16 September, 2013

ပိုမိုလှပသော အသားအရေ ရရှိစေမည့် အဆင့်လေးသွယ်






အသားအရေလှပမှုဟာ မျိုးရိုးဗီဇအပေါ်မူတည်သလို ဘဝတစ်လျှောက် သင်ဘယ်လောက် ဂရုစိုက်ထိန်းသိမ်းသလဲဆိုတဲ့ အချက်ပေါ်မှာလည်း မူတည်ပါတယ်။ မျက်နှာပြင်ပေါ်က အရေးကြောင်း၊ အပြစ်အနာအဆာ၊ အဖုအပိမ့်စတာတွေ လျော့ပါးစေဖို့အတွက်နဲ့ အရေပြားဟာ အာဟာရ ဓာတ်ပြည့်ဝကာ အနာကျက်စေဖို့အတွက် အရေပြားရဲ့သဘောသဘာဝ ကိုသိနားလည်ထားဖို့ လိုအပ်ပါတယ်။

အချိုကြိုက်သူတို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များ



လူအများစုဟာ ချောကလက်ချောင်း၊ ကွတ်ကီး၊ ရေခဲမုန့်နဲ့ သကြားများတဲ့ အချိုရည်စတာတွေကို တစ်ချိန် မဟုတ် တစ်ချိန်မှာ စားချင်စိတ် ပြင်းပြတတ်ကြပါတယ်။ အဲဒီအချိန်မှာ လျှာအရသာခံအဖုတွေ စိတ်ကျေနပ်
ပြီးရောသဘောမျိုးနဲ့ တွေ့ကရာ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်
တွေကို စားသင့်ပါတယ်။

ငြင်းခုံရန်ဖြစ်မှုနည်းသော အိမ်ထောင်သည်များ ပိုမိုကျန်းမာသက်ရှည်ကြ


အိမ်ထောင်သည်တို့အား နှစ် ၂ဝ ကြာလေ့လာမှုအရ ငြင်းခုံရန်ဖြစ်ခြင်းမရှိသည့် စုံတွဲများသည် ပုံမှန်ငြင်းခုံ ရန်ဖြစ်သည့် စုံတွဲများထက် ပိုမိုကျန်းမာသက်ရှည်ကြကြောင်း သိရသည်။

04 September, 2013

သင့်စာအုပ်စင်က ပြောပြနေသော သင့်အကြောင်း









အချစ်ဝတ္ထုတွေကို သဘောကျတာလား။ လျှိ့ဝှက်သည်းဖို ဝတ္ထုတွေကို ရူးသွပ်တတ် သူလား။ သင့်စာအုပ် စင်ပေါ်မှာ သဘာဝ လွန်ဖြစ်ရပ်စာပေတွေ အပြည့်ရှိနေသလား။ သင်အနှစ်သက်ဆုံးစာအုပ်တွေဟာ သင့် ဦးနှောက်အပေါ် မတူညီတဲ့ အကျိုးသက်
ရောက်မှုတွေ ပေးနိုင်သလို ကိုယ်ရည်ကိုယ်
သွေးတွေကလည်းပြောင်းလဲမှုရှိနေပါတယ်။

နှလုံးထိခိုက်စေသည့် အကျင့်ဆိုး ခုနစ်ရပ်


(၁) အရက် အလွန်အမင်း သောက်ခြင်း


အရက်ကို အလွန်အမင်းသောက်တာကြောင့် နှလုံးအပေါ် ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေရုံသာမက အရက်ကို ကြာရှည် သောက်သုံးတဲ့အတွက်နှလုံးမှာ ထိခိုက်မှု ဖြစ်
စေနိုင်ပါတယ်။ အရက်သောက်တာကြောင့် အသည်း၊ အရိုး၊ မှတ်ဥာဏ်တို့ကို ထိခိုက်စေရုံသာမကနှလုံးရောဂါနဲ့
သွေးတိုးရောဂါဖြစ်နိုင်ခြေတို့ကိုတိုးမြင့်စေပါတယ်။

အရက်ဖြတ်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ၅ဝ ရာခိုင်နှုန်းလျော့ကျစေပါတယ်။

LinkWithIn

Related Posts Plugin for WordPress, Blogger...