02 August, 2013

မိတ်ကပ်ကြောင့် ဓာတ်မတည့်မှု မဖြစ်စေရန် ကာကွယ်နိုင်မည့်နည်း ခုနစ်သွယ်


သင့်အနေနဲ့ မိတ်ကပ်အလှကုန်တွေကိုနှစ်ပေါင်းများစွာ ဘာပြဿနာမှမရှိဘဲသုံးခဲ့ရင်တောင်မှ တချို့အလှ ကုန်ပစ္စည်းတွေထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးနဲ့ အထက်ဟာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုကို ဖြစ်စေနိုင်ပါ တယ်။ သင့်အနေနဲ့ အလှကုန်ထဲက ပါဝင်ပစ္စည်းတွေကို ဓာတ်မတည့်မှုဖြစ်တာကြောင့် ကိုယ်ခံစွမ်းအား စနစ်ဟာ အလွန်အမင်း တုံ့ပြန်ပြီး ဓာတ်မတည့်တဲ့ လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။


(၁) လက်နှင့် မျက်နှာသန့်စင်ဆေးကြောပါ


မိတ်ကပ်အလှကုန်တွေကို မလိမ်းခင် လက်နဲ့ မျက်နှာကို သန့်စင်ဆေးကြောပေးပါ။ ဒါက ဓာတ်မတည့်မှု
ရှောင်ရှားလိုသူတို့ အခြေခံလိုက်နာရမယ့်နည်းဖြစ်ပါတယ်။

(၂) အခြားသူ၏ မိတ်ကပ်ကို ယူမသုံးပါနှင့်


မိတ်ကပ်အလှကုန်တွေကို တခြားသူတွေနဲ့ အတူတူ မျှဝေအသုံးပြုတာက ပိုးမွှားတွေကို ဖြန့်ဖြူးရာ ရောက် ပါတယ်။ တကယ်လို့ တခြားသူရဲ့ မိတ်ကပ်အလှကုန်ကို ယူသုံးမယ်ဆိုရင် အရင်ဆုံး လက်မှာစမ်းသပ်ပြီးမှ သုံးသင့်ပါတယ်။

(၃) မျက်စိနာနေလျှင် မျက်ဝန်းအလှမပြင်ရ


မျက်မြှေးရောင်နာကြောင့် မျက်စိနာနေရင် မျက်ဝန်းသုံးမိတ်ကပ်တွေကို မလိမ်းသင့်ပါဘူး။ မျက်စိထဲပိုးဝင် တာ လုံးဝပျောက်ကင်းတဲ့အခါ အရင်သုံးခဲ့တဲ့မျက်ဝန်းသုံးမိတ်ကပ်တွေကို လွှင့်ပစ်ပြီးအသစ်ပြန်သုံးသင့်ပါ တယ်။

(၄) မိတ်ကပ်အဟောင်းများကို လွှင့်ပစ်ပါ


ဖောင်ဒေးရှင်းမိတ်ကပ်အဟောင်းတွေကို ဖွင့်လိုက်တဲ့အခါတိုင်း လေထဲကမိုက်ခရိုပိုးမွှားတွေ ဝင်ရောက်နိုင်
ခြေ ရှိပါတယ်။ ဒီပိုးမွှားတွေကို တစ်နှစ်ခန့်ပဲတွန်းလှန်နိုင်တဲ့ တာရှည်ခံဆေး ပါဝင်ပါတယ်။ ဒါကြောင့် တစ် နှစ်ကျော်သုံးပြီးတဲ့မိတ်ကပ်အလှကုန်တွေကို လွှင့်ပစ်လိုက်ပါ။

(၅) မိတ်ကပ်အသစ်ကို စမ်းသုံးကြည့်ပါ


မိတ်ကပ်အလှကုန်အသစ်တွေနဲ့ဓာတ်မတည့်တဲ့ တုံ့ပြန်မှု ရှိ၊ မရှိ သိချင်ရင် မဝယ်ခင် နမူနာပစ္စည်း (Sample) တွေကို မေးမြန်းပါ။ ဓာတ်မတည့်မှုမရှိအောင် စမ်းသပ်ပြီးသား "allergy-tested," dermatologist-tested," "non-irritating," ဒါမှမဟုတ်  "hypo-allergenic" ဆိုတဲ့ အညွှန်းတွေက သင့်ကို ဓာတ်မတည့်မှု မဖြစ်အောင် ရာနှုန်းပြည့် ကာကွယ်နိုင်တာ မဟုတ်ပါဘူး။

(၆) မျက်တောင်ကော့ဆေးကို သတိထားပြီးလိမ်းပါ


မျက်တောင်အပြင်ပိုင်း သုံးပုံ နှစ်ပုံကိုပဲ မျက်တောင်ကော့ဆေး လိမ်းပါ။ အရင်းက စပြီး မလိမ်းပါနဲ့။ အိုင်း လိုင်နာကိုလည်း မျက်ခမ်းနား ကပ်ပြီး မလိမ်းပါနဲ့။ မျက်ကပ်မှန် တပ်ဆင်သူတွေအနေနဲ့ အိုင်းရှဲဒိုးအမှုန်
တွေလိမ်းတာကို ရှောင်ပါ။ မျက်စိထဲကို မျက်ဝန်းမိတ်ကပ်အမှုန်အမွှားတွေ ဝင်တဲ့အခါ မျက်ကြည်လွှာမှာ ပွန်းပဲ့မှု ဖြစ်နိုင်ခြေ ရှိပါတယ်။

(၇) သဘာဝဆိုသော စကားလုံးကို သတိထားပါ


သင့်အနေနဲ့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှု ရှိရင် ဓာတ်မတည့်တဲ့ တုန့်ပြန်မှုကို ဖြစ်စေနိုင်ပါ တယ်။ ဥပမာ-အားဖြင့် သိုးမွှေးကထုတ်တဲ့ လာနိုလင်ဟာ အစိုဓာတ်ထိန်းခရင်မ်အများစုမှာ ပါဝင်ပြီး အရေ
ပြားရောင်ရမ်းနီမြန်းတဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...