03 June, 2013

သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသော HPV ပိုးကို ကာကွယ်နိုင်ရန်


လိင်အင်္ဂါကြွက်နို့ပိုးလို့ခေါ်တဲ့ HPV တချို့မျိုးစိတ်တွေက လိင်အင်္ဂါကို ကြွက်နို့ဖြစ်စေပြီး သားအိမ်ခေါင်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာအန္တရာယ်ကင်းဝေးအောင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။


အမျိုးသမီးတိုင်းအတွက် မလုပ်မဖြစ် သားအိမ်ခေါင်းအသားစယူစစ်ဆေးမှု


HPV ပိုးတချို့က လူအများစုအတွက် အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ တချို့မျိုးစိတ်တွေက အမျိုးသမီးတွေ မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့အတွက် အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေဟာ သားအိမ်ခေါင်း အသားစယူစစ်ဆေးမှုကို နှစ်စဉ်ပြုလုပ်သင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး


သားအိမ်ခေါင်း ကာကွယ်ဆေးကို ၂ဝဝ၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီးဒီကာကွယ်ဆေးဟာ HPV မျိုးစိတ် နှစ်မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီမျိုးစိတ်နှစ်ခုဟာ သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင်ခြေ အများ ဆုံး ဗိုင်းရပ်စ်မျိုးကွဲတွေ ဖြစ်တာကြောင့် လိင်ဆက်ဆံမှုမရှိခင်မှာ အမျိုးသမီးတွေအနေနဲ့ ဒီကာကွယ်ဆေး ကို ထိုးနှံထားသင့်ကြောင်း CDC က သတိပေးထားပါတယ်။

အန္တရာယ်မကင်းသော လိင်ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံး


သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံမထားသူတွေအနေနဲ့ အန္တရာယ်မကင်းတဲ့ Sex ကိစ္စအတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ပိုးကို ကာကွယ်နိုင်ဖို့ ကွန်ဒုံးသုံးသင့်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...