08 April, 2013

ဦးဏှောက်ကျန်းမာရေးကောင်းမွန်စေမည့် နည်းသုံးသွယ်

 

သံပုရာရည် / ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ


လေ့လာမှု အသစ်တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဥာဏ်ကို ကောင်းမွန်စေကြောင်းသိရပါတယ်။
ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပုရာရည်/ ရှောက်ရည်ကို သုံးပြီးပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်းသိရပါတယ်။ ခံတွင်းထဲသကြားဝင်ရောက်ချိန်မှာ ဦးဏှောက်ရဲ့ လုံဆော်မှု ဆိုင်ရာစင်တာကို သိသိသာသာအချက်ပြ လိုက်တာကြောင့် အာရုံစူးစိုက်မှုကို ကောင်းမွန်သွား စေပါတယ်။


တစ်ည ခုနှစ်နာရီ အိပ်စက်ပါ


အိပ်စက်ချိန်များလွန်းတာက အိပ်စက်ချိန်နည်းတာလိုပဲ ကျန်းမာရေးအတွက အန္တရာယ်ပါ။ ဘရိုင်ဟမ် နဲ့
ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲကျော်ကို နှစ်၂၀ ကြာလေ့လာခဲ့ရာ ခုနစ်နာရီအိပ်သူတွေထက် နှစ်နာရီကျော်ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီလျှော့အိပ်သူတွေဟာ ဦးဏှောက်
နှစ်နှစ်ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ်မြော်မြင်
နိုင်စွမ်းကို ထိခိုက်စေပါတယ်။

ထောပတ်အတု လျှော့စားပါ


ပြောင်းဖူးပေါက်ပေါက်၊ ၀က်ပေါင်းခြောက်စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ်အတု
တွေမှာ ဒိုင်အစီတိုင်း အခြေခံဓာတုပစ္စည်းတွေပါဝင်တာကြောင့် ဦးဏှောက်ဆဲလ်တွေကို ထိခိုက်စေနိုင် ပါတယ်။ ဒိုင်အစီတိုင်း ဟာဦးနှောက်ထဲမှ ပရိုတင်းစုပုံမှုဖြစ်စေပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်စေနိုင်လို့ပါ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...