23 May, 2013

ရွက်စားမုန်လာ၏ ကျန်းမာရေးအကျိုးကျေးဇူးများ


ရွက်စားမုန်လာက မုန်လာဥဖြူနဲ့ ဆင်တူပေမယ့် အရောင်အားဖြင့် ပိုဖျော့ပြီး အရသာ ပိုပြင်းပါတယ်။ မုန်လာဥဖြူလိုပဲ ရွက်စားမုန်လာကို ရှေးခေတ်ကတည်းက စားခဲ့ကြပါတယ်။ မုန်လာဥဖြူမှာ အင်တီအောက် ဆီးဒင့်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တို့ အများအပြား ပါဝင်ပါတယ်။ ရွက်စားမုန်လာမှာလည်း ဗီတာမင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် ပိုတက်စီယမ်ပါဝင်မှုလည်း များပါတယ်။

နေ့သစ်တစ်နေ့ စတာရာတွင် စွမ်းအားရှိစေမည့် နည်း ၇ သွယ်


နေ့သစ်တစ်နေ့ကို စတင်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တချို့က နံနက်ခင်းလမ်းလျှောက်ပြီး စတင် ကြသလို တချို့က တရားထိုင်ပြီး စတင်ကြပါတယ်။ တစ်နေ့လုံး စွမ်းအားအပြည့် ရှိနေစေမယ့် နေ့သစ်တစ်
နေ့ စတင်နည်းကို အကြံပေးပါရစေ။

အသက် ၄၀ ကျော် အမျိုးသမီးများ မဖြစ်မနေ ပြောင်းလဲသင့်သည့် စားသောက်မှုပုံစံ


သတင်းကောင်းတစ်ခုကတော့ အသက်ကြီးလာရင် ကိုယ်အလေးချိန် မြင့်တက်လာမယ်ဆိုတာ မဟုတ်ပါ ဘူး။ အသက်ကြီးလာတဲ့ အမျိုးသမီးတွေ ၀လာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲထက် လှုပ်ရှားမှု
လျော့နည်းလာလို့ ဖြစ်ပါတယ်။ သွေးဆုံးပြီးချိန်မှာ သွယ်လျလှပပြီး ဗိုက်ချပ်နေဖို့နဲ့ ကျန်းမာရေးကောင်း မွန်နေဖို့ရာအတွက် အသက် ၄၀ ကျော်လာချိန်မှာ အမျိုးသမီးတိုင်း ပြုပြင်ပြောင်းလဲသင့်တဲ့ ဘ၀နေထိုင်စား
သောက်မှုပုံစံကို ဖော်ပြပေးလိုက်ပါတယ်။

22 May, 2013

ဂေါက်သီးရိုက်သူတို့အတွက် အာဟာရ


ဂေါက်သီးရိုက်တာက သန်စွမ်းမှု၊ ပျော့ပျောင်းမှု၊ နည်းလမ်းကျမှုနဲ့ အာရုံစိုက်နိုင်စွမ်းတို့ကို ကိုယ်စားပြုတဲ့ ဂိမ်းကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ဂေါက်သီးရိုက်တဲ့အခါ ဦးနှောက်က လုံလုံလောက်လောက် အလုပ်လုပ်
ဖြစ်စေဖို့ အစားအသောက်လိုအပ်သလို ကြွက်သားတွေ စိုပြည်စေဖို့ အရည်လည်းအပြည့်အ၀ လိုအပ်ပါ တယ်။ ကြွက်သားနဲ့ နာ့ဗ်ကြောတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ သတ္တုဓာတ်တွေကလည်း အရေးပါပါတယ်။

ထင်မှတ်မထားသော ၀က်ခြံဖြစ်စေသည့် အကြောင်းရင်းများ


တစ်ခါမှ ၀က်ခြံမပေါက်ဖူးတဲ့သူ ၀က်ခြံအများအပြား ပေါက်လာတဲ့အခါ ဘာကြောင့် ဖြစ်ရတာလဲဆိုပြီး အဖြေရှာမရ ဖြစ်နေပါသလား။ သင်ထင်မှတ်မထားတဲ့ ၀က်ခြံဖြစ်စေတဲ့ အကြောင်းတွေကို သတိပြုဆင်ခြင်
နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...