10 June, 2013

သင်ကြိုက်သော ရေခဲမုန့်က ပြောပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး

ရေခဲမုန့် စားတဲ့အခါ သင်က စတော်ဘယ်ရီအရသာကို ရွေးချယ်တတ်သလား၊ ချောကလက်ရေခဲမုန့်ကိုမှ
ကြိုက်သလား... သင်ကြိုက်နှစ်သက်တဲ့ ရေခဲမုန့်အမျိုးအစားပေါ် မူတည်ပြီး သင့်ကိုယ်ရည်ကိုယ်သွေးကို သိနိုင်ပါတယ်။



 

သင်က ချောက်ကလက်ရေခဲမုန့်ကို ကြိုက်သူဖြစ်ရင်


နိုင်လိုစိတ်ပြင်းပြပြီး အောင်မြင်သူပါအောင်မြင်မှုတိုင်းက ပြင်းထန်တဲ့ကြိုးစားမှု မရှိရင် ချိုမြိန်မှာမဟုတ်ဘူး ဆိုတာကိုလည်း သင်က နားလည်ပါတယ်။ အလုပ်နဲ့ ချစ်ခြင်းမေတ္တာမှာ ဇွဲရှိတတ်သလို ငွေရေးကြေးရေး ရက်ရောသူပါ။ အဆင်ပြေအောင်မြင်ဖို့ဆုတောင်းတာကိုလုပ်လေ့မရှိပါဘူး။လူမှုအသိုင်းအဝိုင်းမှာတောက်ပ တဲ့ ကြယ်တစ်ပွင့်လို ထင်ရှားတတ်ပါတယ်။

သင်နှင့် လိုက်ဖက်သူ - ချောကလက် ရေခဲမုန့်ကြိုက်သူ၊ မြေပဲရေခဲမုန့်ကြိုက်သူတွေနဲ့လိုက်ဖက်ပါတယ်။

 

သင်က ကော်ဖီရနံ့ရေခဲမုန့်ကို ကြိုက်သူဖြစ်ရင်


ဘဝမှာ တက်ကြွအသက်ဝင်သူပါသင် ရပ်တည်နေတဲ့အချိန်အတွင်းမှာ အမူအရာပိုတာလည်း ရှိသလို လှုပ် လှုပ်ရှားရှားနဲ့ အသက်ဝင်စေသူပါ။ အလုပ်လုပ်တဲ့အခါ တစ်ခုခုကို ပြီးစီးအောင် မလုပ်ဘဲ အလုပ်သစ်ကို စတင်လိုသူလည်းဖြစ်ပါတယ်။ ကြာရှည်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ငြီးငွေ့ပြီး စိတ်လှုပ်ရှားဖွယ်ရာ ဆက် ဆံရေးကို အသစ်ရှာလိုပါတယ်။

သင်နှင့် လိုက်ဖက်သူ - စတော်ဘယ်ရီရေခဲမုန့် ကြိုက်သူနဲ့ လိုက်ဖက်ပါတယ်။

 

သင်က စတော်ဘယ်ရီရေခဲမုန့်ကို ကြိုက်သူဖြစ်ရင်


တွေးခေါ်တွက်ချက်တတ်သူပါသင်က ဆုံးဖြတ်ချက်မချမှတ်ခင်မှာ အဆိုးထက် အကောင်းက ဘယ်လောက် သာသလဲဆိုတာ သေချာချိန်ဆတတ်သူပါ။ ခေါင်းဆောင်ထက် နောက်လိုက်အနေနဲ့ အလုပ်တွင်ကျယ်
အောင်ကြိုးစားနိုင်သလို တာဝန်ကျေပွန်သူပါ။ ရှက်တတ်ပြီး မြင်မြင်ချင်း အချစ်ကို မယုံပေမယ့် ချစ်မိပြီဆို ရင် သစ္စာရှိတဲ့ သေတစ်ပန်သက်ဆုံး လူစားမျိုးပါ။

သင်နှင့် လိုက်ဖက်သူ - စတော်ဘယ်ရီ၊ ပူရှိန်းချောကလက်နဲ့ ဗနီလာရေခဲမုန့်ကိုကြိုက်တဲ့သူနဲ့ လိုက်ဖက် ပါတယ်။


 

သင်က ပူရှိန်းချောကလက်ရေခဲမုန့်ကိုကြိုက်သူဖြစ်ရင်


ရည်မှန်းချက်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူပါအနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရင်း လုံခြုံစိတ် ချပြီး ဘေးကင်းတဲ့ အနေအထားရအောင် ကြိုတင်စီစဉ်တတ်သူပါ။ စီးပွားရေးနဲ့ပတ်သက်ပြီး ပြောင်းလဲဖို့
ခေါင်းမာတတ်ပါတယ်။ သင်ရဲ့ ရိုးသားမှု၊ အားကိုးနိုင်စွမ်းနဲ့ သစ္စာရှိမှုတို့ကြောင့် ခင်မင်ဖွယ်ကောင်းတဲ့ ပေါင်း သင်းဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး မိသားစုနဲ့ ရင်းနှီးစွာ နေတတ်ပါတယ်။

သင်နှင့် လိုက်ဖက်သူ - သင့်လိုပဲ ပူရှိန်းချောကလက်ရေခဲမုန့်ကြိုက်သူနဲ့ လိုက်ဖက်ပါတယ်။

 

သင်က မြေပဲရေခဲမုန့်ကို ကြိုက်သူဖြစ်ရင်


အလုပ်ကြိုးစားသူပါသင်ရဲ့ ရေခဲမုန့်အကြိုက်က မြေပဲရေခဲမုန့်ဖြစ်ရင် သင်က သည်းခံစိတ်ရှည်ပြီး လေးစား တတ်တဲ့ ဝန်ထမ်းကောင်းပါ။ အမှန်နဲ့ အမှားကို ခွဲခြားရာမှာ စံသတ်မှတ်ချက်ကြီးတွေချမှတ်ထားပြီး သင် လုပ်တဲ့ လုပ်ဆောင်မှုတိုင်းမှာ ဂုဏ်သိက္ခာရှိကြောင်း ပြတတ်သူပါ။ သင်ရဲ့ နက်နဲတဲ့ အတွေးအခေါ်တွေကို မျှဝေဖို့ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေနဲ့ ခင်မင်စွာ ပေါင်းဖော်လေ့ရှိပါတယ်။

သင်နှင့် လိုက်ဖက်သူ - ချောကလက်ရေခဲမုန့်ကြိုက်သူနဲ့ လိုက်ဖက်ပါတယ်။

 

သင်က ဗနီလာရေခဲမုန့်ကို ကြိုက်သူဖြစ်ရင်


ထိုးထွင်းသိမြင်တတ်သူပါသင်က ဗနီလာရေခဲမုန့်ကို ကြိုက်တယ်ဆိုရင် တွက်ချက်ရတာထက် ထိုးထွင်းသိ တဲ့ အလိုလိုသိစိတ်ကို ပိုအားကိုးသူပါ။ ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်ပြီး အဲဒီပန်းတိုင်ကို ရောက်
အောင်ကိုယ့်ကိုယ်ကိုယ် တွန်းအားပေး ကြိုးစားတတ်ပါတယ်။ ချစ်ရေးချစ်ရာမှာ စိတ်ခံစားမှုကို မျိုသိပ်ပြီး အနာဂတ်အတွက် အဆင်ပြေသာယာအောင် ကြိုးစားတတ်သူပါ။

သင်နှင့် လိုက်ဖက်သူ - သင်က စတော်ဘယ်ရီရေခဲမုန့် ကြိုက်သူနဲ့ လိုက်ဖက်ပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...