22 May, 2013

သင့်ပွဲတက်ဝတ်စုံ အရောင်က ပြောပြနေသော သင့်အကြောင်း


ပွဲလမ်းသဘင် အခမ်းအနားအတွက် လူတစ်ယောက် ရွေးချယ်တဲ့ ၀တ်စုံအရောင်ဟာ သူ့အကြောင်းကို အများကြီးပြောပြနေပါတယ်။ လူတစ်ယောက်ဝတ်တဲ့ ပွဲတက်ဝတ်စုံအရောင်ကို ကြည့်ပြီး အဲဒီနေ့မှာ သူ့ ခံစားမှုနဲ့ စိတ်နေစိတ်ထားက ဘယ်လိုရှိတယ်ဆိုတာ သိနိုင်ပါတယ်။


အနီရောင် ပွဲတက်ဝတ်စုံ ၀တ်ထားလျှင်

အနီရောင်ဝတ်စုံဝတ်ထားတဲ့ သူဟာလွှမ်းမိုးလိုစိတ်ရှိသူ၊ ချစ်ခင်နှစ်သက်စရာကောင်းသူ၊ စွဲမက်ဖွယ်
ကောင်းသူဆိုတဲ့ သင်္ကေတကို ဖော်ပြချင်ရင် အနီရောင်ကို သုံးလေ့ရှိပါတယ်။ အနီရောင်ကို ပွဲတက်ဝတ်စုံ အဖြစ် မကြာခဏ ရွေးချယ်ဝတ်ဆင်လေ့ရှိသူဟာ သူ့ဘ၀မှာ အတွေ့အကြုံကောင်းတွေကို ရှာဖွေဖို့ စိတ် အားထက်သန်ပြီး ဘ၀ရပ်တည်ရာမှာ ယုံကြည်မှုအပြည့်ရှိသူပါ။

အပြာရောင်ပွဲတက်ဝတ်စုံ ၀တ်ထားလျှင်

အပြာရောင်က ယုံကြည်ထိုက်တယ်၊ မှီခိုအားကိုးနိုင်တယ်၊ ကတိသစ္စာခိင်မြဲတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အမျိုးသားတိုင်းရဲ့ အ၀တ်ဗီရိုထဲမှာ အပြာရောင်ပွဲတက်ဝတ်စုံတော့ ရှိသင့်ပါတယ်။ အပြာရောင်က အမျိုး သား၊ အမျိုးသမီးမရွေးဝတ်ဆင်နိုင်ပြီး အပြာရောင်ကြိုက်သူတွေက တည်ကြည်လေးနက်မှု ရှိပါတယ်။

အ၀ါရောင် ပဲတက်ဝတ်စုံ ၀တ်ထားလျှင်

အ၀ါရောင်က လှပတဲ့ ကြောပန်းအရောင်ပါ။ စိတ်ပူပင်သောကနဲ့ စိတ်လှုပ်ရှားတက်ကြွမှုတို့ကို ဖော်ညွန်း
နေတဲ့အရောင်လည်း ဖြစ်ပါတယ်။


အနက်ရောင် ပွဲတက်ဝတ်စုံဝတ်ထားလျှင်

အနက်ရောင်ဟာ ဖက်ရှင်ကျတဲ့နေရာမှာ ရေပန်းအစားဆုံးဝတ်စုံဖြစ်ပါတယ်။ အနက်ရောင်ဝတ်ထားတဲ့ အမျိုးသားဟာ စွမ်းအားရှိကာ ကြော့မော့ပြီးဆွဲဆောင်အားရှိသလို သြဇာရှိတယ်လို့လည်း ထင်ရစေပါ တယ်။ အနက်ရောင်ဝတ်စုံကို စမတ်ကျကျက ၀တ်ဆင်ထားပါက သပ်ရပ်မှု၊ ရိုးရှင်းမှုနဲ့ ကျက်သရေရှိမှုတို့
ပေါ်လွင်နေပါတယ်။

အဖြူရောင် ပွဲတက်ဝတ်စုံဝတ်ထားလျှင်

အဖြူရောင် ၀တ်စုံက အကျင့်သီလရှိပြီး အလွန်ဖြူစင်ရှင်းသန့်တယ်ဆိုတဲ့ အသွင်သဏ္ဍာန်ကို ဖော်ညွှန်းနေ ပါတယ်။ ပွဲတက်ဝတ်စုံအဖြစ် အဖြူရောင်ဝတ်စုံကိုမကြာခဏ ၀တ်ဆင်လေ့ရှိသူတွေဟာ ပိုမြင့်မားတဲ့ လူမှု ဘ၀အခြေအနေကို ကြိုးစားဆောင်ရွက်လေ့ရှိသလို တန်ဖိုးရှိတဲ့ သူဖြစ်ဖို့လည်း အားထုတ်တတ်ပါတယ်။ စစ်မှန်မှုနဲ့ ရိုးဖြောင့်မှုကို ညွှန်ပြတဲ့ အရောင်လည်း ဖြစ်ပါတယ်။


ပန်းရောင် ပွဲတက်ဝတ်စုံ ၀တ်ထားလျှင်

ပန်းရောင်ဝတ်စုံက စိတ်ကူးယဉ်တတ်သူ၊ ကြင်နာသိမ်မွေ့မှုကို လိုလားသူဖြစ်တယ်ဆိုတဲ့ သင်္ကေတပါ။ ပန်းရောင်ဝတ်ထားတာက လူမှုအသိုင်းအ၀န်းမှာ လူသစ်တွေနဲ့ တွေ့ဆုံချင်တယ်ဆိုတဲ့ ဆန္ဒကိုလည်း ပေါ် လွင်စေပါတယ်။ ပန်းရောင်ဝတ်စုံကို မကြာခဏ ၀တ်လေ့ရှိသူတွေက တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ခံစားမှု ရှိပါတယ်။

အစိမ်းရောင် ပွဲတက်ဝတ်စုံ ၀တ်ထားလျှင်

လှပတဲ့ အစိမ်းရောင်သစ်ရွက်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ စိမ်းလန်းတဲ့ သဘာဝလောကကြီးကို ကိုယ်စားပြုပါတယ်။ အစိမ်းရောင်က သစ်လွင်လန်းဆန်းမှု၊ အပန်းပြေမှုနဲ့ ငြိမ်းအေးမှုတို့ကို ရည်ညွှန်းတဲ့ အတွက် အစိမ်းရောင်ပွဲတက်ဝတ်စုံအ၀တ်များသူတွေက တည်ငြိမ်ပြီး ရဲရင့်ပြတ်သားကြပါတယ်။ သူတို့က သူတစ်ပါးကို ကူညီဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်ကြပြီး အာရုံစူးစိုက်အားလည်း ကောင်းကြပါတယ်။

အညိုရောင် ပွဲတက်ဝတ်စုံ ၀တ်ထားလျှင်

အညိုရောင်ကို ပွဲတက်ဝတ်စုံအဖြစ် ရွေးချယ်လေ့ရှိသူတွေက လုံခြုံစိတ်ချရတဲ့ ခံစားချက်၊ ရိုးသားဖြူစင်တဲ့ ဘ၀ကို ရှာဖွေနေသူတွေပါ။ ပဋိပက္ခ၊ စိတ်မသက်မသာဖြစ်တာနဲ့ စိတ်ဓာတ်ကျတာတွေကို ကျော်လွှားချင် တဲ့အခါ အညိုရောင်ဝတ်စုံကို ရွေးချယ်ဝတ်ဆင်လေ့ရှိကြပါတယ်။ အညိုရောင် ၀တ်စုံကို အ၀တ်များသူတွေ က ယုံကြည်ထိုက်သူ၊ တာဝန်ယူတတ်သူတွေလည်း ဖြစ်ကြပါတယ်။

မီးခိုးရောင် ပွဲတက်ဝတ်စုံ ၀တ်ထားလျှင်

အများအားဖြင့် မီးခိုးရောင်ပွဲတက်ဝတ်စုံကို ရွေးချယ်လေ့ရှိသူတွေက ဘ၀မှာ မျှတတဲ့ လူတစ်ဦးဖြစ်ကြောင်း
ဖော်ပြနေပါတယ်။ အရာရာကို ဦးနှောက်နဲ့ စဉ်းစားတွေးခေါ်တတ်ပြီး ၀င့်ကြွားတောက်ပသူလည်း ဖြစ်ပါ တယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...