08 April, 2013

ကြိုးစားစရာမလိုပဲ ကျန်းမာရေးနှင့် ပိုညီညွတ်သော အစားအသောက်ဖြစ်စေရန်

 


ရောဂါဝေဒနာကို တွန်းလှန်နိုင်ပြီး ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစာတွေကို ကျန်းမာရေးနဲ့ ပိုညီညွတ် လာစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါနည်းတွေအတိုင်း မျှဝေထားပါတယ်။


 
☺အာလူးဟင်းကို ရေခဲသေတ္တာထဲထည့်ခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
အာလူး ဒါမှမဟုတ် အမြစ်ပါစားနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ပြီးမစားခင် ရေခဲသေတ္တာထဲ ၂၄ နာရီကြာသိမ်းထားပါ။ အေးခဲတဲ့ဖြစ်စဉ်ကြောင့် Glycemic မြင့်တဲ့ ဟင်းသီးဟင်းရွက်တွေက နိမ့်တဲ့ဟင်းသီး ဟင်းရွက်တွေအဖြစ် ကူးပြောင်းသွားပြီး သွေးတွင်းသကြားဓာတ်အဆင့်က ပိုတည်ငြိမ်စေပါတယ်။ ဒီအစာ
တွေကို ပူအောင်ပြန်နွှေးပြီးမှ စားရင်လည်း ဒီအာနိသင်ကို ရရှိစေတာပဲဖြစ်ပါတယ်။ တကယ်လို့ သံလွင်ဆီ စစ်စစ်ကိုထည့်ချက်ရင် ဇီဝရုပ်ဖြစ်ပျက်မှုကို နှေးကွေးစေပါတယ်။

☺အေးခဲနေသော ဘယ်ရီသီးများကို မိုက်ခရိုဝေ့ခ်ထဲထည့်ခြင်းဖြင့် ကျန်းမာရေးနှင့်
ပိုညီညွတ်စေနိုင်
ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ဘယ်ရီသီးတွေထက် မိုက်ခရိုဝေ့ခ်ထဲ ထည့်ပြီးအရည်ပျော်အောင်လုပ်ထား တဲ့ ဘယ်ရီသီးတွေမှာ အင်တီအောက်ဆီးဒင့်နှစ်ဆပိုပါဝင်ပြီး ဗီတာမင်စီပါဝင်မှုပိုများကြောင်းသိရပါတယ်။

☺ဟင်းရွက်သုပ်ကို တစ်ရက်ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကျန်းမာရေးနှင့်ပိုညီညွတ်စေနိုင်
ဆလတ်ရွက်လို အစိမ်းသုပ်စားမယ့် ဟင်းရွက်တွေကိုမသုပ်ခင် တစ်ရက်ကြိုတင်ပြီး လှီးဖြတ်ထားတာ
ကြောင့် အင်တီအောက်ဆီးဒင့်ပမာဏကို လေးဆတိုးမြင့်စေကြောင့် လေ့လာမှုထောင်ပေါင်းများစွာအရ သိရပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို လက်ချောင်းတွေနဲ့ ချိုးဖျက်ပြီး စက္ကူနဲ့ထုပ်ကာ ပလတ်စတစ်အိတ်ထဲထည့်ပါ။ ဒါမှ အပိုအစိုဓာတ်တွေကိုစုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် နောက်တစ်နေ့ မစားခင်အထိ ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ။

☺အ၀ါရောင် ပြောင်းဖူးကို စားခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
အဖြူရောင် ပြောင်းဖူးထက် အ၀ါရောင်ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း ၃၅ဆ ပိုများပါတယ်။ ဗီတာမင်အေ ရဲ့ ရှေ့ပြေးဖြစ်တဲ့ ဘီတာကယ်ရိုတင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် လုပ်ငန်း
ဆောင်တာတွေပါဝင်ပါတယ်။

☺မုန်လာဥနီတစ်တောင့်လုံးကို ချက်ပြုတ်ခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
ချက်ထားတဲ့မုန်လာဥနီဟာ အစိမ်းထက် အာဟာရတန်ဖိုးပိုများပါတယ်။ မုန်လာဥနီတစ်တောင့်လုံး ကို ချက်တဲ့အခါ လှီးဖြတ်ထားတဲ့ မုန်လာဥနီထက် ကင်ဆာတွန်းလှန်ပေးတဲ့ ဖယ်ကာရီနောဒြပ်ပေါင်း ၂၅ ရာခိုင်နှုန်းပိုမိုပါဝင်ပါတယ်။

☺လှီးဖြတ်ထားသော ကြက်သွန်ဖြူကို သုံးခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
မချက်ခင် ၁၀ မိနစ်အလိုမှာ ကြက်သွန်ဖြူကို လှီးဖြတ်တာ၊ ထောင်းတာ၊ ကြိတ်ခြေတာတို့ကြောင့် ကင်ဆာ တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း၊ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်စီစတဲ့ အစွမ်းထက်ဆေးဖက်ဝင် အာနိသင်တို့ ပါရှိပါတယ်။

☺ပန်းဂေါ်ဖီစိမ်းထည့်ထားသော အိတ်ကို အပေါက်ဖောက်ခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
အပေါက်သေးသေးလေးတွေ ဖောက်ထားတဲ့ ပလတ်စတစ်အိတ်ထဲထည့်ထားတဲ့ ပန်းဂေါ်ဖီစိမ်းဟာ တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ အိတ်ထဲသိုလှောင်ထားတဲ့ ပန်းဂေါ်ဖီစိမ်းထက် အင်တီအောက်ဆီးဒင့် ၁၂၅ ရာခိုင်နှုန်း ပိုများပါတယ်။

☺ဂရိတ်ဖရုကို မြုံ့ကာ ၀ါးခြင်းဖြင့်ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
ဂရိတ်ဖရုကို သေးငယ်တဲ့ အမြွာတွေခွဲပြီး စားတာကြောင့် ဆဲလ်နံရံတွေ ပြိုကွဲကာ လိုင်ကိုပင်းပမာဏ များများစုပ်ယူရရှိပါလိမ့်မယ်။

☺ဂျုံ၊ ပြောင်းတို့ထဲ ငရုတ်သီးထည့် ချက်ခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
ဂျုံ၊ ပြောင်းစတာတွေကို ချက်စားတဲ့အခါ အစာမကြေတာ မဖြစ်စေဖို့ ငရုတ်သီးထည်ပ့စားသင့်ပါတယ်။ ငရုတ်သီးအစိမ်းတောင့် တစ်ထောင့်မှာ လီမ္မော်သီးတစ်လုံးမှာထက် ဗီတာမင်စီ နှစ်ဆခန့်ပိုမိုပါဝင်နေပါတယ်။

☺လတ်ဆတ်သော ခရမ်းချဉ်သီးထက် အေးခဲထားသောခရမ်းချဉ်သီးက ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
တာရှည်ခံအောင် အေးခဲပြုပြင်ထားတဲ့ ခရမ်းချဉ်သီးတွေက လိုင်ကိုပင်းပါဝင်မှု အမြင့်မားဆုံးဖြစ်ပါတယ်။ အနီရောင်ရင့်ရင့် ခရမ်းချဉ်သီးမှာ အ၀ါရောင်၊ ရွှေရောင်နဲ့ အစိမ်းရောင် ခရမ်းချဉ်သီးမှာထက် အင်တီ
အောက်ဆီးဒင့် ပိုမိုပါဝင်ပါတယ်။

☺အစိမ်းရောင်ဟင်းရွက်များထဲ သံပရာရည်ညှစ်ထည့်ခြင်းဖြင့် ကျန်းမာရေးနှင့်ပိုညီညွတ်စေနိုင်
ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်အများအပြားပါဝင်တာ
ကြောင့် ဗီတာမင်စီပါတဲ့ သံပရာထည့်ပေးရင် အဲဒီအစာတွေကို ချေဖျက်နိုင် စွမ်းအား ပိုမိုကောင်းမွန်ပြီး ခန္ဓာကိုယ်က လွယ်လွယ်စုပ်ယူနိုင်ပါတယ်။

☺အဖြူရောင်ချောကလက်ထက် အမည်းရောင်ကို သုံးခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
လေ့လာမှု အမျိုးမျိုးအရ ကိုကိုး ၇၀ ရာခိုင်နှုန်းကျော်ပါတဲ့ အမည်းရောင်ချောကလက်ဟာ မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေတာ၊ သွေးတိုးကျစေတာ၊ ရောင်ရမ်းမှုလျော့ကျစေတာနဲ့ ကိုယ်အလေး ချိန် လျော့ကျတာစတဲ့ အကျိုးကျေးဇူးတွေရှိကြောင်း လေ့လာမှုတွေက ဆိုပါတယ်။

☺ကညွတ်ကို နှင်းဆီကဲ့သို့ သိမ်းခြင်းဖြင့် ကျန်းမာရေးနှင့် ပိုညီညွတ်စေနိုင်
ကညွတ်ကို ပန်းကန်လုံးထဲမှာ ထောင်ပြီး ရေခဲသေတ္တာထဲထည့်တာကြောင့် ပိုလတ်ဆက်ပြီး အင်တီ
အောက်ဆီးဒင့် ပိုကြွယ်ဝကာစားတဲ့အခါ ဇီဝရုပ်ဖြစ်ပျက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...