22 April, 2013

အပူကြောင့်ဖြစ်သော နာမကျန်းမှု အဆင့်သုံးဆင့်ကို သိရှိကာကွယ်နိုင်ရန်

သင့်ခန္ဓာကိုယ်က အပူဒဏ်ဆုံးရှုံးမှုကို ဟန်ချက်ညီအောင် မလုပ်ဆောင်နိုင်တဲ့အခါ ဒါမှမဟုတ် ကိုယ်အပူချိန်က ပုံမှန် ထက် မြင့်တက်တဲ့အခါ အပူဒဏ်ကြောင့် နာမကျန်းမှုဖြစ်လာ ပါတယ်။ ဒီအဆင့်ကို သုံးဆင့် သတ်မှတ်ထားပါတယ်။

အဆင့်တစ်က ရေဓာတ်ခန်းခြောက်တဲ့အဆင့်ပါ။
အဆင့်နှစ်က အပူဒဏ်ကြောင့် ရေနဲ့ဓာတ်ဆားတွေ လွန်လွန်ကဲကဲဆုံးရှုံးပြီး မောပန်းနွမ်းလျတဲ့ အဆင့်ဖြစ်ပြီး
အဆင့်သုံးက အပူရှိန်နဲ့ တာရှည်ထိတွေ့ရာကချွေးမထွက်
နိုင်တော့ဘဲ ကိုယ်အပူချိန်တက်တဲ့အဆင့်ဖြစ်ပါတယ်။ 

အပူကြောင့်နာမကျန်းမှုဖြစ်ရင်နောက် ဆက်တွဲအနေ နဲ့ပြင်းထန်တဲ့ပြသနာဖြစ်လာတတ်ပြီး ကုသမှုမခံယူ ရင် အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။


အဆင့် (၁) ရေဓာတ်ခန်းခြောက်ခြင်း


ခန္ဓာကိုယ်က အရည်ဓာတ်အလုံအလောက်မရတော့တဲ့အခါ ဖြစ်ပေါ်တတ်တဲ့အဆင့်ပါ။ ဒီအဆင့်က အရင် ဆုံးဖြစ်ပေါ်ပြီး အပျော့ဆုံးအဆင့်ပါ။ ဒီအဆင့်ကို ကုသမှုမခံယူရင် မောပန်းနွမ်းလျပြီး သွေးဖိအားကျတဲ့ အဆင့်အထိ ဖြစ်သွားတတ်ပါတယ်။

သတိပြုရန်
ရေကို အလုံးအလောက် သောက်ပါ။ အထူးသဖြင့် ရေဆာတဲ့အထိ မစောင့်ဆိုင်းဘဲ ရေကို ပုံမှန်သောက်
ပေးရပါမယ်။

အဆင့် (၂)  အပူဒဏ်ကြောင့် ရေနှင့် ဓာတ်ဆားများ လွန်ကဲစွာ ဆုံးရှုံးပြီး မောပန်းနွမ်းလျခြင်း

 

ဒါကို Heat Exhaustion လို့ခေါ်ပြီး အပူရှိန်ဒဏ်ကို တာရှည်ခံရတဲ့အတွက် ကိုယ်တွင်းမှ ဓာတ်ဆားတွေ အလွန်အမင်း ဆုံးရှုံးကာ မောပန်းနွမ်းနယ်ရတာပါ။

သတိပြုရန်
လူနာရဲ့ အရေပြားကို ဖျော့တော့နေသလား၊ စိုစွတ်နေသလား၊ ကြက်သီးမွေးညင်းထနေသလား စစ်ဆေးပါ။

လူနာကအန်နေသလား၊ ပျို့ချင်အန်ချင်ဖြစ်နေသလား၊ ခေါင်းကိုက်နေသလား၊ မောပန်းနုံးချည့်နေ သလား၊ မူးဝေနေသလား စတဲ့ လက္ထဏာတွေ ရှိ၊ မရှိ ဆန်းစစ်ပါ။

သတိမေ့တာနဲ့ စိတ်ရှုပ်ထွေးတာတို့လို စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှိနေသလားဆိုတာ စစ်ဆေးရပါမယ်။

အထက်ပါ လက္ခဏာတွေ တွေ့နေရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြပါ။

အဆင့် (၃) အပူရှိန်ကို တာရှည်ထိတွေ့မှုကြောင့် ချွေးမထွက်နိုင်ဘဲ ကိုယ်အပူချိန်မြင့်တက်ခြင်း

 

ဒါကို Heat Stroke လို့ ခေါ်ပါတယ်။ ဒါက အန္တရာယ်အကြီးမားဆုံး အဆင့်ပါ။ အပူဒဏ်သင့်ခံရသူကို သင့်တော်တဲ့ ကုသမှု ချက်ချင်းမပေးနိုင်ရင် မိနစ်ပိုင်းအတွင်း သေဆုံးသွားနိုင်ပါတယ်။

သတိပြုရန်
အရင်ဆုံး လူနာရဲ့ အပူချိန်ကို တိုင်းပါ။ အလွန်အမင်း ပူပြင်းနေပြီး အရေပြားကပူပြီး ခြောက်သွေ့နေရင်၊
ချွေးလုံးဝမထွက်ရင် သတိထားသင့်တဲ့အခြေအနေဖြစ်ပါတယ်။

အပြုအမူကို ကြည့်ရှုလေ့လာပါ။ အသက်ရှူရခက်ခဲတာ၊ အသက်ရှူမ၀တာနဲ့ စိတ်ရှုပ်ထွေးတာတို့ဖြစ်ရင် ဒါက အပူဒဏ်ကို တာရှည်ခံရတဲ့ လက္ခဏာတွေပါ။

အန်တာ၊ နှလုံးခုန်နှုန်း မြင့်တက်တာ၊ သတိမေ့တာတို့လို လက္ခဏာတွေကို တွေ့ရရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းမဆိုင်းမတွ သွားပြပါ။

ဇွန်


No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...