03 June, 2013

သင့်အရေပြား ယားယံနေသလား



လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အရေ
ပြားဟာ မကြာခဏ ယားယံမှုတွေ ဖြစ်တတ်ပါတယ်။ အရေ
ပြား ဟာ ခြင်ကိုက်တာ၊ နေလောင်တာ၊ ဓာတ်မတည့်မှု ဖြစ် တာ၊ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုရှိတာ၊ ဆပ်ပြာ တိုက်လွန်းတာ၊ခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ခံရတာနဲ့ တချို့ဆေးဝါးတွေကြောင့် ယားယံရတတ်ပါတယ်။ အရေပြား ယားယံလို့ ကုတ်ခြစ်မိရာက ပိုးဝင်ကာ အဖုအပိမ့်တွေ ဖြစ်ပေါ် တတ်ပါတယ်။ ဒါကြောင့် အရေပြားယားယံမှု မဖြစ်စေဖို့ ကာ ကွယ်နိုင်တဲ့ အိမ်တွင်းကုထုံးတွေကို ဖော်ပြ လိုက်ရပါတယ်။


(၁) ဆော်ဒါမှုန့် ဟာ အရေပြားယားယံမှုအမျိုးမျိုးကို ကုသနိုင်တဲ့ အကောင်းဆုံးအိမ်သုံးပစ္စည်းဖြစ်ပါတယ်။ ကြက်သီးနွေးရေထဲမှာ ဆော်ဒါမှုန့်တချို့ထည့်ဖျော်ပြီးအရင်ဆုံး ကိုယ့်ခန္ဓာကိုယ်အရေပြားကိုသုတ်လိမ်း လိုက်ပါ။ ပြီးမှ ရေချိုးချရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ဆော်ဒါမှုန့်ဖျော်ရည်ထဲကို ယားယံတဲ့ အရေပြားနေရာ ကို စိမ်ထားလိုက်ပါ။ ရေတစ်ဆ၊ ဆော်ဒါမှုန့်သုံးဆ ဖျော်ထားတဲ့ အရည်ကို ယားယံနေတဲ့ အရေပြားပေးမှာ သုတ်လိမ်းပေးထားရင်လည်း သက်သာစေပါတယ်။

(၂) ဂျုံမှုန့် နဲ့ ရေချိုးတာကလည်း အရေပြားယားယံတဲ့ ပြဿနာကို ကုသပေးနိုင်ပါတယ်။ ကြက်သီးနွေးရေ ထည့်ထားတဲ့ရေစိမ်ကန်ထဲမှာ ဂျုံမှုန့်တစ်ခွက်ထည့်ပြီးမိနစ် ၂ဝ ကြာစိမ်ပေးပါ။

(၃) သံပရာသီး ဟာ အရေပြားယားယံတဲ့ခံစားမှုကို သက်သာလျော့ပါးစေတဲ့ထိရောက်မှု အရှိဆုံးအသီးပါ။ သံပရာသီးမှာ သဘာဝထုံစေပြီး ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းရှိတာကြောင့်ယားယံမှုကို လျော့ကျစေ ပါတယ်။ သံပရာသီးကို အရေပြားရဲ့ ထိခိုက်နေတဲ့ အပေါ်ယံအလွှာကို လိမ်းပေးတာကြောင့်ကြေးချွတ်သလို အာနိသင်ကို ရရှိစေပြီးယားယံမှုကို သက်သာစေပါတယ်။

(၄) ရှားစောင်းလက်ပပ် မှာ အရေပြားကိုသဘာဝအတိုင်း အနာကျက်စေပြီး သန့်စင်စေတဲ့ အာနိသင်ရှိပါ တယ်။ အရေပြားပိုးဝင်ကူးစက်တာ၊ အရေပြားခြောက်သွေ့တာ၊ အနာဖြစ်တာနဲ့ မီးပူလောင်တာတို့လို အခြေ အနေကြောင့် အရေပြားယားယံမှုကို ကုသနိုင်ပါတယ်။

(၅) ရှလကာရည် ကလည်း အရေပြားယားယံမှုကို သက်သာစေပါတယ်။ အက်စစ်ဂုဏ်သတ္တိရှိတာကြောင့် ယားယံမှုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ ရှလကာရည်မှာ ဖန်းဂပ်စ်သေစေတဲ့ အစွမ်းနဲ့ ပိုးမွှားသေစေတဲ့ အစွမ်းတို့ ရှိတာကြောင့် ထိခိုက်နေတဲ့ အရေပြားကို ကုသနိုင်ပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...