02 August, 2013

CT Scan တစ်ချပ်ရိုက်ခြင်းသည် ဓာတ်မှန် အချပ် ၃ဝ ရိုက်ခြင်းနှင့် ညီမျှသော သက်ရောက်မှုကို ဖြစ်စေနိုင်





ယခုအခါ ပညာတတ်လူတန်းစားများ အကြား ကျန်းမာရေး ပုံမှန်စစ်ဆေးမှု ခံယူသည့် အလေ့အထတစ်ခု ခေတ်စား လာကြောင်း၊ ထိုအကျင့်မှာ ကောင်းမွန် သည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်
ပြီးလူတိုင်းတတ်နိုင်သည့် စစ်ဆေးမှုများ ကို ခံယူသင့်ကြောင်း အထွေထွေ အထူး ကုဆရာဝန်ကြီး ပါမောက္ခ ဦးကိုကိုလှက ဆိုသည်။ သို့ရာတွင် အချို့လူများသည် မလိုအပ်ဘဲမိမိသဘောအလျောက် CT Scan ရိုက်ပြီး စစ်ဆေးမှုများကို ပြုလုပ်
နေကြသည်ကို ဆင်ခြင်သတိပြုစေလို
ကြောင်း သတိပေးပြောကြားသည်။


ထိုအကြောင်းနှင့်ပတ်သက်၍ တွဲဖက်ပါမောက္ခ ဒေါက်တာဦးကိုကိုက ''ကျန်းမာရေး စစ်ဆေးမှုနဲ့ပတ်သက်
ပြီး ဆရာတို့တွေ့နေရတာက အစွန်းနှစ်ဖက်ပါ။ တချို့လူတွေကစစ်ကိုမစစ်ချင်တာပါ။ တချို့ကလည်း အစစ် လွန်နေတာပါ။ စစ်လို့ရသမျှ အကုန်စစ်မယ်။ တစ်ကိုယ်လုံးကို CT Scan ရိုက်မယ်ဆိုတာချည်းပဲ ဖြစ်နေကြ ပါတယ်။ ခေါင်းလည်း CT Scan ရိုက်မယ်၊ ဗိုက်လည်း ရိုက်မယ်.. စသဖြင့် ပြောနေကြပါတယ်။ ဆရာတို့က အရင်ဆုံး ဗိုက်ကို အာထရာဆောင်း ရိုက်ကြည့်ပါ၊ လိုအပ်မှ CT Scan ရိုက်တာပေါ့လို့ ပြောရင်တောင် 'မဟုတ်ဘူး၊ CT Scan ပဲ ရိုက်ချင်တယ်' ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ တကယ်တော့ CT Scan တစ်ချပ် ရိုက်လိုက်တာက ဓာတ်မှန်အချပ် ၃ဝ လောက် ရိုက်လိုက်တာနဲ့ ညီမျှနေပါတယ်။ လူတွေကိုဓာတ်မှန် ၁ဝ ခါ
လောက် ရိုက်လိုက်ပါလို့သွားပြောလိုက်တာနဲ့တင် 'မရိုက်တော့ပါဘူး၊ ဓာတ်ရောင်ခြည် အဆိပ်သင့်မှာစိုးပါ တယ်'လို့ ပြန်ဖြေကြမှာပဲ။ ဒါပေမဲ့ CT Scan တစ်ချပ်ရိုက်လိုက်တာက ဓာတ်မှန် ၃ဝ လောက်ရိုက်လိုက်တာ နဲ့ ညီမျှတာကို မသိကြပါဘူး။ CT Scan ကို ဆရာဝန်မညွှန်ဘဲ ကိုယ့်ဘာသာမကြာခဏ ရိုက်တာမျိုးလည်း
တွေ့နေရပါတယ်'' ဟု ရှင်းပြခဲ့သည်။

CT Scan ၏ ကောင်းကျိုးမှာ ပုံရိပ်များကို ပြတ်သားထင်ရှားစွာ မြင်ရသည့်အတွက် ရိုက်ရန် မဖြစ်မနေ လို အပ်သည့် အခြေအနေမျိုးတွင် ဆရာဝန် ညွှန်ကြားသည့်အခါ အသုံးပြုသင့်ကြောင်း သိရသည်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...