03 June, 2013

သင့်ကလေးနှင့် အတူကစားခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ


ကလေးတွေ တွားသွားတတ်တဲ့ အရွယ်ကစပြီး လမ်းလျှောက်တတ်တဲ့အချိန်အထိ အုပ်ထိန်းသူ၊ လူကြီးမိဘ တစ်ဦးဦးက အမြဲမပြတ် စောင့်ကြည့်ဂရုစိုက်နေရပါတယ်။ ကလေးကို မူကြိုမပို့ခင်အချိန်မှာ ကလေးနဲ့အတူ
ဆော့ကစားပေးတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။




ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိခြင်း


ကလေးကို ချစ်စဖွယ်စကားစမြည် ပြောဆိုတာ၊ ပွေ့ဖက်နမ်း ရှုံ့တာနဲ့ ကလေးရဲ့ အပြုအမူကောင်းတွေကို ချီးကျုးစကား
ပြောတာတွေကြောင့် ကလေးကို လိမ္မာရေးခြားရှိစေပြီး သင့် အပေါ် ချစ်ခင်တွယ်တာမှု ပိုစေပါတယ်။






စကားပြောစွမ်းရည် တိုးတက်ခြင်း


ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိခြင်းကလေးကို ချစ်စဖွယ်စကား စမြည်ပြော ဆိုတာ၊ ပွေ့ဖက်နမ်းရှုံ့တာနဲ့ ကလေးရဲ့ အပြု အမူကောင်းတွေကို ချီးကျုးစကားပြောတာတွေကြောင့် ကလေးကို လိမ္မာရေးခြားရှိစေပြီး သင့်အပေါ် ချစ်ခင်တွယ် တာမှုပိုစေပါတယ်။ ကလေးက စကားကို ကောင်းကောင်း မပြောတတ်သေးပေမယ့် သင်က ''ဒီအရုပ်နဲ့ ဆော့မလား၊ စက်ဘီးစီး မလား''စသဖြင့် မေးမြန်းရင်း သူ့ကို ရွေးချယ်ခွင့်
ပေးကာ ကစားခိုင်းပါ။ သူ့ကို ပုံပြင် ဖတ်ပြတာ၊ ချော့မြူတဲ့ စကားပြောတာတို့ကြောင့်လည်းကလေးငယ်ရဲ့ စကားပြော
စွမ်းရည်ကို တိုးတက်စေပါတယ်။



ဥာဏ်ရည်တက်စေခြင်း


ကလေးက ပစ္စည်းတွေကို ယူပြီးခုံပေါ်ကနေ ပစ်ချတာ၊ ပစ္စည်းတွေကိုကောက်ခိုင်းတာတို့ လုပ်တဲ့အခါ စိတ်ရှည် ရှည်ထားသင့်ပါတယ်။ ဒါကသင့်ကလေး သင်ကြားနေတာ
ဖြစ်လို့ဥာဏ်ရည်ဖွံ့ဖြိုးစေတဲ့ နည်းလည်းဖြစ်ပါတယ်။ ရောင် စုံပါတဲ့ ပုံလေးတွေကိုပြပြီး အရောင်တွေကို ခွဲခြားပြောပြ တာမျိုးနဲ့ ကလေးကို ပြန်မေးတာမျိုးတွေလည်း လုပ်ပေးရင် ကလေးကို ဥာဏ်ရည်တက်စေပါတယ်။



ပျော်ရွှင်မှု ရရှိခြင်း


ကလေးနဲ့အတူ ကစားချိန်မှာ ပျော်ပျော်ရွှင်ရွှင် ကစားပေးပါ။
ကလေးရောသင်ပါ တကယ် ပျော်ရွှင် ချိန်မှာ ကိုယ်တွင်း မှကောင်းတဲ့ ဟော်မုန်းတွေ ထွက်လာပြီးကလေးရဲ့ စိတ်မှာ လုံခြုံချမ်းမြေ့မှုကို ရရှိစေပါတယ်။





ကိုယ်ခန္ဓာ သန်စွမ်းကျန်းမာခြင်း


ကလေးနဲ့အတူ လမ်းလျှောက်တာ၊ ပြေးတာ၊ ကလေး စက်ဘီး စီးချိန်မှာ တွန်းပေးတာတို့ လုပ်ပေး တာကြောင့် ကလေးရဲ့ ခန္ဓာကိုယ်ကို သန်စွမ်းစေရုံသာမက သင့်ကိုယ်အလေးချိန်ကို လည်း ထိန်းသိမ်း ရာရောက်ပါတယ်။





★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...