10 April, 2013

သင့်ကျန်းမာရေးအတွက် နွေရာသီ၏ ကောင်းကျိုး၊ ဆိုးကျိုးများ


နွေရာသီက ပူပါတယ်။ ဒါကြောင့်နွေရာသီကို တချို့လူတွေက သဘောမကျတတ်ပေမယ့် သင့်ကျန်းမာရေးအတွက်
နွေရာသီက ကောင်းကျိုးပြုနေတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် နွေရာသီကို သဘောမကျသင့်တဲ့ အချက်တွေလည်း ရှိနေတာကြောင့် သတိပြုဆင်ခြင်
နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။



☺နွေရာသီကို ချစ်သင့်သော အကြောင်း ငါးရပ်☺

(၁) စိတ်ဖိစီးမှု လျော့ကျစေပါတယ်

ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတဲ့ ရာသီဖြစ်လို့ ရွက်နုသစ်တွေကို မြင်ရတာက စိတ်ကြည်နူးမှုကို ဖြစ်
ပေါ်စေပါတယ်။ ရွက်နုတွေ စိမ်းလန်းဝေဆာနေတဲ့ မြင်ကွင်းကို မြင်ရတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျ
စေပါတယ်။

(၂) ချွေးထွက်ခြင်းရဲ့ ကောင်ကျိုးကို ရရှိစေပါတယ်

နွေရာသီမှာ အပြင်ထွက်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေကြောင့် ချွေးထွက်ရတတ်ပါတယ်။ ချွေး ထွက်တာကြောင့် အောက်ပါကောင်းကျိုးတွေကို ရရှိစေပါတယ်။
ချွေးထွက်တာက ခန္ဓာကိုယ်ရဲ့ အေးမြမှုရစေတဲ့ သဘာဝစနစ်ကို ရရှိစေပါတယ်။
ချွေးထွက်တာကြောင့် အသည်း၊ ကျောက်ကပ်နဲ့ နှလုံးသွေးကြောစနစ်တို့မှ အဆိပ်တွေကို ဖယ်ရှားပေး ပါတယ်။
ချွေးထွက်တာနဲ့ အတူ သင့်တင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ရှိတာကြောင့် အသားအရေ နူးညံ့ချောမွေ့
စေပါတယ်။
အရေပြားစိုပြည်စေပါတယ်။
အရေပြားချွေးပေါက်တွေရဲ့ သန့်စင်တဲ့စနစ်ကို အားကောင်းစေပါတယ်။
ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ်။

(၃)  အ၀တ်အစားအတွက် ပေးရတဲ့ အချိန်နည်းပါတယ်

ဆောင်းရာသီမှာလို နွေးထွေးအောင် အထပ်ထပ် ၀တ်စရာမလိုပါဘူး။ ချည်သားဝတ်စုံတွေ ၀တ်လိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။

(၄) ၀ါသနာအတွက် အကောင်အထည်ဖော်နိုင်ပါတယ်

ဒါကတော့ ကျောင်းတက်နေရတဲ့ လူငယ်လေးတွေရတဲ့ ကောင်းကျိုးပါ။ နွေရာသီမှာ ကျောင်းအားလပ်ရက် ရရှိတာကြောင့် ၀ါသနာပါတဲ့ တူရိယာတီးခတ်တဲ့ သင်တန်း၊ ပန်းချီဆွဲသင်တန်း၊ ဂျူဒို၊ ကရာတွေးသင်တန်း စတာတွေကို တက်ရောက်သင်ယူလေ့လာခွင့်ရရှိစေပါတယ်။

(၅) ရာသီပေါ် သစ်သီးဖျော်ရည် အစုံသောက်သုံးနိုင်ပါတယ်

ရာသီပေါ် လတ်ဆတ်တဲ့ သစ်သီး ဖျော်ရည်တွေကို သောက်သုံးခွင့်ရရှိတာကြောင့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြား အာဟာရဓာတ်တွေကို အစုံအလင် ရရှိစေပါတယ်။

☻နွေရာသီကို မုန်းသင့်သော အကြောင်း ငါးရပ်☻

(၆) ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်

ပူတဲ့ အချိန်မှာ လှုပ်ရှားမှု လုပ်ရင် ချွေးထွက်များတာကြောင့် လူအများစုက လှုပ်ရှားမှု သိပ်မလုပ်ချင်ကြပါ ဘူး။ တကယ်လို့ ဒီအချိန်မှာ အဆီအအိမ့်စာတွေ စားမိရင် အ၀လွန်ကဲလာတတ်ပါတယ်။ ဒါကြောင့်
နွေရာသီမှာ လှုပ်ရှားမှု နည်းတယ်ဆိုရင် ဟင်းသီးဟင်းရွက်များများစားပြီး ရေများများ သောက်သင့်ပါတယ်။ ပူတဲ့အချိန်မှာ အနည်းဆုံး ရေရှစ်ခွက် လောက်သောက်သင့်ပါတယ်။ သစ်သီးဖျော်ရည်များများ သောက် သင့်ပါတယ်။

(၇) ခေါင်းကိုက်တတ်ပါတယ်

တစ်နေ့တာရဲ့ အပူဆုံးအချိန် နံနက် ၁၀ နာရီနဲ့ ညနေ သုံးနာရီကြားမှာ အပြင်ထွက်တာကြောင့် ခေါင်း ကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်ထွက်ရင် နေပူဒဏ်ကြောင့် စိတ်ရှုပ်ကာ စိတ်ဖိစီးမှုမဖြစ်စေဖို့ ထီး၊ ဦးထုပ် စတဲ့ အကာအကွယ်တွေ ဆောင်းရပါမယ်။

(၈) အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်

နေရောင်ကို တိုက်ရိုက်ထိလွန်းတာကြောင့် နေလောင်ဒဏ်ရာဖြစ်စေနိုင်တဲ့အပြင် အရေပြားကင်ဆာကိုပါ
ဖြစ်လွယ်စေပါတယ်။ ဒါကြောင့် နွေရာသီမှာ နေကာခရင်မ်ကို မဖြစ်မနေလိမ်းဖို့ လိုပါတယ်။

(၉) ၀မ်းပျက်ဝမ်းလျှော ဖြစ်လွယ်ပါတယ်

ပူတဲ့အချိန်မှာ အစားအသောက်တွေက ပုပ်သိုးလွယ်တာကြောင့် အဲဒီအစားအသောက်တွေကို စားမိရင် ၀မ်းပျက်ဝမ်းလျှောဖြစ်လွယ်ပါတယ်။ ဒါ့အပြင် အမှည့်လွန်တဲ့ သစ်သီး၊ ယင်နားစာနဲ့ အပူအစပ်လွန်ကဲတဲ့ အစာတွေကြောင့်လည်း ၀မ်းနူးလွယ်ကာ ၀မ်းပျက်ဝမ်းလျှော ဖြစ်လွယ်စေပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ အစားအသောက်ကိုပဲ ဂရုပြုဆင်ခြင်ကာစားသောက်ပေးသင့်ပါတယ်။

(၁၀) အတွင်းတိမ်ဖြစ်လွယ်စေပါတယ်

ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိကို ထိခိုက်စေပြီး အတွင်းတိမ်ဖြစ်နိုင်ခြေများရတာပါ။ ဒီလိုမဖြစ်စေဖို့ အပြင်သွားတဲ့ခါ UV ကို အပြည့်အ၀ ကာကွယ်နိုင်တဲ့ နေကာမျက်မှန်ကို တပ်ဆင်ပေးသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...