20 April, 2013

ကလေးအား ဆေးရုံတင်ရတော့မည်ဆိုရင်




"ခင်ဗျားကလေးကို ဆေးရုံတင်ဖို့ လိုပါတယ်" ဆိုတဲ့ ဆရာဝန်ရဲ့ စကားကို ကြားရတဲ့အခါ မိဘအုပ်ထိန်း သူတို့အလွန်အမင်း စိတ် ပူပင်သောကများရတတ်ပါတယ်။ မိဘအများစုက ကလေးကို
ဆေးရုံတင်ဖို့ မဖြစ် မနေ အခြေအနေမဟုတ်ရင် အိမ်မှာပဲ ကုသလို
ကြပါတယ်။ အဲဒီလို ကလေးကို ဆေးရုံတင်ဖို့ လိုအပ်လာပြီ ဆိုရင် သင်သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။







ဆေးရုံတွင် ကလေးနေထိုင်ရန် ပြင်ဆင်ပါ

ဆေးရုံဆိုတာ ကလေးအတွက် စိမ်းတဲ့နေရာ၊ ကြောက်လန့်ဖွယ် နေရာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဒီအခြေ အနေက ကလေးရဲ့ နာမကျန်းမှုနဲ့ နာကျင်ကိုက်ခဲ့မှု ဝေဒနာကို ပိုဆိုးစေပါတယ်။ အဲဒီအချိန်မှာ ကလေးဟာ အကူအညီမဲ့သလို ခံစားမှုမျိုးလည်း ခံစားရနိုင်တာကြောင့် ကလေးသက်သောင့်သက်သာရှိစေဖို့ အိမ်မှာ လို နေနိုင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

ကလေးကို ကြိုတင်ရှင်းပြပါ

ဆေးရုံမသွားခင်မှာ ကလေးထိတ်လန့်မနေစေဖို့ အရုပ်တွေကို ဆရာဝန်၊ သူနာပြုပုံစံမျိုး ဖန်တီးပြီ ကစား
ပေးပါ။ ဆေးရုံအကြောင်း ပုံပြင်တွေကို ဖတ်ပြပါ။ ဒါဆိုရင် ကလေးအနေနဲ့ ဆေးရုံကိုရင်းနှီးပြီး မစိမ်းတော့ ပါဘူး။

ကလေးအား ဆေးရုံကိုမကြောက်စေရန် ကြိုးစားပါ

ကလေးကို ဆေးရုံခေါ်မသွားခင်မှာ ဆေးရုံနဲ့ ရင်းနှီးမှုရှိအောင် မိသားစုလိုက်အတူသွားပေးပါ။ ဆေးရုံမှာ မိသားစုနဲ့ အတူနေရသလို ဖန်တီးပေးမယ်ဆိုရင် ကလေးအနေနဲ့ ဆေးရုံမှာ သက်သောင့်သက်သာရှိနေ ပါလိမ့်မယ်။

ကလေးနှင့် အတူနေပါ

ဆေးရုံတက်နေတဲ့ ကလေးထံ သွားလည်တာ၊ စကားပြောပေးတာက သူ့ကိုအားပေးကူညီရာရောက်ပါ တယ်။ ညအိပ်တဲ့အခါ ကလေးဘေးမှာ နေပေးမှ ကလေးက အိပ်ရေး၀၀ အိပ်မောကျနိုင်မှာဖြစ်ပါတယ်။

ဆေးရုံဝန်ထမ်းများကို စကားပြောပါ

သင့်ကလေးကို ဆေးကုသမှုပေးနေတဲ့ သူနာပြုဆရာမ၊ ဆရာဝန်တွေနဲ့ စကားပြောပေးဖို့ လိုပါတယ်။ ကလေးရဲ့ လိုအပ်ချက်တွေကို ပြောပြတာ၊ အကြံဥာဏ်တောင်းတာ၊ ကလေး နေထိုင်မကောင်းတဲ့အခါ အကူအညီတောင်းတာတို့ ပြုလုပ်ပေးပါ။

သူကြိုက်သော အရုပ်ယူခွင့်ပေးပါ

ဆေးရုံတက်မယ်ဆိုရင် ကလေးကို သူအနှစ်သက်ဆုံး အရုပ်ကို ယူဆောင်ခွင့်ပေးပါ။ အထူးသဖြင့် ညဘက်မှာ သူပွေ့ဖက်ပြီး အိပ်နေကျ အရုပ်တွေကို ယူဆောင်ခွင့်ပေးတာက ကလေးကို သက်သောင့် သက်သာရှိစေပါတယ်။

♦ ဇွန် ♦

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...