12 June, 2013

စိတ်ပူနေသလား


ပူပင်သောက များတာက အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာကလည်း မဖြစ်နဲ့ဆိုပြီး ရှောင်လွှဲဖို့ လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။ ကံကောင်းတာက စိတ်ပူတာ၊ သောကများ တာ၊ ကြောက်ရွံ့တာ၊ အားငယ်တာစတဲ့စိတ်မသက်မသာဖြစ်ရတဲ့ ဝေဒနာတွေ ပြေလျော့သက်သာစေဖို့ နည်းလမ်းတွေ ရှိပါတယ်။ အိပ်ရေးပျက်တာ၊ အစားအသောက် ချို့တဲ့တာနဲ့ နုံးချည့်ညောင်းညာတာတွေဟာ စိတ်ပူပင်သောကကို တိုးစေတဲ့အချက်တွေ ဖြစ်လို့ အဲဒီအချက်တွေကို ရှောင်ရှားရင်းစိတ်အေးချမ်း သက် သာစေမယ့် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။



တစ်မိနစ် အချိန်ပေးပါ


စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့လိုအပ်နေသလား။ ကိုယ့်အတွက် သီးသန့်အချိန်ပေးဖို့တောင် မအားလပ်ဘူးလား။ တစ်မိနစ်ပဲ အချိန်ပေးပြီး စိတ်ဖိစီးမှုကိုလျှော့ချပါ။ မျက်စိကို စုံမှိတ်ပြီး အသက်ဝဝ ရှူသွင်းကာ နှလုံးခုန်သံနဲ့
သွေးကြောတွေကတစ်ဆင့် သွားလာနေတဲ့ သွေးတွေကို အာရုံစိုက်လိုက်ပါ။ ဒီတစ်မိနစ်က သင့်စိတ်ဖိစီးမှု
သောကတွေကို ပြေလျော့စေပါတယ်။

အစားအသောက်ကို ဂရုစိုက်ပါ


အစာစားတိုင်း ပရိုတင်းဓာတ် ပါဝင်အောင် ထည့်စားတာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို တည်
ငြိမ်အောင်ထိန်းထားနိုင်တယ်လို့ တိုရွန်တို လေ့လာမှုအရ သိရပါတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်အစုံ အလင်ပါတဲ့ အစားအစာတွေကို စားတာကြောင့် ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး စိတ်ဖိ စီးမှုနဲ့ ပူပင်သောက ထိန်းချုပ်နိုင်စွမ်းကိုတိုးမြင့်စေကာ ခန္ဓာကိုယ်ကနေ ဆီရိုတိုနင်ထွက်ရှိနှုန်းကို မြင့်တက်
စေတဲ့အတွက် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ စိတ်ခံစားမှုကောင်းစေဖို့ ဗီတာမင်ဘီအုပ်စု၊ ငါးကြေး ဆီနဲ့ မဂ္ဂနီဆီယမ်အားဖြည့်ဆေးတွေကို မှီဝဲသင့်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ


ပုံမှန် လေ့ကျင့်ခန်းလုပ်တာကြောင့်စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းကို နံနက်နဲ့ နေ့ လယ်အချိန်မှာ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားမှုကောင်းမွန်စေတဲ့ အန်ဒေါ်ဖင် ထွက်ရှိမှု တိုးစေပြီး ပူပင်သောကကို လျော့ကျစေကာ စိတ်ပျော်ရွှင်အေးချမ်းစေပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပါ


သင့်ဘဝမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို ရှာဖွေပြီး အဲဒီအရာတွေကိုလျှော့ချနိုင်မယ့် နည်းတွေကို ကျင့် သုံးပါ။ တချို့လူတွေကစိတ်ဖိစီးမှုမများသင့်တဲ့အရာတွေကို အကျင့်တစ်ရပ်လိုဖြစ်ပြီး စိတ်ဖိစီးမှုများနေတတ် ပါတယ်။ ဒါကြောင့်သင့်ကို စိတ်ဖိစီးမှုများစေတဲ့ အချက်တွေကို စနစ်တကျရှာဖွေပြီး လျှော့ချနိုင်
အောင်ကြိုးစားပါ။

အပန်းဖြေနည်းကို ကျင့်သုံးပါ


အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ၊တရားထိုင်တာ၊ ထိုက်ချိကစားတာ၊ ဆုတောင်းတာနဲ့ အနှိပ်ခံတာတို့လို အ ပန်းဖြေတဲ့ နည်းတွေဟာ စိတ်ဖိစီးမှု လျှော့ချရေးအတွက် အသုံးဝင်တဲ့ နည်းတွေ ဖြစ်ပါတယ်။ သင့်အတွက် အဆင်ပြေပြီး သင့်တော်တဲ့နည်းကို ကျင့်သုံးပြီး ပူပင်သောကကို လျှော့ချပါ။

အကြံဥာဏ်တောင်းပါ


နည်းမျိုးစုံသုံးပြီး ပူပင်သောကကိုဖြေလျှော့ပေမယ့် စိတ်ဖိစီးမှုက များနေဆဲဖြစ်ရင် သင့်ကို နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်မယ့် သူတစ်ဦးကိုရှာဖွေပါ။ စိတ်ကျန်းမာရေးဆရာဝန်က သင့်အတွက်လိုအပ်တဲ့ ကုထုံးတွေကို ညွှန်ကြားပြီး ကုသမှုပေးမှာ ဖြစ်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...