09 February, 2013

အကြင်နာပေးခြင်း၏ အစွမ်း










ကိုယ်ချစ်ခင်တဲ့သူတွေကို အကြင်နာအနမ်းပေးတာကြောင့် သင့်စိတ်နဲ့ခန္ဓာကို သန်စွမ်းကျန်းမာစေတဲ့ အပြင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်
အကြင်နာပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို သန်စွမ်းကျန်းမာစေပြီး ရောဂါပိုးမွှားတွေကို
တွန်းလှန်နိုင်စွမ်းရှိပါတယ်။ ဆေးပညာဂျာနယ်ရဲ့လေ့လာမှုတစ်ခုအရ အကြင်နာပေးတာကြောင့် အမျိုး သမီးတွေမှာ ကိုယ်ခံစွမ်းအားကောင်းစေပြီး Cytomegalo ဗိုင်းရပ်စ်ကိုတွန်းလှန် ဖယ်ရှားနိုင်စွမ်းရှိကြောင့် သိရပါတယ်။ ဒီဗိုင်းရပ်စ်ကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သယ်ဆောင်သူဖြစ်ပါက သန္ဓေသားမှာ မျက်စိ မမြင်တာနဲ့ မွေးရာပါ ချို့ယွင်းချက်ပါတာကို ဖြစ်စေနိုင်ပါတယ်။

(၂) ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်
အကြင်နာပေးချိန် တစ်မိနစ်ကြာတိုင်း ၂-၆ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ လေ့လာမှုမှတ်တမ်း အမျိုးမျိုးအရသိရပါတယ်။

(၃) မျက်နှာကြွက်သားတွေကို သန်စွမ်းစေပါတယ်
ပေါင်၊ ၀မ်းဗိုက်တွေမှာ ဆဲလ်လူးလိုက်အဆီပိုကင်းပြီး သန်စွမ်းကြံ့ခိုင်နေရင် ကျန်းမာတာမှန်ပေမယ့် မျက်နှာကြွက်သားတွေ သန်စွမ်းကျန်းမာဖို့လည်း လိုအပ်ပါတယ်။ အကြင်နာပေးတာကြောင့် မျက်နှာပြင်ရှိ ကြွက်သား ၃၀ ကိုလှုပ်ရှားမူဖြစ်စေကာ ပါးပြင်ကိုတင်းရင်းစေတယ်လို့ သိရပါတယ်။

(၄) အပန်းပြေစေပါတယ်
အကြင်နာပေးတာကြောင့် ခန္ဓာကိုယ်မှ စိတ်အပန်းပြေ ကြည်နူးစေတဲ့ အောင်ဆီတိုစင်ထုတ်လုပ်မှုအဆင့် ကို မြင့်တက်စေတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုအရသိရပါတယ်။ အကြင်နာပေးတာကြောင့် စိတ်ခံစား မှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ်လည်း အထွက်တိုးပါတယ်။ အကြင်နာပေးတာကြောင့် အချင်းချင်း သံယောဇဉ်တိုးစေတဲ့ ဒိုပါမင်းအထွက်တိုးစေပါတယ်။

(၅) အကောင်းဆုံး ဘ၀အဖော်ကိုရွေးချယ်နိုင်ပါတယ်
Cranial နာ့ဗ်ကြော ၁၂ ခုအနက်ငါးခုက ပါးစပ်တစ်ဝိုက်မှာ ရှိတဲ့ အချက်အလက်တွေကိုရယူပါတယ်။ အကြင်နာပေးတဲ့အချိန်မှာ ကျန်းမာရေး၊ မျိုးပွားမှုနဲ့ မျိုးဗီဇ စတာတွေကို လက်ခံတဲ့ ဖြစ်စဉ်ကို လှုံ့ဆော်ပေး ပါတယ်။ ဒါကြောင့် ချစ်သူတွေ ပထမဆုံးအကြင်နာပေးတဲ့အခါ ဆက်တွဲသင့် မတွဲသင့်အဆုံး အဖြတ် ပေးလေ့ရှိတယ်လို့ နယူးယောက်တက္ကသိုလ်က ပါမောက္ခဂျော်ဒန်က ရှင်းပြပါတယ်။

(၆) ခံတွင်းကျန်းမာစေပါတယ်
အကြင်နာပေးတာကြောင့် တံတွေးစီးဆင်းမှုတိုးစေကာ ပါးစပ်၊ သွားနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်။ အပိုထွက်ရှိလာတဲ့တံထွေးတွေက သွားကြိုစားကြားက စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်ကာ ကိုယ်ခံစွမ်းအားစနစ်ကို လှုံ့ဆော်ရင်း ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

ကြယ်စင်

1 comment:

  1. အကျိုးကျေးဇူးတွေကတော့ ...အံ့ မခန်းပါပဲလား...

    ReplyDelete

LinkWithIn

Related Posts Plugin for WordPress, Blogger...