03 June, 2013

နှစ်ခြိုက်စွာ အိပ်မောကျစေရန် ကူညီသည့် အစာသုံးမျိုး


အိပ်ရေးပျက်တာကြောင့် ခါးအတိုင်းအတာ တုတ်လာသလို နှလုံးကျန်းမာရေးသာမက တခြားကျန်းမာရေး အခြေအနေတွေကိုလည်းထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ ဒါကြောင့်ညစဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်အောင် အောက်ပါ အစာသုံးမျိုးကို ရွေးချယ်စားဖို့ ကြံပြုလိုပါတယ်။


ချယ်ရီသီး - ချယ်ရီသီးမှာ မယ်လ်တိုနင်လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အများအပြားပါဝင်ပါတယ်။ ဒီဟော် မုန်းကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေနိုင်ပါတယ်။

သီဟိုဠ်စေ့ - သီဟိုဠ်စေ့မှာလည်းအိပ်စက်မှုအတွက် အရေးပါတဲ့ မယ်လ်တိုနင်ဟော်မုန်း အများအပြား ပါဝင်နေပါတယ်။

ရွှေဖရုံစေ့ - ရွှေဖရုံစေ့ကလည်း အိပ်စက်မှုစနစ်ကို ကောင်းမွန်စေကြောင်း လေ့လာသိရှိရပါတယ်။ မအိပ် ခင် သရေစာ အနေနဲ့ရွှေဖရုံစေ့ကိုစားတဲ့ အမျိုးသမီးတွေဟာမစားသူတွေထက် အိပ်စက်မှုဆိုင်ရာ အရည် အသွေးပိုမိုကောင်းမွန်ကြောင်းလေ့လာသူတွေကဆိုထားပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...