောင့် လုပ်ငန်းခွင်အခြေအနေက လူတွေရဲ့ စိတ်ခံစားမှုအပေါ်အကြီးအကျယ် သက်ရောက်မှု ရှိစေပါတယ်။ ဘွဲ့ရပညာတတ်တဲ့ လူတွေဟာ တခြားသူတွေထက် စိတ်ကကျေနပ်ဖွယ်ရာ ကောင်းတဲ့ အလုပ်အကိုင်ကို ရွေးချယ်ခွင့် ပိုမိုရှိကြပါတယ်။ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုအရ ဘွဲ့ရပညာတတ်သူတွေ စိတ်ကျေနပ်မှု အရှိဆုံး အလုပ်အကိုင်တွေက ဆရာ၊ စိတ်ပညာရှင်၊ အင်ဂျင်နီယာ၊ ရုံးအကြီးအကဲတွေနဲ့ ပညာရပ်ဆိုင်ရာ အုပ်ချုပ်သူတွေ ဖြစ်ကြကြောင်း သိရပါတယ်။

အကျိုးကျေးဇူး (၆) လုပ်ငန်းခွင်တွင် တည်ငြိမ်မှု ရှိခြင်း

ဘွဲ့ရပညာတတ်သူတွေက အတန်းပညာနည်းသူတွေထက် ပိုပြီး တည်ငြိမ်တဲ့ အလုပ်အကိုင်တွေကို ရရှိတာ များပါတယ်။ ဥပမာ- ဆရာ၊ စာရင်းကိုင်၊ ကောလိပ်ပါမောက္ခ၊ ရှေ့နေ၊ တရားသူကြီး၊ ဆရာဝန်အလုပ်တွေ
ဖြစ်ပါတယ်။

အကျိုးကျေးဇူး (၇) အနာဂတ်တွင် ကလေးအတွက် ကောင်းကျိုးရှိခြင်း

လေ့လာမှုတွေအရ အမျိုးသမီးတစ်ဦး ပညာတတ်တာနဲ့ သူ့ကလေး ကျန်းမာရေးကောင်းမွန်မှုအကြား ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ဆေးပညာဂျာနယ်ရဲ့ လေ့လာမှုအရ ၁၉၇၀ ပြည့်ကနေ ၂၀၀၉ ခုနှစ် အထိ ကလေးသေဆုံးနှုန်းက သိသိသာသာ လျော့ကျခဲ့တာဟာ အမျိုးသမီးတွေ ပညာတတ်တဲ့နှုန်း များလာ လို့ ဖြစ်ကြောင်း သိရပါတယ်။ ပညာတတ်တဲ့ မိဘတွေက သားသမီးတွေ ပညာတတ်ဖြစ်ဖို့ ပိုအားထုတ် တတ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...