21 May, 2013

အိပ်ပျော်နေစဉ် အသက်ရှူ ခေတ္တရပ်ခြင်း မဖြစ်စေရန်


အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်သွားတဲ့အခါ အတွေ့ရများတဲ့ လက္ခဏာက ဟောက်တာပဲ ဖြစ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြုံပြုထားပါတယ်။



ကိုယ်အလေးချိန်များနေလျှင် ထိန်းပါ

BMI ၃၀ ထက်မြင့်သူတွေဟာ ကိုယ်အလေးချိန်များတာကြောင့် အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်တဲ့ Sleep Apnea အဖြစ်များပါတယ်။ အ၀လွန်တာဟာ အသက်ရှူတဲ့ ဖြစ်စဉ်ကို ပိုမိုဆိုးရွားစေပါတယ်။ ကိုယ် အလေးချိန် ၅-၁၀ ပေါင်များတဲ့သူတွေဟာ ကိုယ်အလေးချိန်လျှော့ချပြီးချိန်မှာ အိပ်စက်မှု အလေ့အထ ပိုမို
ကောင်းမွန်လာတာကို တွေ့ရပါတယ်။

ဆေးလိပ်မသောက်ပါနှင့်

ဆေးလိပ်သောက်တာကြောင့် အသက်ရှူတဲ့ဖြစ်စဉ်ကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တာကြောင့် ညဘက်မှာ အသက်ရှူကျပ်စေပြီး အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာကို မကြာခဏဖြစ်စေပါတယ်။
ဆေးလိပ်ဖြတ်လိုက်ရင် အသက်ရှူလမ်းကြော်ငး ပွင့်စေရုံသာမက အထွေထွေကျန်းမာရေးကိုလည်း
ကောင်းမွန်စေပါတယ်။

အသက်ရှူလမ်းကြောင်းပွင့်နေပါစေ

အိပ်ချိန်မတိုင်ခင် နှာခေါင်းတွင်းဖျန်းဆေး (Nasal Spray) ထည့်ပေးပါ။ ဒါမှ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုလျော့ကျစေမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို ဘေးဘက်စောင်းအိပ်ပါ

ပက်လက်လှန်အိပ်တာနဲ့ မှောက်အိပ်တာတို့ကို ရှောင်ပြီး ခန္ဓာကိုယ်ကိုဘေးဘက်ကို စောင်းအိပ်ပေးပါ။

ခေါင်းကို မြှင့်ထားပါ

ဦးခေါင်းကို မြင့်နေစေဖို့ ခေါင်းအုံးအပို ဒါမှမဟုတ် ခေါင်းအုံးပါး နှစ်လုံးဆင့်ပြီး အိပ်ပါ။ ဒါဆိုရင် အိပ်ရင်း အသက်ရှူခေတ္တရပ်တဲ့ ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။


ညနေဘက်တွင် ကဖင်းပါတဲ့အစားအသောက်တွေကို ရှောင်ပါ

ညနခင်းအချိန်ကစပြီး ကဖင်းပါတဲ့အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။

အယ်လ်ကိုဟောကို ရှောင်ပါ

အရက်သောက်တာကြောင့် အိပ်ရင်းအသက်ရှူခေတ္တရပ်ပြီး ဟောက်စေနိုင်ပါတယ်။

ပုံမှန်အိပ်စက်မှုအလေ့အထရှိပါစေ

ညတိုင်း အိပ်ချိန်တစ်ချိန် သတ်မှတ်ထားပြီး အိပ်ရာဝင်ပါ။ ညတိုင်းအနည်းဆုံး အိပ်ချိန် ခြောက်နာရီ ရှိရပါ မယ်။

အထက်ပါနည်းလမ်းတွေဟာ အိပ်ရင်း အသက်ရှူခေတ္တရပ်တဲ့ Sleep Apnea ဖြစ်စဉ်ကို သက်သာစေတဲ့ နည်းတွေဖြစ်ပါတယ်။ ဒီနည်းတွေကြောင့် အိပ်စက်မှုအရည်အသွေးကောင်းမွန်စေပြီး စွမ်းအင်ပိုရှိလာပါလိမ့် မယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...