09 April, 2013

ကွန်ပျူတာသုံးစဉ် သင့်မျက်လုံးကို ဂရုစိုက်ရန်


ကွန်ပျူတာ၊ ဖုန်းစခရင်မ်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာဒဏ်ဖြစ်မှု လျော့ပါးစေဖို့ ၂၀-၂၀-၂၀ ဆိုတဲ့ စည်းမျဉ်းကို လိုက်နာပါလို့ မျက်စိအထူးကုဆရာဝန်တွေက သတိပေးထားပါတယ်။


အဆင့် (၁) ၂၀

ကွန်ပျူတာ စခရင်မ်ကြည့်ချိန် ၂၀ မိနစ်ကြာတိုင်းသင့်နေရာနဲ့ခြေလှမ်း ၂၀ ခန်းဝေးတဲ့နေရာကို ငေးကြည့်ပေးပါ။ ဒီလိုအကြည့်လွှဲလိုက်တာကြောင့် မျက်စိလှိုင်းအလျားပြောင်းလဲမှု ဖြစ်စေပြီး ညောင်းညာနေတဲ့ မျက်စိကို သက်သာရာရစေပါတယ်။

အဆင့် (၂) ၂၀

ကွန်ပျူတာသုံးချိန် မိနစ် ၂၀ ကြာတိုင်း မျက်တောင်ခတ်ပေးလိုက်ပါ။ မျက်စိခြောက်သွေ့မှုကင်းပြီး မျက်ရည် စိုစွတ်သွားစေပါတယ်။

အဆင့် (၃)  ၂၀

ကွန်ပျူတာရှေ့မှာ မိနစ် ၂၀ ကြာထိုင်ပြီးတာနဲ့ ခြေလှမ်း ၂၀ လှမ်းခန့်လမ်းလျှောက်ပေးပါ။ သင့်တစ်ကိုယ်လုံးကို သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...