03 August, 2013

မိုးရာသီတွင် စတိုင်ကျလှပနေအောင်


♦ မိုးသည်းသည်းရွာတတ်တဲ့ ဒေသမျိုးမှာနေရင် အိမ်က မထွက်ခင်ကတည်းကလိုအပ်တဲ့ အသုံးအဆောင်
တွေ ပါဝင်နေပါစေ။ အထူးသဖြင့် အရည်အသွေးကောင်းတဲ့ မိုးကာကုတ်အင်္ကျီတစ်ထည်ပါဝင်ပါစေ။ အဲဒီ ကုတ်အင်္ကျီဟာ ပေါင်လယ်လောက်အထိရှည်ပြီး ခန္ဓာကိုယ်နဲ့ အနေတော်ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်သင့်ပါတယ်။
ဒါမှအေးမြတဲ့ အခိုက်အတန့်မှာ ဝတ်ဆင်ထားရင် ဆွဲဆောင်မှုရှိရှိ စမတ်ကျနေမှာပါ။


♦ ရော်ဘာဘွတ်ဖိနပ် ဒါမှမဟုတ် သင့်ကိုသက်သောင့်သက်သာရှိရှိ အဆင်ပြေစေမယ့် (ရေစိုလည်း မချော်
စေနိုင်တဲ့ မိုးတွင်းစီးဖိနပ်) ဖိနပ်ကို စီးသင့်ပါတယ်။ တချို့ဖိနပ်(ဥပမာ-သားရေဖိနပ်၊ ရှူးဖိနပ်)တွေက ရေစို တဲ့အခါ အနံ့ဆိုး ထွက်တတ်ပါတယ်။ အဲဒီလို ဖိနပ်မျိုးကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ရှောင်ပါ။

♦ မိုးရေတွေ စိုရွှဲပြီး မျက်ဝန်းမှာ ခြယ်သထားတဲ့ မိတ်ကပ်တွေပျက်ကာ ကြည့်ရဆိုးနေပါက အဆင်သင့်တပ် ဆင်နိုင်အောင် နေကာမျက်မှန်တစ်လက်ကို ဆောင်ထားပါ။

♦ မိုးရာသီမှာ အချိန်အခါမရွေး မိုးကဖြုန်းခနဲ ရွာချလာနိုင်ပါတယ်။ ဒါကြောင့်ထီးတစ်လက်ကို အမြဲဆောင် ထားပါ။

♦ မိုးရာသီမှာ ကိုယ်ခံစွမ်းအားစနစ် လျော့ကျရင် အအေးမိတာ၊ တုပ်ကွေးဖျားတာတို့ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် အိမ်ကိုပြန်ရောက်ချိန်မှာ ရေနွေးပူပူ တစ်ခွက်သောက်ပေးပါ။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...