23 May, 2013

ရွက်စားမုန်လာ၏ ကျန်းမာရေးအကျိုးကျေးဇူးများ


ရွက်စားမုန်လာက မုန်လာဥဖြူနဲ့ ဆင်တူပေမယ့် အရောင်အားဖြင့် ပိုဖျော့ပြီး အရသာ ပိုပြင်းပါတယ်။ မုန်လာဥဖြူလိုပဲ ရွက်စားမုန်လာကို ရှေးခေတ်ကတည်းက စားခဲ့ကြပါတယ်။ မုန်လာဥဖြူမှာ အင်တီအောက် ဆီးဒင့်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တို့ အများအပြား ပါဝင်ပါတယ်။ ရွက်စားမုန်လာမှာလည်း ဗီတာမင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် ပိုတက်စီယမ်ပါဝင်မှုလည်း များပါတယ်။



♦ ယေဘုယျအားဖြင့် ရွက်စားမုန်လာမှာ တခြား မုန်လာဥဖြူ၊ တရုတ်မုန်လာ၊ မုန်လာဥတို့မှာထက် သကြား ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် အရသာချိုမြိန်တာပါ။ ဖိုင်တိုနျူးထရီးရန့်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် တို့ အများအပြား ပါဝင်ပါတယ်။

♦ ပျော်ဝင်တဲ့ အမျှင်ဓာတ်ကော မပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ အများအပြား ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ် မျိုးပါ။ ရွက်စားမုန်လား ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၄ ဒသမ ၉ မီလီဂရမ်ပါဝင်ပါတယ်။ အစာကနေ အမျှင် ဓာတ်အလုံအလောက်ရတာက သွေးတွင်း ကိုလက်စထရောကို ကျစေပြီး အ၀လွန်တာနဲ့ ၀မ်းချုပ်တဲ့အခြေ အနေကို သက်သာစေပါတယ်။

♦ ရွက်စားမုန်လာမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များပါတယ်။

♦ ရွက်စားမုန်လာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ရောင်ရမ်းမှုကို လျော့ကျစေတာ၊ ဖန်းဂတ်စ်မှိုပိုးကင်းစင်စေ တာ၊ ကင်ဆာကို ဟန့်တားပေးတာနဲ့ အူမကြီးကင်ဆာဖြစ်နှုန်းကို ကာကွယ်ပေးတာ စတဲ့ အကျိုးကျေးဇူး
တွေ ရှိစေကြောင်း လေ့လာမှုအမျိုးမျိုးအရ သိရပါတယ်။

♦ ရွက်စားမုန်လာမှာ ဗီတာမင်စီ ပါဝင်မှု မြင့်မားပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ အင်တီအောက် ဆီးဒင့်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို တွယ်ဆက်တစ်သျှူးတွေ၊ သွားနဲ့ သွားဖုံးတွေ ကျန်းမာစေဖို့ ကူညီပါ တယ်။ ခန္ဓာကိုယ်ရှိ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပြီး ကင်ဆာနဲ့ တခြားရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

♦ ရွက်စားမုန်လာမှာ ဖောလစ်အက်စစ်၊ ဗီတာမင် B6၊ သိုင်ယာမင်နဲ့ ပန်တိုသီးနစ်အက်စစ်တို့လို ဗီတာမင် ဘီအုပ်စုနဲ့ ဗီတာမင်ကေ၊ ဗီတာမင် အီး တို့ ပါဝင်မှု များပါတယ်။

♦ ရွက်စားမုန်လာမှာ သံဓာတ်၊ ကယ်လ်စီယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ မဂ္ဂနီစ်နဲ့ ဖော့စ်ဖိရပ်သ်တို့လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆင့်အထိ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ဆဲလ်နဲ့ ကိုယ်တွင်းအရည်မှာ ပါဝင်
နေပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းညှိပေးပါတယ်။

♦ ရွက်စားမုန်လာဟာ လေပြွန်ရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်ကောင်းမွန်စေတာကြောင့် ပန်းနာရင် ကျပ်ရောဂါသည်တွေကို သက်သာစေပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...