02 August, 2013

အမြွှာကလေးငယ်များအား ပြုစုစောင့်ရှောက်ရာတွင် သိသင့်သော အချက် ၅ ရပ်


အမြွှာကလေးတွေ မွေးလာတာက မိသားစုထဲကို ပျော်ရွှင်မှုတွေ တိုးစေနိုင်သလို မိဘအုပ်ထိန်းသူတွေအ တွက် အလုပ်နှစ်ဆတိုးလာပါတယ်။ ဒါကြောင့် မွေးကင်းစအမြွှာကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ သိ ထားသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။



(၁) အလေ့အထတစ်ရပ်ကို တည်ဆောင်ပါ


မွေးကင်းစကလေး တစ်ယောက်ကိုမိခင်နို့ချိုတိုက်တာ၊ သေးနှီးလဲပေးတာ၊ သိပ်တာ. . . စတဲ့ ပုံမှန် အလေ့ အထအတိုင်း အသားကျအောင် ကြိုးစားရတာတောင် မလွယ်ပါဘူး။ အမြွှာကလေးကို ပုံမှန်အလေ့အထ အတိုင်း ပြုစုစောင့်ရှောက်ရတာ ပိုခက်ခဲ့ပါတယ်။ "ကလေးမွေးပြီး တစ်နှစ်တာအတွင်း နေ့နဲ့ညကိုတောင် ခွဲခြားမသိတော့ပါဘူး၊ ၂၄ နာရီလုံးလုံး တစ်ယောက် တစ်လှည့် ပြုစုနေရတယ်"  လို့ အမြွှာကလေးမိခင် ရိုစီက ဆိုပါတယ်။

(၂) တစ်လှည့်စီ မိခင်နို့ချိုတိုက်ပါ


အမြွှာကလေးနှစ်ဦးကို တစ်ပြိုင်နက်မိခင်နို့တိုက်ကျွေးနိုင်ပေမယ့် မလွယ်ကူပါဘူး။ ဒါကြောင့် ကလေးနှစ်ဦး ကို တစ်လှည့်စီ မိခင်နို့ချို တိုက်ကျွေးပါ။ အဆင်မပြေရင် ကလေးနှစ်ဦးကို တစ်နေ့တာလုံး ပြည့်ပြည့်၀၀ မိခင်နို့ချိုတိုက်ကျွေးနိုင်မယ့် နည်းလမ်းအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၃) အတူသိပ်ပါ


အမြွှာကလေးငယ်နှစ်ဦးကို အတူသိပ်ထားလို့ရပေမယ့် လူကြီးတစ်ဦးက စောင့်ကြည့်ဖို့တော့လိုပါတယ်။ အမြွှာကလေးတွေက တစ်ဦးဆူညံသံကို တစ်ဦးက နားယဉ်ပြီးသားဖြစ်တဲ့အတွက် အတူသိပ်ပေမယ့် မနိုးပါ ဘူး။ အမြွှာကလေးတွေ အိပ်တဲ့အချိန်မှာ သင်လည်းလိုက်အိပ်စက်ကာ အနားယူပါ။

(၄) အနားယူပါ


အမြွှာကလေးနှစ်ဦးကို ပြုစုစောင့်ရှောက်ရတဲ့ မိခင်အနေနဲ့ ပုံမှန်အိပ်စက်အနားယူချိန် ရရှိဖို့လိုအပ်ပါတယ်။ ပုံမှန် အနားယူချိန် ရရှိဖို့ လိုအပ်ပါတယ်။ ပုံမှန်အနားယူချိန်မရရှိရင် ပင်ပန်းပြီး ကိုယ်ခံစွမ်းအားစနစ် ထိ ခိုက်ကာ နာမကျန်းမဖြစ်တတ်ပါတယ်။ အဲဒီအခါ အမြွှာကလေးတွေကို ကောင်းကောင်းပြုစုစောင့်ရှောက်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် အစာကို အာဟာရပြည့်ပြည့်၀၀ စားသောက်ပြီး ပုံမှန် အနားယာအိပ်စက်ချိန် ထားရှိရပါမယ်။

(၅) နှစ်ဦးဖြစ်ကြောင်းလက်ခံပါ


သင်မွေးထားတာက အမြွှာကလေးနှစ်ဦးဖြစ်တဲ့အတွက် အသုံးအဆောင်တွေ ၀ယ်ယူပါ။ ကလေးနှစ်ဦးကြီး
ပြင်းလို့ဆော့ကစားတတ်တဲ့အခါ အရုပ်နဲ့ တခြားအသုံးအဆောင်တွေကို နှစ်ယောက်စာ ၀ယ်ပေးမှ အဆင်ပြေပါလိမ့်မယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...