08 April, 2013

သင့်ကလေး ကျန်းမာလန်းဆန်းရေးအတွက်နွေကျောင်းပိတ်ရက်တွင် ပျိုးထောင်ပေးသင့်သည်များ



 



နွေရာသီမှာ ကျောင်းအားလပ်ရက်ရတဲ့ ကလေးတွေ အထိုင် များပြီး အစားကြူးတာကြောင့် အ၀လွန်လာ တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အိပ်စက်မှု၊ စားသောက်ပုံနဲ့ ကိုယ်လက်လှုပ်ရှား မှုတွေမှာ အကျင့်ကောင်းတွေ ကို ပျိုးထောင်ပေးသင့်ပါတယ်။

 

 

အိပ်စက်မှု

နွေရာသီကျောင်းပိတ်ရက်ဖြစ်လို့ သင့်ကလေးကို ညဥ့်နက်မှ အိပ်စက်ပြီးနေမြင့်မှ အိပ်ရာထတာမျိုး မလုပ်ပါစေနဲ့။ ကျောင်းတက်စဉ်ကလိုပဲ စောစောအိပ်ရာဝင်ပြီး အိပ်ချိန်အလုံအလောက်ရအောင်
လေ့ကျင့်ပေးပါ။ ဂိမ်းကစားချိန်ကိုလည်း တစ်နေ့နာရီဝက်ပဲ ခွင့်ပြုပေးသင့်ပါတယ်။

စားသောက်ပုံ

နွေရာသီမှာ သင့်ကလေးကို အဓိက ကျွေးသင့်တဲ့ သစ်သီးတွေက ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီ သီး၊ သင်္ဘောသီး စတာတွေ ဖြစ်ပါတယ်။ ကလေးကို သရေစာအဖြစ် သစ်သီးဖျော်ရည်တိုက်ပါ။ သစ်သီး စိတ်တွေကိုသုပ်ပြီး ရေခဲသေတ္တာထဲထည့်ကာ ကလေးဗိုက်ဆာတိုင်း ယူစားခိုင်းသင့်ပါတယ်။ ဒါဆိုရင်
ချွေးဘယ်လောက်ထွက်ထွက်၊ ဘယ်လောက်ပူပူ ကလေးငယ်က လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

တစ်နေ့မှာ ကလေးတွေရဲ့ ကိုယ်လက်လှုပ်ရှားချိန်က အနည်းဆုံး ၆၀ မိနစ်ရှိပါစေ။ နွေရာသီမှာ ကလေး
တွေကို ရေကူးသင်တန်းပို့တာ၊ ရေကူးစေတာက သင့်တော်တဲ့ လှုပ်ရှားမှုပဲဖြစ်ပါတယ်။ နေပူချိန်မှာ အိမ်ပြင်ထွက်ပြီး စက်ဘီးစီးတာ၊ ခုန်ပေါက်ပြေးလွှားတာတို့ မလုပ်ဖို့တားမြစ်ပါ။ တကယ်လို့ သင့်ကလေး ကစက်ဘီးစီးတာ၊ ပြေးတာ၊ ဘောလုံးကန်တာစတဲ့ အားကစားတွေကို လုပ်ဆောင်ချင်စိတ်ရှိရင် ညနေ
စောင်းအချိန်မှာ ပြုလုပ်ခွင့်ပေးပါ။

အ၀တ်အစား

နေပူပြင်းတဲ့ရက်တွေမှာ ကလေးကို ၁၀၀ ရာခိုင်နှုန်း ချည်သားနဲ့ ရက်လုပ်ထားတဲ့ဝတ်စုံဝတ်ပေးရပါမယ်။ ချည်သားက လေ၀င်လေထွက်ကောင်းစေတာကြောင့် ကလေးခန္ဓာကိုယ်ဆီ လေရောက်စေသလို ချွေး ထွက်ရင်လည်း အငွေ့ပြန်ကာ အေးမြသွားစေပါတယ်။ ဒါဆိုရင် ကလေးအရေပြား အပူလောင်တာနဲ့ ယားယံပြီးစပ်ဖျဉ်းဖျဉ်းဖြစ်တာတို့ မခံစားရတော့ပါဘူး။ အရောင်ရင့်တဲ့ အ၀တ်အစားတွေက အပူကိုစုပ်ယူ ထားတာကြောင့် ကလေးကို ပိုပူစေပါတယ်။ ဒါကြောင့် ဖျော့တော့တဲ့ အရောင်တွေကို ၀တ်ဆင်ပေးသင့် ပါတယ်။

Tips ~ ကလေးအပြင်ထွက်တဲ့ခါ နေကာခရင်မ်လိမ်းပေးဖို့၊ ချည်သားလက်ရှည်ဝတ်စုံကို ၀တ်ပေးဖို့နဲ့ ဦးထုပ်ဆောင်းပေးဖို့လည်း မမေ့သင့်ပါ။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...