10 June, 2013

ပိုပျော်ဖို့ကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ချင်သလား


ကမ္ဘာ့အပျော်ဆုံး နိုင်ငံ ငါးနိုင်ငံထဲမှာ ပါဝင်တဲ့ ကနေဒါလူမျိုးတွေရဲ့ စိတ်ပျော်ရွှင်ရတဲ့ အလေ့အထတွေကို ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ မှတ်တမ်းအရ သိရပါတယ်။



(၁) ကြင်နာပါ


သူတစ်ပါးကို ကြင်နာတတ်တဲ့ စိတ်သဘောထား ရှိတာကြောင့် စိတ်ခံစားမှုကို အဆက်မပြတ် တိုးမြင့်စေပီး ကြာရှည် အပြုသဘောဆောင်တဲ့ ကောင်းကျိုးကို ရရှိစေပါတယ်။ ငွေရှိရုံနဲ့ ပျော်ရွှင်မှုကို မဝယ်နိုင်ပေမယ့် စိတ်အခြေအနေက ပိုင်ဆိုင်မှုနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို မရှိဆင်းရဲ သူတွေအား ကြင်နာတဲ့ စိတ်နဲ့ ပေးကမ်းတာကြောင့်လည်း ပျော်ရွှင်မှုရရှိစေပါတယ်။

(၂) တရားထိုင်ပါ


တရားထိုင်တာကြောင့် စိတ်ဖိစီးမှု၊ ပူပင်သောကနဲ့ စိတ်ဓာတ်ကျတာတွေကိုလျော့ပါးစေပါတယ်။ အကောင်း
မြင်တဲ့စိတ်သဘောထား ရှိတာကြောင့် မသေချာတဲ့ အနာဂတ်၊ အရှူံးတွေကို ခံနိုင်ရည်ရှိပေမယ့် တရား ထိုင်တာကြောင့် စိတ်အေးချမ်းမှု ပိုမိုရရှိစေပါတယ်။

(၃) ပြတ်သားသော ရည်မှန်းချက်များ ထားရှိပါ


ရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီး အဲဒီဦးတည်ချက်အတိုင်း အလုပ်လုပ်တာကအကောင်းမြင်တဲ့ အတွေးတွေ ကို ဖြစ်စေပြီး စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကိုချိုးနှိမ်ထားနိုင်ပါတယ်။ ပျော်ရွှင်တဲ့ စိတ်ခံစားချက် ၅ဝ ရာ ခိုင်နှုန်းက မွေးရာပါဗီဇအပေါ် မူတည်ပါတယ်။ တခြား ၅ဝရာခိုင်နှုန်းက ဘဝမှာ နေတတ်အောင် သင်ယူ
လေ့လာရင်း ရရှိတာပဲ ဖြစ်ပါတယ်။

(၄) အရေးပါသော လူများကို ဦးစားပေးပါ


လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တာက သင် ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာ သန်စွမ်း
အောင် နေနိုင်မယ့် ခွန်အား ရရှိစေပါတယ်။ လူတွေနဲ့ပျော်ရွှင်တဲ့ ဆက်ဆံရေးရှိပြီး ကျေနပ်တာကြောင့် စား သမျှ အစာတွေ ကြေလွယ်ကာ သက်သောင့်သက်သာ ရှိစေပါတယ်။

(၅) အမှန်တရားကို မြတ်နိုးပါ


ပင်ကို တန်ဖိုးအတိုင်း နေထိုင်နိုင်ရင် အောင်မြင်မှုရလဒ်တွေက ပိုပြီး ချိုမြိန်ပါတယ်။ အမှန်တရားကို ချစ်
မြတ်နိုးပြီး ရလာတဲ့ ပျော်ရွှင်မှုက ပိုစစ်မှန်ပါတယ်။

(၆) အရင်ဆုံး ဟန်ဆောင်ပြုံးရယ်ပါ


လေ့လာမှုတွေအရ မပြုံးချင်တဲ့တိုင် ပြုံးရယ်ဟန်ဆောင်တာကြောင့်စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားချက်ကို ရရှိ
စေပါတယ်။ ပျော်ရွှင်မှုအဆင့် တိုးမြင့်သူတွေဟာ နှလုံးခုန်နှုန်း နှေးကြပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...