10 June, 2013

သွားကြိတ်ခြင်း ကင်းဝေးစေရန်

တစ်နေ့လုံး စိတ်ဖိစီးမှုများခဲ့ပြီး ညဘက်မှာ ပြန်ဖြေလျှော့တာမျိုး မလုပ်ခဲ့ရင် ညအိပ်တဲ့အခါ သွားကြိတ်တဲ့ နည်းနဲ့ စိတ်တင်းကျပ်မှုတွေကို လျှော့ချလေ့ရှိပါတယ်။ တစ်ကိုယ်လုံး တောင့်တင်းကိုက်ခဲမှုတွေကို အက်စ် ပရင်၊ ပါရာစီတမောစတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဖြေလျှောလို့ရပေမယ့် စိတ်ဖိစီးမှုပြဿနာရဲ့ အရင်းအမြစ်ကိုတော့ ဖြေရှင်းရာ မရောက်ပါဘူး။ သွားကြိတ်တဲ့ ပြဿနာကင်းစေဖို့ တကယ်လုပ်သင့်တဲ့ နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။




မေးရိုးကို အနားပေးပါ


တစ်နေ့လုံး အစာကို မရပ်မနား ကြိတ်ဝါးစားသောက်တာမျိုး မလုပ်ဘဲ လျှာနဲ့ မေးရိုးကို မကြာခဏ အနားပေးသင့်ပါတယ်။
နေ့ဘက်မှာ မေးရိုးတောင့်တင်းမှု မဖြစ်အောင်အနားပေးတဲ့ အလေ့အထရှိရင် ညဘက်မှာ သွားကြိတ်တာမျိုး မဖြစ်စေနိုင် ပါဘူး။ ပီကေနဲ့မာတဲ့သကြားလုံး အပါအဝင် အစာမာမာတွေ ကို အလွန်အမင်း ကြိတ်ဝါးတာမျိုးလည်း မလုပ်သင့်ပါဘူး။
မေးရိုးရဲ့ လုပ်ငန်းဆောင်တာ အလွန်အမင်းလိုအပ်တဲ့ သစ် သီးခြောက်တွေ၊ အမဲသားကင်တွေကိုလည်း လျှော့စားသင့် ပါတယ်။ ခဲတံ၊ ဘောပင်တို့ကို ကိုက်တတ်တဲ့ အကျင့် ရှိရင်လည်း အခုအချိန်ကစပြီး ရပ်နားသင့်နေပါပြီ။





ပါးစပ်အကာ တပ်ဆင်ပါ


ညဘက်သွားကြိတ်တဲ့ အလေ့အထ ရပ်တန့်စေဖို့ ပါးစပ် အကာတပ်ဆင်ပါ။ သင်နဲ့ သင့်တော်တဲ့ ပါးစပ် အကာ
ဖြစ်အောင် သွားဆရာဝန်ရဲ့ အကူအညီ လိုအပ်ပါတယ်။




 

ကယ်လ်စီယမ် ဖြည့်စွက်သောက်သုံးပါ


ကယ်လ်စီယမ်နဲ့မဂ္ဂနီဆီယမ် နှစ်မျိုးစလုံးဟာ မေးရိုးကြွက် သားတွေကို အနားရစေပါတယ်။ အထူးသဖြင့် ညဘက်မှာ
မေးရိုးတွေကို ကျန်းမာစေပါတယ်။






အိပ်ရာမဝင်မီ စိတ်ဖိစီးမှု မများပါနှင့်


အိပ်ရာမဝင်ခင်မှာ စိတ်ဖိစီးမှုများစေတဲ့ အတွေးအခေါ်တွေ၊ အပြုအမူတွေနဲ့ ဇာတ်လမ်းတွေကို ရှောင်ပါ။ အိပ်ရာမဝင်ခင် မှာ ပေးရမယ့်အကြွေးစာရင်းတွေ၊ ဒေါသတွေ၊ စိတ်ဖိစီးမှုတွေ ကို မေ့ထားပြီး စိတ်အေး လက်အေးနေသင့်ပါတယ်။ စိတ်ပူ ပင်စရာတွေကြောင့် အိပ်လို့မရဖြစ်နေရင် နောက်တစ်နေ့မှာ လုပ်ရမယ့် အရာတွေကို ချရေးထားလိုက်ပါ။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေချိုးတာကလည်း မေးရိုးကြွက်သားတွေကို အနားရစေတဲ့အပြင် စိတ်ပူပင်သောကတွေကို လျော့ပါးစေ ပါတယ်။




အယ်လ်ကိုဟောနှင့် ကဖင်းကို ရှောင်ပါ


အယ်လ်ကိုဟောကို ရှောင်တာ အကောင်းဆုံးပါ။ မရှောင်နိုင်ရင် အနိမ့် ဆုံးပမာဏပဲ သောက်ပါ။ အရက်ကို အလွန်အမင်းသောက်ပြီး အိပ် တာကြောင့် အိပ်တဲ့အခါ သွားကြိတ်နိုင်ခြေပိုများကြောင်း အိပ်စက်မှု ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကဖင်းဟာလည်း လှုံ့ဆော်
ပေးတဲ့ အာနိသင်ရှိတာကြောင့်ကော်ဖီ၊ လက်ဖက်ရည်ကြမ်း၊ ကဖင်း ပါတဲ့ အချိုရည် စတာတွေကိုသောက်ရင် သွားကြိတ်နိုင်ခြေ ပိုများပါ တယ်။




★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...