21 April, 2013

ဂျပန်နိုင်ငံသူတို့ ခန္ဓာကိုယ် သွယ်လျလှပရခြင်း လျှို့ဝှက်ချက် ခုနှစ်ရပ်


ဂျပန်အမျိုးသမီး သုံးရာခိုင်နှုန်းခန့်ကသာ အ၀လွန်နေကြပြီး ကျန်တဲ့အမျိုးသမီးတွေက ခန္ဓာကိုယ်သွယ်လျ လှပနေကြကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ သူတို့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလို့ ဒီလို သွယ်လျလှပနေရသလဲဆိုတာ လေ့လာကြည့်ရအောင်။


 လျှို့ဝှက်ချက် (၁)

သူတို့က ငါး၊ ပဲပိစပ်၊ ထမင်း၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို အဓိကစားကြပါတယ်။ အဆီကို သိပ် စားလေ့မရှိပါဘူး။

 လျှို့ဝှက်ချက် (၂)

သံလွင်ဆီလို ဆီနဲ့ ဟင်းချက်တတ်ပါတယ်။ ပေါင်းတာ၊ ပြုတ်တာ၊ နှပ်တာစတဲ့ ဟင်းချက်နည်းတွေသုံးပြီး ဟင်းလျာပြင်ဆင်စားသောက်ကြပါတယ်။

 လျှို့ဝှက်ချက် (၃)

သေးငယ်တဲ့ ပန်းကန်လုံးတွေနဲ့ ပမာဏကို မကြာခဏ စားတတ်ပါတယ်။ ပန်းကန်လုံးက ပိုသေးငယ်လေ
လေ၊ စားတဲ့ ပမာဏလျော့နည်းလေလေလို့ ဂျပန်အမျိုးသမီးတွေက လက်ခံထားကြပါတယ်။

 လျှို့ဝှက်ချက် (၄)

ပေါင်မုန့်ထက် ထမင်းကို အဓိကစားလေ့ရှိပါတယ်။ ပေါင်မုန့်နဲ့လုပ်ထားတဲ့ ချိုတဲ့မုန့်တွေကို ရှောင်လေ့ရှိပါ တယ်။

 လျှို့ဝှက်ချက် (၅)

နံနက်စာကို ပမာဏ အများဆုံးစားလေ့ရှိပြီး ပရိုတင်းဓာတ်ထည့်စားပါတယ်။ နေ့လယ်စာအဖြစ်စိတ်ကျေ နပ်ရုံသာစားလေ့ရှိတာကြောင့် အိပ်ငိုက်တာမျိုးလည်း မဖြစ်တော့ဘဲ လန်းဆန်းနေပါတယ်။

 လျှို့ဝှက်ချက် (၆)

သရေစာ နည်းနည်းစီ စားတာပါ။ သရေစာကို နည်းနည်းချင်း စားပြီး အစာကို အလွန်အမင်းစားချင်စိတ် မဖြစ်အောင် ထိန်းတာက ခန္ဓာကိုယ်ကို သွယ်လျစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။

 လျှို့ဝှက်ချက် (၇)

တစ်နေ့လုံး လှုပ်းရှားမှု လုပ်ဖြစ်အောင်ကြိုးစားနေထိုင်တာပါ။ အလုပ်ကနီးရင် လမ်းလျှောက်သွားတာ၊ အထပ်မြင့်ကို ရိုးရိုးလှေကားနဲ့ တက်တာ၊ အလုပ်မှာမကြာခဏ လမ်းလျှောက်တာတို့ကို လုပ်ဆောင်ကြ ပါတယ်။

♦ ကြယ်စင် ♦

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...