20 April, 2013

ဆီး(ဇီး) သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ



ဆီး(ဇီး)သီးဟာ မက်မွန်သီးမျိုးနွယ်ဖြစ်ပြီး ပျော်ဝင်နေတဲ့ အမျှင်ဓာတ်များစွာပါဝင်ကာ အစာခြေလမ်းကြောင်းစနစ်ကို ပါဝင်ကာ အစာခြေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါ တယ်။ ဆီးသီးမှာ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ သကြား ဓာတ်၊ အမိုင်နိုအက်စစ်၊ ဗီတာမင်၊ ဆိုဒီယမ်၊ ဖက်တီးအက် စစ်နဲ့ တခြားအာဟာရဓာတ်တွေ အများအပြားပါဝင်တဲ့ အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။



(၁) ကိုလက်စထရောကျစေပြီး နှလုံးသွေးကြောရောဂါများ မဖြစ်စေရန် ကာကွယ်ခြင်း

သွေးကြောထဲမှာ မကောင်းတဲ့ကိုလက်စထရောများနေရင် သွေးလွှတ်ကြောတွေ ထိခိုက်နိုင်ပြီး နှလုံးသွေး
ကြောရောဂါနဲ့ ဆက်စပ်မှု ရှိပါတယ်။ အမျှင်ဓာတ်များတဲ့ ဆီးသီးလို အစာတွေကို များများစားတာကြောင့်
သွေတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဆီးသီးထဲမှာ ပါတဲ့ ဖီနောလစ်ဟာ လူတွေမှာ မကောင်းတဲ့ ကိုလက်စထရောကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်ပြီး နှလုံးထိခိုက်မှုကို ဟန့်တားနိုင်စွမ်း ရှိပါတယ်။

(၂) ကင်ဆာကို ကာကွယ်နိုင်ခြင်း

ကင်ဆာဆိုတာ ညတွင်းချင်း ဖြစ်လာတဲ့ ရောဂါမဟုတ်ပါဘူး။ ဒါကြောင့် ကင်ဆာဖြစ်ဖို့ အလားအလာ ရှိသူ
တွေတောင် စားအသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီအောင်ပြုပြင်ပြောင်းလဲပေးရင် ကင်ဆာကို ဟန့်တားနိုင်သွားပါတယ်။ ဆီးသီးလို သစ်သီးတွေကို မကြာခဏ များများစားတာကြောင့် ကင်ဆာမဖြစ်
အောင် ကာကွယ်နိုင်ပါတယ်။ ကင်ဆာရှောင်လွှဲနိုင်တဲ့ သစ်သီးထဲမှာ ဘလူးဘယ်ရီသီးလည်း ပါဝင်နေပါ တယ်။

(၃) ဆီးချိုရောဂါ ကာကွယ်ခြင်း

GI (Glycemic Index) ဆိုတာ အစာတစ်ခုက ဂလူးကို့စ်အဆင့်ကို ဘယ်လောက် မြန်မြန်မြင့်တက်စေ သလဲဆိုတာ ကိုတိုင်းတာ တာဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ်မတက်အောင် ကာကွယ်တာဟာ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ အင်ဆူလင် Resistance ကိုဖယ်ရှားပေးနိုင်ပါတယ်။ အမျှင်ဝင်ပြီး ဆဲလ်ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးကာ ဦးနှောက်ဆဲလ်အတွင်းရှိ အဆီတွေကို ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

(၅) သံဓာတ်စုပ်ယူမှု ကောင်းစေခြင်း

ဆီးသီးဟာ ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှုကို အားကောင်းစေတဲ့အပြင် ဗီတာမင်စီကိုလည်း ရရှိစေပါ တယ်။ ဗီတာမင်စီဟာ နားကူးစက်ပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးသလို ဖရီးရယ်ဒီကယ်ကြောင့် အူမကြီး ကင်ဆာ၊ ပန်းနာရင်ကျပ်ရောဂါ၊ အရိုးအဆစ်ရောင်နာနဲ့ ရူမတွိုက်အဆစ်ရောင်တာတို့မဖြစ်အောင် ဟန့်တားပေးပါတယ်။ ဗီတာမင်စီများစွာပါဝင်တဲ့ ဆီးသီးလို သစ်သီးဝလံတွေကို စားတာကြောင့်လေဖြတ် တာ၊ နှလုံးသွေးကြောရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ကို လျော့ကျစေပါတယ်။

(၆) မက်ကူလာယိုယွင်းမှု မဖြစ်စေရန်ကာကွယ်ခြင်း

မက်ကူလာယိုယွင်းမှု ဖြစ်ရင် မြင်ကွင်းအလယ်ရှိ အမြင်အာရုံကို ဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုအရ တစ်နေ့ ဆီးသီး သုံးလုံးစားတာက အသက်ကြီးလို့ ဖြစ်တဲ့ မက်ကူလာယိုယွင်းပျက်စီးမှုကို လျော့ကျ စေ
ကြောင်း သိရပါတယ်။

(၇) အစာခြေစနစ်ကို ကျန်းမာစေခြင်း

ဆီးသီးခြောက်သုံးလုံူးမှာ အမျှင်ဓာတ်သုံးဂရမ်ပါဝင်တာကြောင့် အမျှင်ဓာတ်များတဲ့ အစာကို စားရင်
သွေးထဲက ကိုလက်စထရောကို လျော့ကျစေပြီး အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ဟာ အူမကြီးနဲ့ အူသိမ်ရှိစွန့်ပစ်ပစ္စည်းတွေရဲ့ ရွေ့လျားမှုကို အားကောင်းစေလို့ပါ။ ဆီးသီးမှာ ပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အစာချေစနစ်ရှိစွန့်ပစ် ပစ္စည်းတွေကို များများထွက်ရှိစေပြီး အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၈) အိုမင်းမှုကို နှေးကွေးစေခြင်း

အင်တီအောက်ဆီးဒင့်ဟာ ကိုယ်တွင်းရှိ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ ထိခိုက်မှုကို လျော့ကျစေပြီး
နှလုံးသွေးကြောရောဂါ၊ ကင်ဆာ၊ ကိုယ်ခံစွမ်းအားစနစ် ထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ မှတ်ဥာဏ်လျော့နည်းမှု တို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆီးသီးမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီအပြည့်ပါဝင်တာကြောင့် အိုမင်းမှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

(၉) ဦးနှောက်ကို ကျန်းမာစေခြင်း

ဆီးသီးဟာ မှတ်ဥာဏ်ကောင်းမွန်စေတာကြောင့် ဦးနှောက်အတွက် အဓိကအာဟာရပါ။

(၁၀) စိတ်ဖိစီးမှု နှင့် ပင်ပန်းနွမ်းနယ်မှု ကို ကင်းစင်စေခြင်း

ပင်ပန်းနွမ်းနယ်ကာ အားကုန်သလို ခံစားမှုဖြစ်နေသလား။ ဆီးသီး ငါးလုံး-ခြောက်လုံးခန့် စားလိုက်ပါ။
နုံးချည့်ညောင်းညာမှု လျော့ကျသွားပါလိမ့်မယ်။ ဆီးသီးဟာ ကြွက်သားတွေကို အားအင်ပြည့်ဝစေတဲ့အစွမ်း ရှိတာကြောင့်နာ့ဗ်ကြောတွေကို ငြိမ်သက်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ကို ရရှိစေပါတယ်။

♦ ကြယ်စင် ♦

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...