20 May, 2013

အူမကြီးကျန်းမာရေး ကောင်းမွန်စေရန်

အူမကြီးဆိုတာ ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေစွန့်ထုတ်ဖို့ ကူညီိတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီး ဟာ ရေနဲ့ ဆားတွေကို စုပ်ယူပြီး ဓာတ်ဆား ဟန်ချက်ညီမျှအောင် ထိန်းချုပ်ပါတယ်။ နေ့စဉ် အဆင်သင့် အစာ၊ ဆီကြော်စာ၊ ပြုပြင်ထားတဲ့အစာ စတာတွေကို အစားများရင် အူမကြီးထဲမှာ အဆိပ်တွေ ပြည့်နေနိုင် ပါတယ်။ အူမကြီးရဲ လုပ်ငန်းဆောင်တာ ပုံမမှန်တော့တဲ့အခါ အဆိပ်တွေကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။


အူမကြီး မကျန်းမာသော လက္ခဏာများ -
  • ဗိုက်အောင့်ခြင်း
  • ၀မ်းချုပ်ခြင်း
  • ခါးနာခြင်း
  • စိတ်ဖိစီးမှုများခြင်းနှင့် နုံးချည့်ညောင်းညာခြင်း
  • လေပွခြင်း
  • အရေပြား ပြဿနာများ ဖြစ်ခြင်း
  • အူမကြီးကျန်းမာတာကြောင့် တစ်ကိုယ်လုံးသန်စွမ်းကျန်းမာစေပါတယ်။ 
  • အူမကြီးကျန်းမာတဲ့သူတွေက ယေဘုယျအားဖြင့် အနည်းဆုံး တစ်ရက်တစ်ခါ ၀မ်းသွားလေ့ ရှိပါတယ်။ မစင်အညစ်အကြေးတွေက အူမကြီးထဲ စုံပုံမှု များလာလေလေ၊ နေထိုင်ရ မသက် မသာဖြစ်လာလေလေပါ။

အူမကြီး ကျန်းမာစေမည့်နည်း ခုနစ်သွယ်


♦ တစ်နေ့ တစ်ကြိမ်-နှစ်ကြိမ် ၀မ်းသွားတဲ့အလေ့အကျင့်ကို ထားရှိပါ။

♦ ၀မ်းသွားချင်စိတ်ဖြစ်ပေါ်လာရင် အောင့်မထားပါနဲ့။ ချက်ချင်းသွားပါ။

♦ ရေနဲ့ သစ်သီးဖျော်ရည် များများသောက်ပါ။ နေ့စဉ်နေ့တိုင်း ရေအလုံအလောက်သောက်တာကြောင့် အူမကြီးကို ကျန်းမာစေပါတယ်။

♦ စားတဲ့အစာမှာ အမျှင်ဓာတ် များများပါဝင်တာကြောင့် အူမကြီးကို သန့်ရှင်းစေကြယ်စေပါတယ်။

♦ လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူမကြီးကို ကျန်းမာစေပါတယ်။

♦ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပြီး အသားလျှော့စားတဲ့နည်းနဲ့ အူမကြီးကို သန့်စင်ပါစေ။

♦ အထက်ပါနည်းတွေသုံးပေမယ့် ၀မ်းချုပ်နေရင် ဆေးဖက်ဝင်အပင်(ဥပမာ- ရှားစောင်းလက်ပပ်) အသင့်အတင့်စားပြီး ၀မ်းသွားအောင် ကြိုးစားပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...