09 April, 2013

သင့်မျက်နှာက ပြောပြနေသောသင့်ကျန်းမာရေး


သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။ ကိုယ်ခန္ဓာအချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်းကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။







ကျန်းမာရေးအချက်ပြမှု (၁)

နဖူးပေါ် ၀က်ခြံပေါက်လျှင်

တရုတ်ဆေးပညာအရ နဖူးဟာ အစာခြေစနစ်နဲ့နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခုကြားနေရာက အသည်းနဲ့ဆက်နွှယ်မှု ရှိတယ်လို့ သိရပါတယ်။ အယ်လ်ကိုဟောနဲ့ အဆီအစိမ့်များလွန်းတဲ့ အစာတွေကို စားသောက်တာကြောင့် ဒီနေရာတွေမှာ ယာယီအဖုအပိမ့်တွေဖြစ်စေပါတယ်။ အာဟာရချို့တဲ့မှုဖြစ်တာ
ကြောင့် မျက်နှာအပြစ်အနာအဆာတွေ ဖြစ်စေနိုပါတယ်။ ဒီအဖုအပိမ့်တွေပျောက်အောင် အာဟာရရှိတဲ့ အစားအသောက်တွေကို စားပြီးရေဓာတ်ပြည့်ဝအောင်ကြိုးစားပါ။

ကျန်းမာရေးအချက်ပြမှု (၂)

ပါးပြင်ပေါ်တွင် အပြစ်အနာအဆာရှိလျှင်

ပိတ်ကပ်အလှကုန်တွေ၊ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေကြောင့် ပါးပြင်မှာအဖုအပိမ့်ပေါ်နိုင်သလို ဒီနေရာက အဆုတ်နဲ့ဆက်စပ်နေတာကြောင့် ဆေးလိပ်သောက်သူ၊ ပန်းနာရင်ကျပ်ရောဂါရှိသူနဲ့ ဓာတ်မတည့်မှု
ဝေဒနာရှင်တွေလိုအသက်ရှူလမ်းကြောင်းဝေဒနာရတာကြောင့် ပါးပြင်မှာ အဖုအပိမ့်ပေါ်နိုင်တယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။

ကျန်းမာရေးအချက်ပြမှု (၃)

မေးစေ့နှင့် မေးရိုးတစ်လျှောက် အဖုအပိမ့်များရှိလျှင်

မေးစေ့နဲ့ မေးရိုးလိုင်းတစ်လျှောက်အဖုအပိမ့်တွေ ရှိနေတာကဟော်မုန်းအတက်အကျကြောင့် ဖြစ်နိုင် ပါတယ်။ အထူးသဖြင့် ရာသီလာစဉ် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာတွေမှာ ကြာရှည်အဖု အပိမ့် ပေါက်တာက ဟော်မုန်းမညီမျှတာနဲ့ အန်ဒိုခရိုင်းဝေဒနာတို့ရဲ့ လက္ခဏာအနေနဲ့ပြတာ ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်ရာသီမလာတာနဲ့ ကိုယ်အလေးချိန်တတ်တာတို့လို တခြားလက္ခဏာတွေ ဖြစ်ပေါ်ရင်
 ဟော်မုန်းအတက်အကျကို စစ်ဆေးဖို့လိုပါလိမ့်မယ်။

ကျန်းမာရေးအချက်ပြမှု (၄)

မျက်ကွင်းညိုပြီး မျက်အိတ်ဖြစ်နေလျှင်

မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်ပေါ်တာက အများအားဖြင့် မျိုးရိုးလိုက်လို့ဖြစ်ရတာပါ။ ဒါပေမယ့် ရုတ်တရက်ဖြစ်ပေါ်လာရင်နဲ့ သိသိသာသာ ပိုဆိုးလာရင်တော့ ကျန်းမာရေးပြသနာတချို့နဲ့ ဆက်စပ်နေ ပါတယ်။ မျက်လုံးအောက်နေရာတစ်ဝိုက်က ကျောက်ကပ်နဲ့ဆက်စပ်နေတာကြောင့် မျက်ကွင်း ညိုတာနဲ့ မျက်အိတ်ဖြစ်တာက ရေဓာတ်ခန်းခြောက်တာနဲ့ အဆိပ်တွေ စုဆောင်းမှုရှိနေတာတို့ကြောင့် ဖြစ်နိုင်ပါ တယ်။ ဒါကိုတွန်းလှန်နိုင်ဖို့ ရေများများသောက်ပါ၊ အယ်လ်ကိုဟော၊ ကဖင်းနဲ့ဆားကို ရှောင်ပါ။ မျက်ကွင်းညိုတာက ဗီတာမင်ဘီ ၁၂ ဒါမှမဟုတ် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးအချက်ပြမှု (၅)

မှဲ့

မှဲ့တွေရှိရင် နေကာခရင်မ်မှန်မှန်လိမ်းတာ၊ နေရောင်ထဲမထွက်ပဲ အိမ်တွင်းအောင်နေတာ၊ မှဲ့တွေကို မကြာခဏစစ်ဆေးတာစတာတွေကို လုပ်ဆောင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ မှဲ့၁၀၀ ကျော်ရှိရင် အရိုးတွေ အားနည်းတတ်ပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ လန်ဒန်ကင်းကောလိပ်ရဲ့ လေ့လာမှု အရသိရပါတယ်။

ကျန်းမာရေးအချက်ပြမှု (၆)

လျှာကပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေလျှင်

တရုတ်ဆေးပညာအရ လျှာက ကျန်းမာရေးကို ဖော်ပြနေတဲ့ မြေပုံဖြစ်တာကြောင့် လျှာကိုကြည့်ပြီး ကျန်းမာရေးချို့တဲ့မှုတွေကို သိနိုင်ပါတယ်။ သံဓာတ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီ ၁၂ တို့ ချို့တဲ့မှုကြောင့်
ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ လျှာအနာ၊ လျှာနီတာတို့နဲ့ ဆက်စပ်နေသလို လျှာအရောင်က ဖြူဖွေးနေ တတ်ပါတယ်။ လျှာက အပြာရောင်သန်းနေရင် သွေးကြောထဲ အောက်ဆီဂျင် ပြတ်လပ်တဲ့ လက္ဓဏာ
ဖြစ်နိုင်သလို လျှာပေါ်မှာ အဖြူရောင်အနာဖြစ်ပေါ်တာကမှက္ခရုရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

ကျန်းမာရေးအချက်ပြမှု (၇)

မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေးအလွန်အမင်းပေါက်နေလျှင်

မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ များလွန်းရင် အင်ဒိုခရိုင်းပြသနာ (Endocrine Disorder)
ကြောင့်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး အင်ဒိုခရိုင်းပြသနာက သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေဖြစ်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (PCOS) ဖြစ်ပြီး ၀က်ခြံထွက်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ရာသီမမှန်တာနဲ့ အမွေးအမှင်ထူထဲတာတို့လို လက္ခဏာတွေ ကို တွေ့ရတတ် ပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...