04 September, 2013

သင့်စာအုပ်စင်က ပြောပြနေသော သင့်အကြောင်း









အချစ်ဝတ္ထုတွေကို သဘောကျတာလား။ လျှိ့ဝှက်သည်းဖို ဝတ္ထုတွေကို ရူးသွပ်တတ် သူလား။ သင့်စာအုပ် စင်ပေါ်မှာ သဘာဝ လွန်ဖြစ်ရပ်စာပေတွေ အပြည့်ရှိနေသလား။ သင်အနှစ်သက်ဆုံးစာအုပ်တွေဟာ သင့် ဦးနှောက်အပေါ် မတူညီတဲ့ အကျိုးသက်
ရောက်မှုတွေ ပေးနိုင်သလို ကိုယ်ရည်ကိုယ်
သွေးတွေကလည်းပြောင်းလဲမှုရှိနေပါတယ်။





သင်က အချစ်ဝတ္ထုကို ပိုသဘောကျသူ ဖြစ်ရင် လူတွေကို အကဲခတ်နိုင်သူပါ


အချစ်ဝတ္ထုတွေရဲ့ ချစ်ခြင်းမေတ္တာဖွဲ့ စာမျက်နှာတွေကို စွဲလမ်းနှစ်ခြိုက်တဲ့ သင်ဟာထိုးထွင်းသိမြင်စိတ် မြင့် တက်နေတတ်ပါတယ်။ သင်နှစ်သက်တဲ့ အချစ်ဝတ္ထုတွေထဲကခိုင်မြဲတဲ့ ပေါင်းသင်းဆက်ဆံရေးကို သဘော ကျတဲ့ သင်ဟာ အလုပ်လုပ်တဲ့အခါ သင်ရဲ့စိတ်ခံစားမှုဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေးက နိုးကြွလာပါတယ်။ ဝတ္ထုတွေမှာပါတဲ့ လူတစ်ဦးချင်းစီရဲ့ သိမ်မွေ့နက်နဲတဲ့ စိတ်ခံစားမှုကို သိနားလည်တာကြောင့် လူတွေနဲ့ ဆက်ဆံရာမှာ ကျွမ်းကျင်ပါးနပ်တာ ဖြစ်ပါတယ်။


သင်က သဘာဝလွန်ဖြစ်ရပ်တွေကို ပိုသဘောကျသူ ဖြစ်ရင် ဖန်တီးတတ်တဲ့ စိတ်ကူးယဉ်သမားပါ


ခရစ္စမတ်နတ်မိမယ်ကနေ သွေးစုပ်ဖုတ်ကောင်အထိ သဘာဝလွန်ဖြစ်ရပ် ဇာတ်လမ်းတွေကို နှစ်ခြိုက် စွဲ လမ်းတဲ့ သင်ဟာ ပိုပြီးဖန်တီးနိုင်စွမ်းရှိရှိ တွေးခေါ်နိုင်သူပါ။ စိတ်ကူးယဉ်ကမ္ဘာလောကမှာနစ်မြောရတာကို
ပျော်မွေ့ပြီး နေ့စဉ်ဘဝကို မှော်ဆန်ဆန် စိတ်ကူယဉ်တတ်ပါတယ်။


သင်က အထ္ထုပ္ပတ္တိစာပေတွေကို ပိုသဘောကျသူ ဖြစ်ရင်  အလေးအနက်တွေးခေါ် တတ်သူပါ


အထ္ထုပ္ပတ္တိစာပေတွေကို ဖတ်ရှုလေ့လာတာကြောင့် အလေးအနက် တွေးခေါ်မှုနဲ့ သက်ဆိုင်ရာ ဦးနှောက် အစိတ်အပိုင်း လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပေးနိုင်ပြီး လုပ်ငန်းမှာအမြင့်ကို တက်လှမ်းနိုင်သူပါ။ ကိုယ့် ဘာသာအတွေးနယ်ချဲ့တတ်ပြီး ပိုင်းခြားစိတ်ဖြာတတ်တဲ့အတွက် ငါးနှစ်တာ အသေးစိတ် စီမံကိန်းတွေကို ချမှတ်ပြီး သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အမြင့်ကို ရောက်အောင် တက်လှမ်းနိုင်ပါတယ်။ သင့်အ
တွေးအခေါ်တွေကသင့်လုပ်ဆောင်မှုကို ဦးဆောင်သွားပြီး သင့်လုပ်ဆောင်မှုက အောင်မြင်မှုကို ရောက်ရှိ
စေပါတယ်။


သင်က လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတွေကို ပိုသဘောကျသူဖြစ်ရင် ပြဿနာ ဖြေရှင်းနိုင်သူပါ


လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေနဲ့ လျှို့ဝှက်သည်းဖို ဝတ္ထုတွေကို ကြိုက်နှစ်သက်တဲ့ သင်ဟာ အတွေးအခေါ်
ဟောင်းတွေကနေ ခွဲထွက်ပြီး သတင်းအချက်အလက်အသစ်တိုင်းကို သီအိုရီထုတ်တဲ့နည်းနဲ့ ဦးနှောက်ကို စွမ်းအားဖြည့်နေသူပါ။ ခန့်မှန်းလို့ရတဲ့ နည်းလမ်းတွေအတိုင်း မတွေးခေါ်ဘဲဖြစ်လာနိုင်တဲ့ အရာအားလုံး နီးပါးကို ကြိုတင်တွေးတောမြင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ပြဿနာတွေကို အလွန်မြန်ဆန်တဲ့ နည်းနဲ့ဖြေ ရှင်းနိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။


သင်က သိပ္ပံဝတ္ထုတွေကို ပိုသဘောကျသူ ဖြစ်ရင် စွန့်စားတတ်သူပါ


သိပ္ပံဝတ္ထုတွေဟာ သင့်ကို အာကာသ ကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်ပြင်အောက်အထိရောက်
အောင် ဆွဲခေါ်နိုင်ပါတယ်။ အနာဂတ်ကို အာရုံစူးစိုက်နိုင်တဲ့ အနုပညာရပ်ဖြစ်တာကြောင့် စွန့်စားလိုစိတ် ကို ဖြစ်ပေါ်စေပါတယ်။ သင်ချစ်တဲ့ စာအုပ်တွေက စွန့်စားတီထွင်မှုကို အခြေခံထားတာကြောင့် သင့်မှာ လည်းအရာရာအပေါ် စွန့်စားတီထွင်ချင်စိတ် အပြည့်ရှိနေတတ်ပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...