09 April, 2013

သင်က တကယ် သက်ရှည်ကျန်းမာမယ့်သူလား


သင်က တကယ်ပဲ အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနဲ့ ဘ၀ကို ဖြတ်သန်းနိုင်မယ့်သူလားဆိုတာ သိနိုင်ဖို့
အောက်ပါအချက်တွေနဲ့ ဆန်းစစ်ကြည့်ရအောင်။


အိမ်အကူ မရှိလျှင်

အိမ်သန့်ရှင်းရေးလုပ်တာ၊ ဖုန်သုတ်တာ၊ ပြတင်းပေါက်တွေ ဆေးတာတို့ကို တစ်နာရီကျော်ကြာလုပ်တာ
ကြောင့် ၂၈၅ ကယ်လိုရီလောင်ကျွမ်းစေနိုင်တဲ့အပြင် စောစောသေဆုံးနိုင်ခြေ ကို ၃၀ ရာခိုင်နှုန်းလျော့ ကျစေပါတယ်။
  

ဆယ်ကျော်သက်အရွယ်က ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ရှိခဲ့လျှင်

ကလေးကျန်းမာရေးဂျာနယ်က မွေးဖွားစဉ်မှ အသက် ၂၈ နှစ်အထိ အာဖရိက-အမေရိကန်လူမျိုး ၁၃၇ ဦး ကို လေ့လာခဲ့ရာ အသက် ၁၄ နှစ်အရွယ်မှာ ကိုယ်အလေးချိန်များနေသူတွေက အရွယ်ရောက်လာချိန်မှာ အမျိုးအစား(၂)  ဆီးချိုရေဂါ ဖြစ်နိုင်ခြေများကြောင်းသိရပါတယ်။ ဆီးချိုရောဂါရှိသူတွေက ရောဂါမရှိ သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၂-၄ဆ ပိုများကြောင်း အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်း ကဆိုပါတယ်။

ဘွဲ့ရပညာတတ်ဖြစ်လျှင်

ဟားဗတ်ဆေးကျောင်းရဲ့ လတ်တလောလေ့လာမှုတစ်ရပ်အရ ၁၂ နှစ်ကျော်ကြာတဲ့အထိ ကျောင်းပညာ သင်ခဲ့ရသူတွေ (ကောလိပ်ကို တစ်နှစ်ပဲတက်ခဲ့ရင်တောင်) ဟာ ကျောင်းတက်နှစ် လျော့နည်းသူတွေထက် လူ့သက်တမ်း ၁၈လ ပိုရှည်ရှည်နေရကြောင်း သိရပါတယ်။ ပညာပိုတ်လေလေ၊ ဆေးလိပ်စွဲနိုင်ခြေလျော့ နည်းလေလေ ဖြစ်လို့ပါ။ ဘွဲ့ရတဲ့ အရွယ်ရောက်သူ ၁၀ ရာခိုင်နှုန်းကသာ ဆေးလိပ်သောက်ဖြစ်ကြပြီး ပညာသင်ယူမှုနည်းသူ ၃၅ ရာခိုင်နှုန်းကတော့ ဆေးလိပ်သောက်ဖြစ်ကြကြောင်း ရောဂါကာကွယ် ထိန်းချုပ်
ရေးစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။

သင့်သူငယ်ချင်းများကို ချစ်ခင်လေးစားမှုရှိလျှင်

"ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးစနစ်ရှိတာက စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ အရာပါ" လို့ ဆိုက်ဒါ ခရက်က်စ်ကောလိပ်က စိတ်ပညာတွဲဖက်ပါမောက္ခ မီကန်ကဆိုပါတယ်။ သင်နဲ့ ပေါင်းသင်းနေတဲ့ သူငယ် ချင်းတွေကို သင်က ရင်းနှီးကျွမ်းဝင်မှုရှိတယ်ဆိုရင်သင့်ကို ကျန်းမာအောင် ပံ့ပိုးပေးနိုင်သလို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ တကယ်လို့ ရင်ဖွင့်စရာ မိတ်ဆွေမရှိဘဲ နာတာရှည်စိတ်ဖိစီးမှုရှိနေရင် ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေပြီး ဆဲလ်တွေကိုမြန်မြန်အိုမင်း လွယ်စေကာ ဘ၀သက်တမ်းကို ၄-၈ နှစ်ကြာတိုတောင်းသွားစေပါတယ်။ သင်ရဲ့ စိတ်ဖိစီးမှုတွေလျော့ပါး သက်သာသွားစေဖို့ သင်ပြောသမျှ နားထောင်ပေးမယ့်မိတ်ဆွေသူငယ်ချင်း တွေလိုအပ်နေပါတယ်။

အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းများက ကျန်းမာရေးကောင်းမွန်လျှင်

သင်ရဲ့ အခင်မင်ဆုံးမိတ်ဆွေသူင်ယချင်းတွေက ကိုယ်အလေးချိန်မြင့်တက်နေရင် သင့်အနေနဲ့ ကိုယ်အလေးချိန်မြင့်တက်နိုင်ခြေ ၅၇ ရာခိုင်နှုန်းရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဘ၀ နေထိုင်မှုပုံစံကို တည်ဆောက်နိုင်ဖို့ စိတ်တူ၊ ကိုယ်တူ သူငယ်ချင်းတွေနဲ့ ပေါင်းဖော်သင့်ပါတယ်။ သူငယ်ချင်းနဲ့ အတူ ကိုယ်အလေးချိန်လျော့ကျစဖေို့ အားကစားခန်းမကို သွားပါ ဒါမှမဟုတ် လမ်းအတူလျှောက်ပါ။

စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်လွှားနိုင်လျှင်

ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိတယ်လို့သိနားလည်သူတွေက အရာရာကို အစီအစဉ်တကျဆောင်ရွက်နိုင်ပြီး တခြားသူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၈၉ ရာခိုင်နှုန်းနဲ့ အထက်လျော့ကျနိုင်ပါတယ်။ အလုပ်သစ်တွေကို စိန်ခေါ်ရင်း ကျော်လွှားနိုင်အောင် ကြိုးစားရတာကြောင့် ဦးနှောက်စွမ်းအားကို ပိုပြီး အသုံးချဖြစ်ကြောင်း လေ့လာသူတွေကဆိုပါတယ်။ တစ်ချိန်မှာ တွေ့ဆံလာနိုင်တဲ့ စိန်ခေါ်မှုတွေကို ပန်းတိုင် တစ်ခုချမှတ်ပြီး လုပ်ဆောင်ပါ။ ဦးနှောက်ကို လှုံ့ဆော်နိုင်တဲ့ အရာတွေကို ချမှတ်ဆောင်ရွက်ပါ။

ဇွန်




No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...