22 May, 2013

ထင်မှတ်မထားသော ၀က်ခြံဖြစ်စေသည့် အကြောင်းရင်းများ


တစ်ခါမှ ၀က်ခြံမပေါက်ဖူးတဲ့သူ ၀က်ခြံအများအပြား ပေါက်လာတဲ့အခါ ဘာကြောင့် ဖြစ်ရတာလဲဆိုပြီး အဖြေရှာမရ ဖြစ်နေပါသလား။ သင်ထင်မှတ်မထားတဲ့ ၀က်ခြံဖြစ်စေတဲ့ အကြောင်းတွေကို သတိပြုဆင်ခြင်
နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။




• လက်ကိုင်ဖုန်း •


သင့် iPhone ဒါမှမဟုတ် တခြားဖုန်းတွေက ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေ စုပုံရာနေရာကြီးဖြစ်တာကြောင့် ပါးပြင်နဲ့
နှုတ်ခမ်းတစ်ဝိုက်မှာ ၀က်ခြံအဖုအပိမ့်တွေ ပေါက်တတ်ပါတယ်။ ဖုန်းကို အယ်လ်ကိုဟော ဆွတ်ထားတဲ့ ပိတ်စနဲ့ နေ့စဉ် သန့်စင်ပေးပါ။




• ယောဂဖျာ •


တခြားသူတွေ သုံးထားတဲ့ ယောဂဖျာကို သုံးပြီး မျက်နှာနဲ့ ဖျာ ထိတွေ့ရတဲ့ယောဂကျင့်စဉ်တွေကို ကျင့်တာကြောင့် မျက်နှာ မှာ ဘက်တီးရီးယားပိုးတွေ၊ ချွေးနဲ့ အဆီတွေ ကပ်ငြိနေနိုင်ပါ တယ်။ ဒါကြောင့် ၀က်ခြံပေါက်တတ်ပါတယ်။ ဒီလိုမဖြစ်ချင်ရင် ကိုယ်ပိုင်ယောဂဖျာကိုသုံးပါ။




• မိတ်ကပ် •


သတ္တုဆီပါတဲ့ မိတ်ကပ်တွေက ချွေးပေါက်ပိတ်စေနိုင်ပြီး ၀က်ခြံဖြစ်လွယ်စေတာကြောင့် အဆီမပါတဲ့ မိတ်ကပ်အမျိုး အစားကို ရွေးချယ်အသုံးပြုပါ။ မိတ်ကပ်ဘရပ်ရှ်တွေမှာလည်း ဘက်တီးရီးယားနဲ့မှိုပိုးတွေ ကပ်ငြိနေနိုင်တာကြောင့် တစ်ပတ် တခါ ဆပ်ပြာနဲ့ ရေသုံးပြီးဆေးကြောသန့်စင်ပါ။



• အိုမင်းမှုတား ခရင်မ် •


ရက်တီနောလ်ပါဝင်တဲ့ အိုမင်းမှုတားခရင်မ်အများစုဟာ ဆဲလ်
တွေပျက်စီးမှုကို လှုံ့ဆော်ပေးပြီး ၀က်ြခံဖုဖြစ်စေနိုင်ပါတယ်။ ရက်တီနောလ်ပါဝင်တဲ့ ရက်တင်အေကတော့ ၀က်ခြံကုသဖို့ အတွက် ဆရာဝန်တွေက ညွှန်ကြားတာကြောင့် ရက်တီနော ပါတဲ့ အိုမင်းမှုတားဆေးက အဆီပြန်တာကြောင့် ဖြစ်မယ်လို့ ဆိုကြပါတယ်။



• ဆေးဝါးများ •


စတီးရွိုက်ပါတဲ့ ဆေးတွေဟာ ၀က်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လက်သီယမ်နဲ့ အိုင်အိုဒင်း တချို့ပုံစံတွေကိုလည်း သတိထားပါ။




• ဗောက်ထခြင်း •


ဦးခေါင်းမှာ ဗောက်ထာတာကြောင့် ၀က်ခြံဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဦးရေပြားအစပ်မှာ ၀က်ခြံဖုငယ်တွေဖြစ်တတ်ပါ တယ်။ ဗောက်ပျောက်စေတဲ့ ရှမ်ပူကို သုံးပြီးဗောက်ပျောက်
အောင် ထိန်းသင့်ပါတယ်။



• နေကာခရင်မ် •


အဆီမပါ၊ ၀က်ခြံပေါက်နိုင်ခြေနည်းတဲ့ နေကာခရင်မ်မျိုးကို
ရွေးချယ်ပါ။ မွှေးရနံ့နဲ့ ဆိုးဆေးပါတဲ့ နေကာခရင်မ်ကို သုံးရင် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ ဇင့်အောက် ဆိုက်ပါတဲ့ နေကာခရင်မ်က တိုက်တေနီယမ်ဒိုင်အောက် ဆိုက်ပါတဲ့ နေကာခရင်မ်ထက် ပိုသင့်တော်ပါတယ်။


• ဆံပင်ပုံသွင်းဆေးများ •


ဆံပင်ပုံသွင်းဂျဲလ်တွေ သုံးတာကြောင့် နဖူးမှာ အဆီတွေကပ်ငြိပြီး ၀က်ခြံဖြစ်စေနိုင်ပါတယ်။ ဆံပင်ပုံသွင်းဆေးတွေလိမ်းရင် နဖူးအစပ် ဆံပင်လိုင်းတစ်လျှောက်ကိုပါ မျက်နှာသန့်စင်ဆေးနဲ့ သန့်စင်ပေး သင့်ပါတယ်။





• စိတ်ဖိစီးမှု •


စိတ်ဖိစီးမှုကြောင့် အန်ဒရိုဂျင်ဟော်မုန်းများကာ ၀က်ခြံဖြစ်စေ
နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာဟာ ကော်တီစောဟော်မုန်း ကို အထွက်များစေပြီး အဆီထွက်စေတဲ့ ဂလင်းကို လှုံ့ဆော်ကာ ၀က်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများရင် ၁၅ မိနစ်ခန့် အပန်းဖြေပါ။





• ခရီးသွားခြင်း •


စိုထိုင်းဆ၊ ရာသီဥတု စတဲ့ပတ်ဝန်းကျင်အပြောင်းအလဲတွေ
ကြောင့် ခရီးသွားတဲ့အခါ ဟိုတက်က ပေးတဲ့ ဆပ်ပြာကို
ရှောင်ပါ။ ရေသန့်ဘူးနဲ့မျက်နှာသစ်ပါ။



• သင်ကိုယ်တိုင် •


သင့်လက်နဲ့ ၀က်ခြံထိတွေ့မှုကို သတိထားပါ။ သင့်အရေပြားကို ကိုယ့် ဘာသာ မကြာခဏထိတွေ့တာကြောင့် လက်ကပိုးတွေဝင်ပြီး ၀က်ခြံဖြစ် လွယ်စေပါတယ်။








ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...