10 June, 2013

ခြေသလုံး သွေးပြန်ကြောထုံးခြင်း သက်သာစေမည့် အလွယ်နည်းများ


ကိုယ်တွင်းမှာ ကြီးမားတဲ့ သွေးကြောစနစ်တစ်ခုရှိပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကနေ တခြားအစိတ် အပိုင်းဆီကို သွေးစီးဆင်းရောက်ရှိစေပါတယ်။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်သွေးပြန်ကြောတစ်ခု ထိခိုက် ရင်တောင်သွေးစီးဆင်းမှုစနစ်က ထိခိုက်သွားပါတယ်။ သွေးခဲတာကြောင့် သွေးပြန်ကြော ပိတ်ဆို့မှုဖြစ်ပြီး
သွေးပြန်ကြောရောင်ရမ်းမှုနဲ့ ပြာနှမ်းမှုတို့ ဖြစ်လာပါတယ်။ ဒါကိုသွေးပြန်ကြောထုံးတယ်လို့ ခေါ်ပါတယ်။
သွေးပြန်ကြောထုံးတဲ့အခါ နာကျင်မှု သက်သာစေဖို့ အိမ်မှာပြုလုပ်နိုင်တဲ့ အလွယ်နည်းတွေကို ဖော်ပြပေး လိုက်ပါတယ်။


(၁) ကိုယ်တွင်း သွေးလှည့်ပတ်မှုကောင်းမွန်စေဖို့ လေ့ကျင့်ခန်းလုပ်တာကို ဦးစားပေးသင့်ပါတယ်။ လမ်း
လျှောက်တာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာတွေဟာ အကောင်းဆုံး လေ့ကျင့်ခန်းပုံစံ
တွေ ဖြစ်ကြပြီး တစ်နေ့မှာ ၃ဝ-၄၅ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးရင်ခန္ဓာကိုယ် ကျန်းမာပြီး သန်စွမ်းစေပါ တယ်။

(၂) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားနည်းပုံစံကို လိုက်နာပြီး အဆင်သင့်အစာ၊အဆီများတဲ့ အစာတွေ ကို ရှောင်ပါ။ သကြားနဲ့ ဆားကို လျှော့စားပြီး ရေခဲမုန့်၊ ချိစ်၊ဆေးရွက်ကြီးတို့ကို တတ်နိုင်သမျှ ရှောင်ပါ။

(၃) သင်စားတဲ့ အစာမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်၊ အခွံမာတဲ့ အသီး၊ အခွံချွတ်မထား တဲ့ ကောက်နှံစာ၊ ငါးနဲ့ ပဲပိစပ်ထုတ်ကုန်တွေ ပါဝင်သင့်ပါတယ်။ ကြက်သွန်နီ၊ ချင်း(ဂျင်း)နဲ့ကြက်သွန်ဖြူတွေ ကလည်း ကိုယ်တွင်းသွေးလှည့်ပတ်မှုစနစ်အတွက် ထိရောက်မှု ရှိတဲ့ အစာတွေ ဖြစ်ပါတယ်။

(၄) နာနတ်သီးဟာ သွေးပြန်ကြောထုံးတာကို သက်သာစေပါတယ်။ နာနတ်သီးဖျော်ရည်ကို တစ်နေ့တစ် ခွက်သောက်ပါ။

(၅) ဘလက်ဘယ်ရီသီးနဲ့ ချယ်ရီသီးတွေကလည်း သွေးပြန်ကြောထုံးတာ ပြန်မဖြစ်စေဖို့ ကာကွယ်ပေးနိုင် ပါတယ်။

(၆) အမျှင်ဓာတ် ပါဝင်တဲ့ အစာတွေကအူမကြီးကို သန့်စင်စေတာကြောင့် စားသင့်ပါတယ်။ အမျှင်ဓာတ် များတဲ့ အစာတွေက သွေးပြန်ကြောထုံးတာ ပြန်မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် သွေးပြန်ကြောထုံးတာ ကို သက်သာစေပါတယ်။

(၇) သွေးလှည့်ပတ်မှုစနစ် ကောင်းမွန်စေဖို့ အချိန်အကြာကြီး ထိုင်တာ၊ မတ်တပ်ရပ်တာကို ရှောင်ပါ။ အလုပ်လုပ်တဲ့အခါ အနေအထားတစ်မျိုးတည်းနဲ့ ကြာကြာမနေဘဲ အချိန် ငါးမိနစ်ခန့် အနားပေးပါ။ ဒီလို လုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဆီကို သွေးထောက်ပံ့မှု ကောင်းကောင်း ရောက် ရှိစေပါတယ်။


(၈) တင်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။ အဲဒီအဝတ်အစားတွေ ဝတ်ထားချိန်မှာ သင့်ခန္ဓာကိုယ်က သက်သောင့်သက်သာဖြစ်မှာ မဟုတ်ပါဘူး။

(၉) မတ်မတ်ရပ်ပြီး အလုပ်လုပ်တဲ့အခါသင့်ခန္ဓာကိုယ်အလေးချိန်က ခြေထောက်နှစ်ချောင်းပေါ်မှာ အညီ အမျှ ကျရောက်နေပါစေ။ ခြေထောက်တစ်ချောင်းတည်းအပေါ်မှာ ပိုပြီးဖိအားမပေးသင့်ပါဘူး။

(၁ဝ) အနားယူတာက တစ်နေ့တာ ဖြတ်သန်းမှုမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အနားယူပါ။ တစ်နေ့ ၆-၇ နာရီ အိပ်စက်တာက မဖြစ်မနေ လုပ်သင့်တဲ့ အနားယူမှု တစ်ခုပါ။

(၁၁) ရောင်ရမ်းနေတဲ့ သွေးပြန်ကြောတွေပေါ်မှာ ကြက်ဆူဆီလိမ်းတာက သွေးပြန်ကြောထုံးတာနဲ့ ရောင် ရမ်းတာကိုလျော့ပါးသက်သာစေပါတယ်။

(၁၂) မုန်လာဥနီဖျော်ရည်နဲ့ ဟင်းနုနယ်ရွက်ဖျော်ရည်ကို ရောသောက်ပါက သွေးပြန်ကြောထုံးတာကို သက်သာစေပါတယ်။

(၁၃) သွေးပြန်ကြောရောင်ရမ်းနေရင်ရှလကာရည် သုတ်လိမ်းပေးတာကြောင့်သက်သာရာ ရစေနိုင်ပါ တယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...