02 August, 2013

မိနစ် ၂၀ ကြာ ယောဂကျင်ခြင်းဖြင့် ဦးနှောက်လုပ်ငန်းကို ချက်ချင်း ကောင်းမွန်စေ


မိနစ် ၂၀ ကြာ ယောဂကျင့်ခြင်းကြောင့် အာရုံစူးစိုက်နိုင်စွမ်းနှင့် သတင်းအချက်အလက် အသစ်များကို မှတ် သားအသုံးပြုနိုင်စွမ်းတို့နှင့် ဆိုင်သော ဦးနှောက်လုပ်ငန်းဆောင်တာကို သိသိသာသာ တိုးတက်ကောင်းမွန် မှုရှိကြောင်း လေ့လာသူတို့က ဖော်ပြထားသည်။ ငယ်ရွယ်သော ဘွဲ့ကြိုကျောင်းသူ ၃၀ ဦးအား လေ့လာခဲ့ ရာ အေရိုးဗစ်လေ့ကျင့်ခန်းကို ပြုလုပ်ခြင်းထက်ယောကျင့်ပြီးချိန်တွင် ဦးနှောက်စွမ်းရည် သိသိသာသာ တိုး တက်မှုရှိကြောင်းသိရသည်။

         "ယောဂက ရှေးဟောင်း အိန္ဒိယသိပ္ပံပညာဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ကိုယ်နေဟန်ကိုသာ ကြည့်
ကောင်းစေရုံသာမက အသက်ရှူလေ့ကျင့်ခန်းနဲ့ တရားထိုင်တာတွေကိုပါ လုပ်ဖြစ်စေပါတယ်။ " ဟု လေ့ လာမှုကိုဦးဆောင်သူ ဂိုသီက ရှင်းပြထားသည်။ လေ့လာမှုတွင် ပါဝင်သူတို့အား ပြုလုပ်စေခဲ့သော မိနစ် ၂၀ ကြာ ယောဂကျင့်စဉ်တွင် ကြွက်သား အုပ်စုအားလုံး ကျုံ့လိုက်၊ ဖြေလျှော့လိုက်ဖြစ်စေသည့် ထိုင်ခြင်း၊ မတ် တပ်ရပ်ခြင်းနှင့် လဲလျောင်ခြင်း ကျင့်စဉ်တို့အပြင် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်းနှင့် တရားထိုင်ခြင်း တို့လည်း ပါဝင်သည်။ မိနစ် ၂၀ ကြာ အေရိုးဗစ် လေ့ကျင့်ခန်းပြုလုပ်ခြင်းတွင်လည်း ပြေးစက်ပေါ်ပြေးခြင်း၊ ကိရိယာလွတ် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။

ထို့နောက် နှစ်ခုကို နှိုင်းယှဉ်ခဲ့ရာ ယောဂကျင့်သူတို့က အေရိုးဗစ်ကစားသူတို့ထက် သတင်းအချက်အလက် များကို သိုမှီးနိုင်စွမ်း၊ အသုံးပြုနိုင်စွမ်းပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရသည်။


ZKO

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...