11 June, 2013

ဆံပင်ကျွတ်ခြင်းအတွက် သဘာဝ အိမ်တွင်းကုထုံးများ


စိတ်ဖိစီးမှုများတာ၊ အာဟာရဓာတ်မပြည့်ဝတာနဲ့ တချို့ဆေးတွေ သောက်တာကြောင့် ဆံပင်ကျွတ်စေနိုင် ပါတယ်။ ရုတ်တရက် ဆံပင်တွေ အများကြီး ကျွတ်တာဟာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါဝေဒနာရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြပါ။ ပုံမှန် ဆံပင်ကျွတ်တဲ့ပြဿနာတွေကိုတော့ အောက်ပါနည်းတွေနဲ့
ပြုပြင်ထိန်းသိမ်းနိုင်ပါတယ်။



နည်းလမ်း (၁)

ဆံပင်ပါးတာ လျော့ကျစေဖို့ ကြက်ဥ/ဘဲဥတစ်လုံးကို ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ ပြီးမှ ရေနဲ့ ဆေး
ကြောလိုက်ပါ။ ကြက်ဥ/ဘဲဥမှာ အခြေခံအားဖြင့်ပရိုတင်းဓာတ် ပါဝင်တာကြောင့် ဆံပင်သားကို ပရိုတင်း ဓာတ် ပြည့်ဝနေစေပါတယ်။

နည်းလမ်း (၂)

ဆံပင်သား ပါးလွှာမှုကို လျော့ကျစေဖို့ ရေနွေးကြမ်းသောက်ပါ။ ဒါ့အပြင်ဆံပင်သားကို လက်ဖက်ခြောက် ခတ်ထားတဲ့ ရေနွေးကြမ်းအအေး လောင်းချပေးရင်လည်း ဆံပင်သားကို သန်စွမ်းစေပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...