24 April, 2013

ကိုယ်ဝန်ဆောင်စဉ် နာတာရှည် စိတ်ဖိစီးမှု မဖြစ်စေရန်







ကိုယ်ဝန်ဆောင်စဉ် နာတာရှည်စိတ်ဖိစီးမှုခံစားရသူတွေဟာ မိခင်ဘ၀ ရောက်လာချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းနေတယ်လို့ လေ့လာမှုအသစ်ကဆိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း နာတာရှည် စိတ်ဖိစီးမှု ခံစားနေရတာက ကလေးမွေးပြီးချိန်မှာ စိတ်ဓာတ်ကျဝေဒနာကို ဖြစ်စေနိုင်တဲ့ အဓိက အချက်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်းနာတာရှည် စိတ်ဖိစီးမှု မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။



♦ နာတာရှည် စိတ်ဖိစီးမှုဆိုင်ရာ လက္ခဏာများကို သိနားလည်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာ၊ ရောဂါကို တုံ့ပြန်နိုင်စွမ်းနည်းတာ၊ ဗိုက်အောင့်တာ၊ ကြောက်ရွံ့ တာ၊ ချမ်းတုန်ဖျားတာ၊ နှလုံးခုန်နှုန်း ပုံမမှန်တာ၊ ထုံကျဉ်တာနဲ့ ၀မ်းနည်းလွယ်တာတို့ဟာ နာတာရှည် စိတ်ဖိစီးမှုဖြစ်နေကြောင်း သိနိုင်တဲ့ လက္ခဏာတွေပါ။ ဒီလို လက္ခဏာတွေ ဖြစ်ပေါ်နေရင် တစ်ယောက် တည်းမျိုသိပ်ခံစားမနေဘဲ သားဖွားမီးယပ်အထူးကုဆရာဝန်၊ သားဖွားဆရာမ ဒါမှမဟုတ် ဘ၀တူ ကိုယ် ၀န်ဆောင်မိခင်တွေကို ရင်ဖွင့်ပြောဆိုသင့်ပါတယ်။

♦ စိတ်ဖိစီးမှုကို သိနားလည်ပါ

(၁) ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိရှု စိတ်ဖိစီမ့ဖြစ်တတ်ပတါယ်။ ဒီလိုမဖြစ်စေဖို့ ကျန်းမာရေးစာစောင်တွေဖတ်ပါ၊ ဟောပြောပွဲတွေ တက်ရောက်ပါ၊ ဆရာဝန်ကို မေးမြန်းပါ။
(၂) ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှု မရဘဲလျစ်လျူရှုခံရတာကြောင့် စိတ်ဖိစီးမှုဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ခင်ပွန်းသည်အနေနဲ့ ကိုယ်ဝန်ဆောင်နေရတဲ့ ဇနီးသည်ကို နှိပ်ပေးတာ၊ လမ်းအတူလျှောက်ပေးတာတို့ လုပ်ကာ အားပေးနှစ်သိပ့်ပေးပါ။
(၃) အိမ်မှာ လမ်းလျှောက်တတ်စကလေးငယ်ရှိပြီး ကူညီမယ့်သူမရှိတာကြောင့်လည်း စိတ်ပင်ပန်းရတတ် ပါတယ်။ ဖြစ်နိုင်ရင် အိမ်အကူခေါ်ပါ။
တခြားစိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်တွေက ကျောင်းတက်နေရဆဲဖြစ်တာ၊ ချစ်သော သူတစ်ဦး သေဆုံးတာ၊ ၀င်ငွေမရှိတာနဲ့ အထီးကျန်တာတို့ဖြစ်ပါတယ်။


♦ ပေါ့ပါးသော လေ့ကျင့်ခန်းလုပ်ပါ

လမ်းလျှောက်တာနဲ့ တချို့ယောဂကျင့်စဉ်တွေ ကျင့်တာတွေကို ပြုလုပ်ပေးတာက စိတ်ဖိစီးမှုကို လျော့ကျ
စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်အဆင်မပြေတာ၊ ငွေရေး
ကြေးရေး ပြဿနာစတာတွေကို တတ်နိုင်သမျှ မတွေးတောပါနဲ့။ အဲဒီအတွေးတွေကို အပြုသဘောဆောင် တဲ့မျှော်လင့်ချက်တွေနဲ့ အစားထိုးပြီး မေ့လျော့လိုက်ပါ။


♦ နံနက်ခင်းတွင် ခင်ပွန်းသည်နှင့် အတူလမ်းလျှောက်ပါ

နံနက်ခင်း နေခြည်နုနုထွက်ချိန်မှာ ခင်ပွန်းသည်နဲ့အတူ လမ်းလျှောက်တာ၊ စကားစမြည်ပြောဆိုတာက ကိုယ်ဝန်ဆောင်မိခင်ခံစာနေရတဲ့ စိတ်ဖိစီးမှုနဲ့ ပူပင်သောကကို ပြေလျော့သွားစေနိုင်ပါတယ်။

♦ ဆုတောင်းပါ၊ တရားထိုင်ပါ

စိတ်ပူပင်မှု ဖြစ်လာချိန်မှာ တရားထိုင်တာနဲ့ ဆုတောင်းတာတွေကို လုပ်ပေးလိုက်ရင် စိတ်သက်သာရာ ရစေပါတယ်။

ကြယ်စင်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...