21 April, 2013

ညအချိန် ချောင်းခြောက်ဆိုးခြင်း သက်သာစေမည့် အိမ်တွင်းကုထုံးများ


ညဘက်မှာ ချောင်းခြောက်ဆိုးပြီး အိပ်မပျော် ဖြစ်နေသလား၊ ဒါမှမဟုတ် ချောင်းခြောက်ဆိုးပြီး အိပ်ရာက လန့်နိုးလာပါသလား။ ချောင်းခြောက်ဆိုးတဲ့ ဝေဒနာသက်သာစေဖို့ အောက်ပါနည်းတွေကို လိုက်နာသင့် ပါတယ်။


(၁) ကြက်သွန်ဖြူသုံးပါ

လူ့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ရောဂါအမျိုးမျိုးကို ကုသနိုင်ဖို့အတွက် ကြက်သွန်ဖြူက အသုံးဝင်တဲ့ သဘာဝ
ဆေးတစ်လက်ဖြစ်ပါတယ်။ အစာကြေညက်စေပြီး အအေးမိဝေဒနာနဲ့ တုပ်ကွေးရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက ချောင်းခြောက်ဆိုးတာကို သက်သာစေပါတယ်။ ကြက်သွန်
ဖြူတစ်လုံး၊ နှစ်လုံးကို ၀ါးစားပေးတာကြောင့် ချောင်းဆိုးဝေဒနာကို သက်သာစေပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူကိုထောင်းပြီး ပျားရည်နဲ့စေးပျစ်အောင် ရောမွှေကာ သောက်ပေးရင် ချောင်းဆိုးတာကို သက်သာစေပါတယ်။

(၂) ရေနွေးကြမ်းသောက်ပါ

နံနက်တိုင်း သွားတိုက်ပြီးချိန်မှာ ဆား လက်ဖက်စားဇွန်း တစ်ဇွန်းထည့်မွှေထားတဲ့ရေနွေးကြမ်း တစ်ဖန်ခွက် ကို အာလုတ်ကျင်းပေးတားကြောင့် လည်ချောင်းနာကျင်မှုဝေဒနာကို သက်သာစေပြီး ချောင်းခြောက်ဆိုး တာကို လျော့ပါးစေပါတယ်။

(၃) ချင်းအမြစ်ဝါးပေးပါ

အိပ်ရာမ၀င်ခင် ညစဉ်ညတိုင်း ချင်းအမြစ်ကို ဖြည်းဖြည်းချင်း ကြိတ်ဝါးကာ ရလာတဲ့ အရည်ကို မျိုချလိုက်ပါ။ ဒီလိုမျိုချတာကြောင့် မသက်မသာခံစားရပေမယ့် ချောင်းဆိုးလျော့ပါးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ
စေပါတယ်။ ချင်းကို ကြိတ်ခြေပြီး များရည်နဲ့ ရောမွှေကာ သောက်သင့်ပါတယ်။

(၄) လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ

လက်ဖက်စိမ်း လက်ဖက်ရည်ကလည်း ချောင်းခြောက်ဆိုးတာကို သက်သာစေပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်သောက်တာကြောင့် အင်တီအောက်ဆီးဒင့်ရရှိတဲ့အပြင် ချောင်းခြောက်ဆိုးတာကို သက်သာ
စေပါတယ်။ သံပရာရည်အနည်းငယ်နဲ့ ပျားရည် နည်းနည်း ထည့်သောက်နိုင်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...