20 April, 2013

အိုမင်းမှုကို ဟန့်တားပေးနိုင်သော ဖျော်ရည်များ


အိုမင်းမှုဆိုတာ မလွှဲရှောင်သာ ကြုံတွေ့ရမယ့် အရာပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတွေအသက်ဘယ်လောက် ရှည်ရှည်နေရမလဲဆိုတာ ပြောင်းလဲမှုတွေတော့ ရှိပါတယ်။ အသက်ရှည်စေတဲ့ အကြောင်းတရားတွေထဲမှာ အစားအသောက်ရွေးချယ်ပုံ မှန်ကုန်မှုကလည်း ပါဝင်နေပါတယ်။

Important Health Tips

♦ သင်မှီဝဲရတဲ့ ဆေးဝါးတွေကို ရေအေးနဲ့အတူ မသောက်ပါနဲ့။

♦ ညနေ ၅ နာရီနောက်ပိုင်း အစာအများကြီး မစားပါနဲ့။

♦ မနက်ပိုင်းမှာ ရေများများသောက်ပြီး ညဘက်မှာ ရေလျှော့သောက်ပါ။

♦ အကောင်းဆုံးအိပ်ချိန်ဟာ ည ၁၀ နာရီမှ မနက် ၄ နာရီအထိဖြစ်ပါတယ်။

♦ အစာ စားပြီးနောက် ချက်ခြင်း လဲလျောင်းမှု မပြုပါနဲ့။

♦ ဘယ်ဘက်နားနဲ့သာ ဖုန်းနားထောင်ပါ။

♦ သင့်ဖုန်းရဲ့ ဘက်ထရီမှာ အလွန်အားနည်းနေလျှင် ဖုန်းအသုံးမပြုပါနဲ့။
ဖုန်းကထွက်လာတဲ့ ရောင်ခြည်တွေက အဆပေါင်း ၁၀၀၀ ပြင်းအားပိုများလို့ပါ။
 
 GH 424 Pg.8
Good Health ဂျာနယ်

ဆီး(ဇီး) သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ



ဆီး(ဇီး)သီးဟာ မက်မွန်သီးမျိုးနွယ်ဖြစ်ပြီး ပျော်ဝင်နေတဲ့ အမျှင်ဓာတ်များစွာပါဝင်ကာ အစာခြေလမ်းကြောင်းစနစ်ကို ပါဝင်ကာ အစာခြေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါ တယ်။ ဆီးသီးမှာ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ သကြား ဓာတ်၊ အမိုင်နိုအက်စစ်၊ ဗီတာမင်၊ ဆိုဒီယမ်၊ ဖက်တီးအက် စစ်နဲ့ တခြားအာဟာရဓာတ်တွေ အများအပြားပါဝင်တဲ့ အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။



ကလေးအား ဆေးရုံတင်ရတော့မည်ဆိုရင်




"ခင်ဗျားကလေးကို ဆေးရုံတင်ဖို့ လိုပါတယ်" ဆိုတဲ့ ဆရာဝန်ရဲ့ စကားကို ကြားရတဲ့အခါ မိဘအုပ်ထိန်း သူတို့အလွန်အမင်း စိတ် ပူပင်သောကများရတတ်ပါတယ်။ မိဘအများစုက ကလေးကို
ဆေးရုံတင်ဖို့ မဖြစ် မနေ အခြေအနေမဟုတ်ရင် အိမ်မှာပဲ ကုသလို
ကြပါတယ်။ အဲဒီလို ကလေးကို ဆေးရုံတင်ဖို့ လိုအပ်လာပြီ ဆိုရင် သင်သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ကလေး မိတ်ပေါက်နေသလား


အခုလို ပူပြင်းတဲ့ နွေရာသီမှာ နုနယ်တဲ့ ကလေးအသားအရေတွေက မိတ်ပေါက်လွယ်တတ်ပါတယ်။
ယေဘုယျအားဖြင့် မိတ်ပေါက်တာက အန္တရာယ်မရှိပါဘူး။ ရာသီဥတုပူပြီး ချွေးထွက်များရာက ကလေးတွေ မှာ မိတ်ပေါက်လေ့ရှိပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...