22 April, 2013

အာဟာရဓာတ်ချို့တဲ့နေသော ကလေးငယ်၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန်


ကလေးတွေ အာဟာရဓာတ်ချို့တဲ့နေချိန်မှာ ကျန်းမာရေးထိခိုက်မှုတွေလည်း ကြုံရပါတယ်။ အာဟာရ ဓာတ်ချို့တဲ့မှုကြောင့် ကူးစက်ပိုးဝင်လွယ်တာ၊ နာမကျန်းမှုဖြစ်တာ၊ ရောဂါဝေဒနာတွေ ခံစားရလွယ်တာ တို့ ဖြစ်တတ်တဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ နည်းလမ်းတွေကို အကြုံပြုလိုက်ပါတယ်။


(၁) အစာကို ဖြည်းဖြည်းချင်း ကျွေးပါ
အစာအများကြီးကို တစ်ကြိမ်တည်းမကျွေးပါနဲ့။ အာဟာရအရှိဆုံး အစာကို အရင်ဆုံးကျွေးလိုက်ပါ။ ပြီးမှ မျှမျှတတပါဝင်သင့်တဲ့ အစာကို ဖြည်းဖြည်းချင်းကျွေးသွားရပါမယ်။

(၂) နေ့စဉ်ပုံမှန် အစားအသောက်များ ကျွေးပါ
ကလေးမှာ အာဟာရချို့တဲ့မှုမဖြစ်အောင် ကာကွယ်နိုင်ဖို့ တစ်နေ့ ထမင်းသုံးနပ်ကို မဖြစ်မနေ ကျွေးသင့် ပါတယ်။ အာဟာရဓာတ် ပြန်လည်ပြည့်ဝလာတဲ့ အခါမျိုးမှာ ကလေးကို ပုံမှန်ကျွေးနေကျ အစားအသောက်
တွေကို လျှော့လိုက်တာမျိုး မလုပ်သင့်ပါဘူး။

(၃) အာဟာရတန်ဖိုးမြင့်မားသည့် အစာများကျွေးပါ
မရှိမဖြစ် ဗီတာမင်အများစုနဲ့ တခြား အာဟာရဓာတ်အစုံအလင်ပါတဲ့ အစားအသောက်တွေက ကလေးတွေ ရဲ့ အရိုးနဲ့ကြွက်သားသန်စွမ်းဖို့အတွက် အရေးပါပါတယ်။

(၄) တစ်နေ့ ထမင်း သုံးနပ်ကျွေးပါ
ကလေးကို တစ်နေ့ ထမင်းသုံးနပ်ကျွေးတာကြောင့် ကလေးကို သန်စွမ်းကျန်းမာစေပြီး အာဟာရဓာတ်ချို့ တဲ့မှု မဖြစ်စေတော့ပါဘူး။

(၅) ရေနှင့် အခြားအရည်များ တိုက်ကျွေးပါ
နွားနို့၊ သစ်သီးဖျော်ရည်နဲ့ ရေတို့ဟာကလေးငယ်ကို သန်စွမ်းပြီး အားအင်ပြည့်ဝစေတာကြောင့် မဖြစ်မနေ တိုက်ကျွေးသင့်ပါတယ်။ ဒီအရည်တွေမှာ အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

သတိပြုရန်
♦ ကလေးက အာဟာရဓာတ်ချို့တဲ့နေရင် အစာတွေအများကြီးကို တစ်ကြိမ်တည်းမှာ ဘယ်တော့မှ မကျွေး ပါနဲ့။ သူတို့ခန္ဓာကိုယ်ဟာ အစာအများကြီးကို တစ်ခါတည်းချေဖျက်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် သူတို့ ၀ါးနိုင်ရုံ ပမာဏ၊ စားနိုင်ရုံပမာဏကိုပဲ ကျွေးသင့်ပါတယ်။

♣ Tip ♣
ကလေးမစားချင်ဘူးဆိုရင် အတင်းအကျပ် ဖိအားပေးပြီး မကျွေးပါနဲ့။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...