05 June, 2013

အိမ်ထောင်ရေးကြောင့် ရရှိနိုင်သော ကျန်းမာရေးထိခိုက်မှုများကို ရှောင်လွှဲနိုင်ပြီး ကောင်းကျိုးများကိုသာ ရယူနိုင်စေရန်

ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်သလို ပဲအဆင်မပြေတဲ့အခါမှာ ကျန်းမာရေးထိခိုက်မှုတွေလည်း ဖြစ်ရတတ်ပါတယ်။ ဒီလို ကျန်းမာရေးထိခိုက်မှု
တွေမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အိမ်ထောင်ရေးအဆင်မပြေတဲ့အခါ ကြုံလာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်
တွေနဲ့အိမ်ထောင်ရေးအဆင်ပြေတဲ့အခါ ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။


ကိုယ်အလေးချိန်မြင့်တက်ခြင်း


၂ဝ၁၂ လေ့လာသုံးသပ်မှုအရ အိမ်ထောင်ပြုပြီးတဲ့ သူတွေက ကိုယ်အလေးချိန်တက်လာလေ့ရှိပြီး လင်မ
ယား ပြတ်စဲတဲ့အခါ ကိုယ်အလေးချိန်လျော့ကျသွားလေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တချို့ အိမ်ထောင် သည်တွေဟာ တစ်ဦးနဲ့တစ်ဦး ပဋိပက္ခဖြစ်ပြီး ကတောက်ကဆတ်ဖြစ်တဲ့အခါ အစားအသောက်နဲ့ အိပ်စက် မှုဆိုင်ရာ ပြဿနာတို့ကို ဖြစ်စေနိုင်ကာ ကိုယ်အလေးချိန် မြင့်တက်လာတတ်ပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေ ကတော့တစ်ဦးနဲ့ တစ်ဦး ကျန်းမာအောင် နေထိုင်ဖို့ အားပေးပြီး အားကစားခန်းမကို အတူသွားတာ၊ လေ့ ကျင့်ခန်းဆိုင်ရာ ပန်းတိုင်ကို အတူချမှတ်တာတို့ လုပ်ဖြစ်ကာကိုယ်ခန္ဓာ သန်စွမ်းကျန်းမာကြပါတယ်။

စိတ်ဖိစီးမှုအဆင့်


အိမ်ထောင်သည်တွေမှာ ပုံမှန် ထိတွေ့မှုရှိတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ခံစားမှုကို ကောင်း မွန်စေပါတယ်။ လေ့လာမှုတစ်ခုအရေ အိမ်ထောင်မှုသုခပြည့်ဝတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကောင်းမွန်ကြသလိုအိမ်ထောင်ရေးအပေါ် စိတ်ကျေနပ်မှုလည်း ရှိကြကြောင်း သိရပါတယ်။ အိမ်ထောင်
ရေးသုခမရရှိတဲ့ အိမ်ထောင်ဖက်တွေကတော့ ငွေရေးကြေးရေးအခက်အခဲ၊ အိမ်မှုကိစ္စဆောင်ရွက်မှုနဲ့ သား သမီးအုပ်ထိန်းမှု စတဲ့ ကိစ္စအဝဝမှာ ကြုံတွေ့လာတဲ့ စိတ်ဖိစီးမှုဒဏ်ကို မခံစားနိုင်ဘဲစိတ်ဖိစီးမှုအဆင့် မြင့် တက်နေတတ်ပါတယ်။

အိပ်စက်မှု ပြဿနာ


အိမ်ထောင်ဖက်က ဟောက်တာ၊ ဟိုဘက်ဒီဘက် စောင်းတာ စတာတွေကြောင့် အအိပ်ဆတ်တဲ့ သူဆိုရင် အိပ်ရေးပျက်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့ဘက်မှာ နုံးချည့်ညောင်းညာတာနဲ့ ပင်ပန်း
နွမ်းနယ်တာတို့ ခံစားရတတ်ပါတယ်။ လေ့လာမှုအရအိမ်ထောင်ရေးပဋိပက္ခနဲ့ လုံခြုံနွေးထွေးမှု မရှိတာ
ကြောင့် အိပ်ရေးပျက်စေပြီးအိပ်ရေးပျက်တာကြောင့် အိမ်ထောင်ရေးအခြေအနေကို ပိုဆိုးစေတယ်လို့ ဆို ထားပါတယ်။

စိတ်ဓာတ်ကျခြင်း


စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာက ဆက်စပ်နေပါတယ်။ အထူးသဖြင့်မအောင်မြင်တဲ့ အိမ်ထောင်
ရေးကြောင့် စိတ်ဓာတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ လေ့လာမှုတစ်ခုအရ စိတ်ကျဝေဒနာမျိုးရိုးရှိတဲ့ အမျိုးသမီးတွေကခင်ပွန်းသည် သစ္စာမရှိရင် ဒါမှမဟုတ်အိမ်ထောင်ရေးပြိုကွဲရင် စိတ်ကျရောဂါဖြစ်နိုင်ခြေ
ခြောက်ဆ ပိုအဖြစ်များတယ်လို့ သိရပါတယ်။

ပူပင်သောကများခြင်း


အိမ်ထောင်သည်အများစုဟာ အကြောင်းအမျိုးမျိုးအပေါ် ပူပင်သောကများတတ်တာ သဘာဝပါ။ ဒါပေမဲ့ အိမ်ထောင်ရေးအဆင်ပြေချောမွေ့ရင် ပူပင်သောကကို ကျော်လွှားနိုင်ပေမယ့် အိမ်ထောင်ရေးအဆင်မပြေ တဲ့သူတွေမှာ ပူပင်သောက ပိုများရတတ်ပါတယ်။

အရက်သောက်ခြင်း


ချစ်ခင်ကြင်နာမှုရှိတဲ့ အိမ်ထောင်ဦးစီးတွေက သူတို့ အရက်ဘယ်လောက်ပမာဏပဲ သောက်သင့်တယ်၊ ဘယ်အချိန်မှာ သောက်သင့်တယ်ဆိုတာကို သိနားလည်ကြပါတယ်။ စုံတွဲ၆ဝဝကျော်ကိုလေ့လာတဲ့ လေ့ လာမှုတစ်ခုအရ အရက်ကို အလွန်အမင်းသောက်သုံးတဲ့ ခင်ပွန်းသည်တွေကြောင့် အိမ်ထောင်ရေးပြဿနာ
တွေ ဖြစ်ရကြောင်း သိရပါတယ်။

သွေးတိုးခြင်း


လူတစ်ယောက်စားတဲ့ အစာ၊ လေ့ကျင့်ခန်းလုပ်တဲ့အလေ့အထနဲ့ စိတ်ဖိစီးမှုအဆင့်တွေဟာ သွေးဖိအား အပေါ်သက်ရောက်မှုရှိပါတယ်။ အလားတူပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်သူတွေက မပျော်ရွှင် သူတွေထက် သွေးဖိအားကောင်းမွန်နေကြောင်း ဘရိုင်ဟမ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ အိမ်ထောင်ရေးမှာ မပျော်ရွှင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်းအထွက်များကာ နှလုံးခုန်နှုန်းပိုမြန်လာပါ တယ်။

နှလုံးကျန်းမာရေး


အိမ်ထောင်ရေး အဆင်ပြေတဲ့အခါ အထူးသဖြင့် အမျိုးသားတွေဟာ နှလုံးရောဂါထနိုင်ခြေ နည်းပြီး နှလုံး ခွဲစိတ်ကုသမှုခံယူရရင်တောင် ရလဒ်ပိုမိုကောင်းမွန်ကြကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ စိတ်ဖိစီးမှုနဲ့ တခြား အခြေအနေ(ဥပမာ-သွေးတိုးတာ)တွေဟာ အိမ်ထောင်ဖက်ရဲ့ ချစ်ခင်တဲ့ ထိတွေ့ပြုစုမှု၊ အားပေး စကားတွေကြောင့် သက်သာရာရနိုင်လို့ပါ။


ကင်ဆာကြောင့် အသက်ရှင်နိုင်ခြေ


လေ့လာမှုအမျိုးမျိုးအရ တစ်ဦးနဲ့တစ်ဦး အားပေးဖေးမတတ်တဲ့ အိမ်ထောင်သည်တွေမှာ ကင်ဆာရောဂါ ခံစားခဲ့ရရင်တောင် အသက်ရှင်နိုင်ခြေ ပိုမိုမြင့်မားကြောင်း တွေ့ရပါတယ်။ အိမ်ထောင်သည်တွေဟာ ကင်ဆာဖြစ်လာရင် နောက်ထပ် ၁ဝ နှစ်အသက်ရှင်နိုင်ခြေ ၅၈ ရာခိုင်နှုန်းရှိပြီး အိမ်ထောင်ကွဲသူတွေ ကတော့ နောက်ထပ် ၁ဝ နှစ်အသက်ရှင်နိုင်ခြေ ၃၇ ရာခိုင်နှုန်းပဲ ရှိတာကိုလေ့လာတွေ့ရှိရပါတယ်။ အိမ်ထောင်ကွဲတာနဲ့ စိတ်ဖိစီးမှုများတာတွေကြောင့်ကိုယ်ခန္ဓာရဲ့ ကိုယ်ခံစွမ်းအားအဆင့်ကိုထိခိုက်စေပြီး ကျန်းမာရေးထိခိုက်မှုဖြစ်ရကြောင်း လေ့လာသူက မှတ်ချက်ချထားပါတယ်။

အသည်းကွဲဝေဒနာ


ကိုယ်ချစ်ခင်တဲ့သူနဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲပြတ်စဲရတဲ့အခါ စိတ်ဖိစီးမှုများပြီး ခံစားရတဲ့
ဝေဒနာကို အသည်းကွဲတယ်လို့တင်စားကြပါတယ်။ ဒီအချိန်မှာ နှလုံးရောဂါထနိုင်ခြေလည်း မြင့်တက်တတ် ပါတယ်။ စိတ်ခံစားမှုကောင်းစေသည့်ဟော်မုန်းများ အိမ်ထောင်သည်တွေမှာအိမ်ထောင်မှုသုခအပြည့်အဝ ရရှိတာကြောင့်စိတ်ဖိစီးမှုကို လျော့ကျစေရုံသာမက ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အိမ်
ထောင်သည်တွေမှာ ချစ်ခင်တဲ့ပွေ့ဖက်မှုကြောင့် အောက်ဆီတိုစင်ဟော်မုန်းအဆင့် မြင့်တက်ပြီး စိတ်ဖိစီးမှု
လျော့နည်းကာ စိတ်ခံစားမှုကောင်းမွန်ကြောင်းလေ့လာမှုတွေက ဆိုပါတယ်။ အထူးသဖြင့် အိမ်ရှင်မတွေ ဟာ ပွေ့ဖက်မှုကြောင့်သွေးတိုးကျသလို စိတ်ဖိစီးမှုဟော်မုန်းအဆင့် လျော့ကျမှုရှိတာကိုတွေ့ရပါတယ်။ အိမ်
ထောင်သည်တွေမှာ လက်ချင်းဆုပ်တာ၊ ပခုံးကို ပွေ့ဖက်တာ၊ လက်မောင်းကို ထိတွေ့တာလို အပြုအမူလုပ် ရင်တောင် စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းအဆင့်မြင့်တက်ပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...