23 May, 2013

အသက် ၄၀ ကျော် အမျိုးသမီးများ မဖြစ်မနေ ပြောင်းလဲသင့်သည့် စားသောက်မှုပုံစံ


သတင်းကောင်းတစ်ခုကတော့ အသက်ကြီးလာရင် ကိုယ်အလေးချိန် မြင့်တက်လာမယ်ဆိုတာ မဟုတ်ပါ ဘူး။ အသက်ကြီးလာတဲ့ အမျိုးသမီးတွေ ၀လာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲထက် လှုပ်ရှားမှု
လျော့နည်းလာလို့ ဖြစ်ပါတယ်။ သွေးဆုံးပြီးချိန်မှာ သွယ်လျလှပပြီး ဗိုက်ချပ်နေဖို့နဲ့ ကျန်းမာရေးကောင်း မွန်နေဖို့ရာအတွက် အသက် ၄၀ ကျော်လာချိန်မှာ အမျိုးသမီးတိုင်း ပြုပြင်ပြောင်းလဲသင့်တဲ့ ဘ၀နေထိုင်စား
သောက်မှုပုံစံကို ဖော်ပြပေးလိုက်ပါတယ်။



ငါးစားပါ


သွေးဆုံးပြီးနောက်ပိုင်းမှာ နှလုံးရောဂါဖြစ်နှုန်းက မြင့်တက်လာဖွယ်ရှိပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ငါး အနည်းဆုံးနှစ်ကြိမ်စားသင့်ပါတယ်။ အထူးသဖြင့် အဆီများတဲ့ ဆယ်လ်မွန်ငါးနဲ့ ထရောက်ငါးတွေကို စား သင့်တာပါ။ တကယ်လို့ငါးကို တစ်ပတ်နှစ်ကြိမ် မစားဖြစ်ရင် အိုမီဂါ ၃ ဖက်တီးအက်စစ်အားဖြည့်ဆေးကို မှန်မှန်မှီဝဲသင့်ပါတယ်။ ဒါဆိုရင် ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်လို့ လေ့လာမှုတွေက ဆို ပါတယ်။

သွယ်လျစေရန် နေထိုင်ပါ


ကိုယ်အလေးချိန်များနေရင် ကိုယ်ခန္ဓာကို သွယ်လျအောင် နေထိုင်ပါ။ ဒါမှသာ သွေးဆုံးတဲ့ လက္ခဏာတွေ ကို လျှော့ချနိုင်မှာ ဖြစ်သလို ဟော်မုန်းကျဆင်းမှုကြောင့် ရေရှည်အန္တရာယ်တွေကိုလည်း လျော့ကျစေပါ တယ်။ သွယ်လျအောင် နေထိုင်တာကြောင့် သွေးဆုံးပြီးချိန်မှာ ဖြစ်နိုင်ခြေများတဲ့ နှလုံးရောဂါနဲ့ ရင်သား ကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်တဲ့အပြင် သွေးဆုံးဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

ကယ်စီယမ်သောက်ပြီး အရိုးတည်ဆောက်ပါ


အသက် ၅၀ ကျော်ချိန်မှာ ကယ်လ်စီယမ်လိုအပ်ချက်က မြင့်တက်လာပါတယ်။ တစ်နေ့ အဆီနည်းနို့တစ် ခွက်၊ ဒိန်ချဉ်တစ်ခွက် သောက်ရင် ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်နီးပါး ရရှိနေပါတယ်။ ဒါဆိုရင် တစ်နေ့ ကယ်လ်စီယမ်ဖြည့်စွက်ဆေး ၁၀၀ မီလီဂရမ်လောက်ပဲ သောက်သင့်ပါတယ်။

လေပွခြင်း သက်သာစေရန် ကြိုးစားပါ


လူနာ ၁၀၀ ရာခိုင်နှုန်းဟာ သွေးဆုံးချိန်အတွင်း လေပွတယ်လို့ ဆိုကြကြောင်း ဒေါက်တာမင်ကင်က ရှင်းပြ ပါတယ်။ အကြောင်းကတော့ အကြိုသွေးဆုံးကာလအတွင်း ဟော်မုန်းအတက်အကျဖြစ်လို့ပဲဖြစ်ပါတယ်။ ဆားကို လျှော့စားတာနဲ့ ပြုပြင်ထားတဲ့ အစာတွေကို တတ်နိုင်သမျှ ရှောင်တာကြောင့် ရေစုဆောင်းမှုကို နည်းစေပြီး လေပွတာကို သက်သာစေပါတယ်။ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်းတို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို အများအပြား စားရင်တောင် လေပွစေနိုင်ပါတယ်။ ဒါကြောင့် အစာတွေကို အသင့်အတင့်ပဲ စားသင့်ပါတယ်။


ဝိုင်နီမသောက်မီ စဉ်းစားပါ


ဝိုင်နီဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုပေမယ့် သွေးဆုံးနေတဲ့ အမျိုးသမီးတွေမှာ ၀ိုင်နီ
သောက်တာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ ၀ိုင်နီနဲ့ တခြားအရက်တွေမှာ ပါတဲ့ အယ်လ်ကိုဟော ဟာသွေးကြောကျယ်စေတယ်ဆိုပေမယ့် သွေးဆုံးချိန်မှာ ညဘက်ပူနွေးတာနဲ့ ချွေး ထွက်များတာကို ဖြစ်စေနိုင်ပါတယ်။

ပဲပိစပ်ထုတ်ကုန်များ စားသောက်ပါ


ပဲပိစပ်မှာ အပင်ထွက် အီစထရိုဂျင်ပါဝင်တာကြောင့် သွေးဆုံးအကြိုဝေဒနာကို သက်သာစေပါတယ်။ ပဲပိစပ်ထုတ်ကုန်တွေဖြစ်တဲ့ တိုဟူး၊ ပဲပုပ်စေ့နံ့ ပဲနို့တို့ကို အများအပြား စားသောက်တဲ့ ဂျပန်လှပျိုဖြူတွေ ဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ အနည်းဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။

ဆေးဖက်ဝင် လက်ဖက်ရည်အေးကိုသောက်ပါ


ဆေးဖက်ဝင် လက်ဖက်ရည်အေးကို နံနက်ခင်းအချိန်မှာ သောက်တာကြောင့် သွေးဆုံးချိန်ဝေဒနာကို သက်သာစေပါတယ်။

ကိုယ်အလေးချိန် မတက်စေမည့် အစာစားပါ


သင်က ကိုယ်အလေးချိန် လျော့ကျဖို့ လိုနေရင် အဆီပါဝင်မှုနည်းတဲ့ အစာ၊ ဟင်းသီးဟင်းရွက်၊ သစ်သီး ၀လံ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတို့ကိုများများ စားပေးပါ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...