10 April, 2013

ကိုယ်သင်းရနံ့သင်းပျံစေမည့် သဘာဝနည်းများ




လူတိုင်းမှာ ကိုယ်ပိုင် ကိုယ်နံ့တွေ ရှိကြပါတယ်။ ချွေးထွက်များတဲ့ အခုလိုရာသီမှာ ကိုယ်နံ့က ပိုပြီးပြင်း တတ်ပါတယ်။ ဒါကြောင့်
ချွေးနဲ့မနံဘဲ ကိုယ်သင်းရနံ့ မွှေးပျံ့စေဖို့ အောက်ပါနည်းတွေကို လိုက်နာပေးသင့် ပါတယ်။






အဆင့် (၁)

နေ့စဉ် မှန်မှန်ရေချိုးပါ

အနံ့ပြင်းတဲ့ဆပ်ပြာ ဒါမှမဟုတ် ရေချိုးဆပ်ပြာရည်လို သန့်စင်စေတဲ့ ပစ္စည်းတွေကို သုံးပြီးရေချိုးပါ။ အထူးသဖြင့် ပေါင်ခြံ၊ ချိုင်းကြား စတဲ့နေရာတွေကို သေချာသန့်စင်ဆေးကြောပေးပါ။

အဆင့် (၂)

ချွေးအလွန်အမင်းမထွက်လျှင် ချွေးနဲ့ထိန်းတောင့်နှင့် ချွေးတိတ်ဆေးကို မသုံးပါနှင့်

ချွေးထွက်ပြီး အနံ့ဆိုးနံတာက ဘက်တီးရီးယားတွေ ပေါက်ပွားလို့ဖြစ်တာပါ။ ချွေးနံ့ထိန်းဆေးတောင့်တွေ ကို အလွန်အမင်းလိမ်းတာက ဘက်တီးရီးယားတွေပေါက်ပွားအောင် ထောက်ပံ့ပေးနေသလိုပါပဲ။ ဒါကြောင့် ဒီအမျိုးအစားတွေကို မသုံးဘဲ ချိုင်းကို ရေဆွတ်ထားတဲ့ ပိတ်စနဲ့ပွတ်တိုက်ပေးတာက ပိုထိရောက်ပါတယ်။

အဆင့် (၃)

အ၀တ်အစားများကို နေ့စဉ် မှန်မှန်လဲဝတ်ပါ

အတွင်းခံ အ၀တ်အစားတွေကို ၀တ်ပြီးသား ပြန်မ၀တ်ပါနဲ့။ ခြေအိတ်နဲ့ ရှူးဖိနပ်တွေက သုံးပြီးသား ပြန်သုံး ရင် အနံ့ဆိုးထွက်တတ်ပါတယ်။ အထူးသဖြင့် ချွေးထွက်များတဲ့နေ့တွေမှာ အနံ့ဆိုးထွက်နိုင်ခြေများပါတယ်။

အဆင့် (၄) 

မကြာခဏ လက်ဆေးပါ

တစ်နေ့ အနည်းဆုံး သုံး-လေး ကြိမ်လက်ဆေးတာကြောင့် လက်ကချွေးနဲ့ ဘက်တီးရီးယားပိုးတွေကို
သေစေနိုင်ပါတယ်။

အဆင့် (၅) 

အ၀တ်အစား ထည့်ရာ ဗီရိုကို အနံ့အသက်ကောင်းအောင်ဖန်တီးပါ

အ၀တ်ဗီရိုထဲမှာ ရနံ့ပါတဲ့ စက္ကူကိုထည့်ပါ။ ဒါမှမဟုတ် ပရုတ်လုံးထည့်ပါ။ ဒါဆိုရင် ဘက်တီးရီးယားပိုးတွေ ကို သေစေပြီး အနဲ့သင်းပျံ့နိုင်ပါတယ်။

အဆင့် (၆) 

အစားအသောက်ကို ချိန်ဆပါ

ကိုယ်နဲ့ဆိုးထွက်တာက ခန္ဓာကိုယ်အစာခြေဖျက်မှု မကောင်းတဲ့အတွက် ၀မ်းချုပ်တာနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။ စားတဲ့ အစားအသောက်မှာ ဆီကြော်စာ၊ အဆင်သင့်အမြန်စာနဲ့ ပြုပြင်ထားတဲ့အစာတွေပါရင် ကိုယ်နံ့ဆိုးထွက်စေနိုင်ပါတယ်။

အဆင့် (၇) 

အနံ့မပျောက်နိုင်လျှင် ဆပ်ပြာအစား အပျော့စားရှမ်ပူကိုသုံးပါ

ကိုယ်နံ့မပျောက်နိုင်ရင် အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်လိုအစာကိုများများစားပေးပါ။ ပြီးရင် ရေချိုး တဲ့အခါ ဆပ်ပြာအစား အပျော့စားရှမ်ပူကိုသုံးပေးသင့်ပါတယ်။ အထူးသဖြင့် ချွေးထွက်များတဲ့ ချိုင်းကြား၊
ပေါင်ခြံနေရာတို့မှာ သေချာသန့်စင်ပေးရပါမယ်။

အဆင့် (၈)

နေ့စဉ် သွားကြားထိုးကြိုးသုံးပါ

တစ်နေ့ နှစ်ကြိမ်သွားတိုက်တဲ့ အပြင် တစ်နေ့နှစ်ကြိမ် သွားကြားထိုးကြိုးကို သုံးပေးဖို့လိုပါတယ်။ ဒါ့အပြင် တစ်နှစ်အနည်းဆုံး နှစ်ကြိမ် သွားဆရာဝန်နဲ့ ပြကာ သွားနဲ့ခံတွင်းကို သန့်စင်မှု လုပ်ပေးပါ။ ကိုယ်နံ့ထွက် တာက ခံတွင်းအနံ့ဆိုးထွက်တာကြောင့် ပိုသိသာတတ်တာကြောင့် သွားနဲ့ ခံတွင်းထိန်းသိမ်းမှု စနစ် မကောင်းဘဲ သွားဖုံးရောင်တာက သွားနဲ့ ခံတွင်း အနံ့ဆိုးထွက်စေပါတယ်။

အဆင့် (၉)

ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တဲ့သူတိုင်း အ၀တ်အစားမှာ ဆေးလိပ်နံ့စွဲတတ်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး ကိုယ်နံ့ဆိုးထွက်စေနိုင်ပါတယ်။

အဆင့် (၁၀) 

ဆရာဝန်နှင့်ပြပါ

ကိုယ်နံ့ဆိုးထွက်တာက ရေရှည်ပြသနာဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အနံ့ဆိုးထွက်တာက
ဟော်မှန်းအပြောင်းအလဲ၊ ဆီးချိုရောဂါ၊ ကိုယ်တွင်းရောင်ရမ်းမှု စတာတွေနဲ့လည်း ဆက်စပ်မှု ရှိနေလို့ပါ။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...