03 June, 2013

သင့်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး စွမ်းအင်တိုးစေမည့် သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များ


ကျွန်တော်တို့ စားသောက်တဲ့အချိန်တိုင်းစားသမျှ ကယ်လိုရီကနေ စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ဇီဝကမ္မ
ဖြစ်စဉ်ကို ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ ခန္ဓာကိုယ်အရွယ်အစား၊ လိင်အမျိုးအစားနဲ့ အသက်အရွယ် စတဲ့ အချက်တွေ အားလုံးဟာဇီဝကမ္မဖြစ်စဉ်မှာ အရေးပါတဲ့ အချက်တွေဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်က
မြန်လေလေ၊ ကယ်လိုရီ ပိုမိုလောင်ကျွမ်းလေလေဖြစ်ကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့ အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။


(၁) အိပ်စက်ပါ


အိပ်ရေးဝဝ အိပ်စက်အနားယူတာနဲ့ ဇီဝကမ္မဖြစ်စဉ်အကြား ဆက်စပ်မှုရှိနေကြောင်း လေ့လာသူတွေက ဆို ပါတယ်။ အိပ်ရေးပျက်တဲ့ အမျိုးသားတွေအနေနဲ့ ဇီဝကမ္မဖြစ်စဉ်က အလွန်အမင်းနှေးကွေးနေတတ်ပါတယ်။

(၂) လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ


အင်တီအောက်ဆီးဒင့်ပါတဲ့ တချို့အစားအသောက်တွေကို စားတာတင်မက လက်ဖက်စိမ်းလက်ဖက်ရည်
သောက်တာကြောင့်လည်း ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတယ်လို့ လေ့လာသူတွေကတွေ့ရှိခဲ့ပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်မှာကယ်လိုရီပါဝင်မှု မရှိတာကြောင့် အနည်းဆုံးတစ်နေ့တစ်ခွက်တော့
သောက်သင့်ပါတယ်။

(၃) လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ဆောင်ပါ


ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ရွရွပြေးတာ၊ ခပ်သွက်သွက်လမ်းလျှောက်တာ တို့ ကို ပြုလုပ်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေရုံသာမက လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ကယ်လိုရီကို ခပ်ကြာကြာလောင်ကျွမ်းစေပါတယ်။

(၄) နံနက်စာကို မဖြစ်မနေစားပါ


နေ့တစ်နေ့ကို အလုပ်နဲ့ မစတင်ခင် အစားအသောက်ကို အရင်စားပါ။ လေ့လာမှုတွေအရတစ်နေ့တာ ဇီဝကမ္မဖြစ်စဉ် မြန်ဆန်ချင်တယ်ဆိုရင်နံနက်စာနဲ့ စတင်ဖို့အရေးကြီးကြောင်း သိရပါတယ်။ တကယ်လို့ ဗိုက်မဆာရင်တောင် ဒိန်ချဉ်တစ်ခွက်တော့ သောက်ပေးသင့်ပါတယ်။

(၅) အလေးမပါ


အလေးမတာကြောင့်ကြွက်သားထုထည်ကိုသန်စွမ်းစေရုံသာမက အဆီကျကာ ကျစ်လျစ်စေပါတယ်။ အလေးမတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုမြန်ဆန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှု မြင့်မားစေပါတယ်။

(၆) ရေသောက်ပါ


ရေကို အလုံအလောက်သောက်တာကြောင့်အစာကြေညက်နှုန်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှု မြင့် မားစေပါတယ်။ ကယ်လိုရီ လောင်ကျွမ်းဖို့အတွက် တစ်နေ့ ရေရှစ်ဖန်ခွက်သောက်ပါ။

(၇) ဟင်းခတ်အမွှေးအကြိုင် စားပါ


အမျိုးသားအများစုက ငရုတ်သီးကို ရှောင်လေ့ရှိပါတယ်။ ငရုတ်သီးမှာ ပါဝင်တဲ့ ကပ်ဆိုင်စင်ဓာတ်ဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးစေပြီး အဆီတွေကိုလောင်ကျွမ်းစေတာကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အနည်းငယ်ထည့်စားသင့်ပါတယ်။

(၈) စက်ဘီးစီးပါ


စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းဟာ နှလုံးသန်စွမ်းကျန်းမာစေပါတယ်။ လေ့လာမှုတစ်ရပ်အရ ၄၅မိနစ်ကြာ စက်ဘီးစီးတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ၁၂ နာရီကျော်ကြာ မြင့်တက်နေစေတယ်လို့ သိရပါ တယ်။

(၉) အာဟာရပြည့်ဝသည့် အစာကို ရွေးချယ်စားသုံးပါ


တူနာငါးနဲ့ ဂရိတ်ဖရုတို့လို တချို့အစာတွေကဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ စားတဲ့အစာထဲမှာ ပရိုတင်းဓာတ်ဖြည့်တင်းတာကြောင့်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

(၁ဝ) ကော်ဖီတစ်ခွက် သောက်ပါ


နံနက်စာမှာ ကဖင်းဓာတ်ပါတဲ့ စားသောက်ဖွယ်ရာတွေကို ထည့်စားတာကြောင့် တစ်နေ့လုံးအလုပ်လုပ် ရတာ လန်းဆန်းစေပြီး နှလုံးခုန်နှုန်း မြန်ကာ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

(၁၁) အူလှိုက်သည်းလှိုက်ရယ်မောပါ


တစ်နေ့မှာ ၁ဝ မိနစ်ခန့် အူလှိုက်သည်းလှိုက်ရယ်မောတာကြောင့် ခန္ဓာကိုယ်ကနေ ကောင်းတဲ့ဓာတ်တွေ အထွက်တိုးစေသလို ကယ်လိုရီလောင်ကျွမ်းနှုန်း မြင့်မားစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...