16 September, 2013

ပိုမိုလှပသော အသားအရေ ရရှိစေမည့် အဆင့်လေးသွယ်






အသားအရေလှပမှုဟာ မျိုးရိုးဗီဇအပေါ်မူတည်သလို ဘဝတစ်လျှောက် သင်ဘယ်လောက် ဂရုစိုက်ထိန်းသိမ်းသလဲဆိုတဲ့ အချက်ပေါ်မှာလည်း မူတည်ပါတယ်။ မျက်နှာပြင်ပေါ်က အရေးကြောင်း၊ အပြစ်အနာအဆာ၊ အဖုအပိမ့်စတာတွေ လျော့ပါးစေဖို့အတွက်နဲ့ အရေပြားဟာ အာဟာရ ဓာတ်ပြည့်ဝကာ အနာကျက်စေဖို့အတွက် အရေပြားရဲ့သဘောသဘာဝ ကိုသိနားလည်ထားဖို့ လိုအပ်ပါတယ်။



အရေပြားအကြောင်း


သင့်အရေပြားဟာ သင့်ခန္ဓာကိုယ်မှာ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်အလေး ချိန်ရဲ့ ၁၅ ရာခိုင်နှုန်းက အရေပြားဖြစ်ပြီး အရေပြားရဲ့ ၇ဝ ရာခိုင်နှုန်းက ရေဖြစ်ပါတယ်။ တခြား ၂၅ ရာခိုင် နှုန်းက ပရိုတင်းဓာတ်ဖြစ်ပြီး နောက်ဆုံးငါးရာခိုင်နှုန်းက အဆီတွေဖြစ်ပါတယ်။ အရေပြားဟာ အာရုံခံအင်္ဂါ အစိတ်အပိုင်းအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်သျှူးတွေအတွက် အထောက်အပံ့ကောင်းဖြစ်တဲ့အတွက် ရှက်ရွံ့မှုခံစားရတဲ့အခါ ရှက်သွေးဖျန်းတာ၊ ပူပင်သောက ခံစားရတဲ့အခါ ချွေးပြန်တာနဲ့ ကြောက်ရွံ့ထိတ် လန့်တဲ့အခါ အသားအရေ ဖျော့တော့တာတို့ ဖြစ်ပေါ်တတ်ပါတယ်။

အရေပြားအလွှာများ


အရေပြားမှာ အရေးပါတဲ့ အလွှာသုံးခုရှိပါတယ်။ အပေါ်ယံအလွှာဟာ ရေစိုခံတဲ့ Epidermis အလွှာဖြစ်ပြီး
ကြေးချွတ်ဖို့ ပွတ်တိုက်သန့်စင်နိုင်တဲ့ အလွှာပါ။ ဒီအလွှာကို ကောင်းကောင်းထိန်းသိမ်းမှု မပြုရင် ခြောက်
သွေ့ကာ အက်ကွဲနေနိုင်ပါတယ်။

အလယ်လွှာကတော့ Dermis အလွှာဖြစ်ပြီး အရေပြား စိုပြည်မှုကို ပေးစွမ်းနိုင်တဲ့ အလွှာဖြစ်ပါတယ်။ နေ ဒဏ်နဲ့အမာရွတ်တွေ ဖြစ်ပေါ်တဲ့အခါ အနာကျက်စေတဲ့ အစွမ်း ဖြစ်စေပါတယ်။

တတိယအလွှာကSubcutaneous အလွှာ ဖြစ်ပြီး ချွေးဂလင်း၊ အမွှေးအိတ်နဲ့ သွေးကြောတွေရှိပါတယ်။ အတွင်းကနေ အသားအရေကို အားဖြည့်ပေးနေတဲ့ အစိတ်အပိုင်းပါ။


အရေပြားအကြောင်းကို အကြမ်းဖျင်းသိနားလည်ပြီဆိုရင် အရေပြားရဲ့ကျန်းမာမှုနဲ့ အရည်အသွေးကို ထိန်းသိမ်းနိုင်ဖို့ရာအတွက် အောက်ပါအဆင့်တွေကို လုပ်ဆောင်သင့်ပါတယ်။

အဆင့် (၁) => အညွှန်းကို သေချာဖတ်ပါ

အလှပြင်ကောင်တာကို သွားပြီး အလှကုန်ပစ္စည်းတွေကို ဝယ်မယ်လို့ မဆုံးဖြတ်ခင်မှာ ပါဝင်ပစ္စည်းအညွှန်းကို အရင်ဆုံး ကြည့်ရှုလေ့လာပါ။ ဗီတာမင်နဲ့တခြားဖြည့်စွက်ဆေးတွေပါတဲ့ လိမ်းဆေး
တွေဟာ အရေပြားရဲ့ စံကို ဟန်ချက်ညီမျှစေပြီး အသားအရေကို ကျန်းမာလှပစေပါတယ်။

အဆင့် (၂) => ဗီတာမင်ကို လိမ်းပါ

အရေပြားရဲ့ ကျန်းမာရေးကို တကယ်သက်ရောက်စေတဲ့ ပါဝင်ပစ္စည်း ပမာဏက နည်းပါတယ်။ ဥပမာအနေ နဲ့ ပြောရရင် -
♦ ဗီတာမင်အေက အသားအရေထိန်းသိမ်းမှုအတွက် တန်ဖိုးရှိတဲ့အာဟာရဓာတ်ပါ။ ဒါပေမဲ့ ထိလွယ်ရှလွယ် တဲ့ အသားအရေပေါ်မှာ များများလိမ်းမိရင် ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်အေပါတဲ့ လိမ်း
ဆေးကို သတိထားပြီးလိမ်းပါ။ ဗီတာမင်အေပါတဲ့ လိမ်းဆေးတွေကို ရက်တီနော ဒါမှမဟုတ် ရက်တီးနွိက် ခရင်မ်အနေနဲ့ တွေ့ရပါတယ်။
♦ ဗီတာမင်စီဆိုရင် L - ascorbic Acid ပါဝင်မှု ၁ဝ ရာခိုင်နှုန်းရှိတဲ့ ခရင်မ်ဟာအကောင်းဆုံး ဖြစ်ပါတယ်။
♦ အသားအရေကို ကောင်းကျိုးပြုတဲ့ ဗီတာမင်ဘီတွေကတော့ ဗီတာမင် B3 နဲ့ ဗီတာမင် B5 တို့ ဖြစ်ကြပါ တယ်။
♦ ဗီတာမင်အီးဟာ အဆီမှာ ပျော်တဲ့အင်တီအောက်ဆီးဒင့်ဖြစ်ပါတယ်။ ဗီတာမင်အီးလိမ်းဆေးတွေဆိုရင် DL - alphatocopherol ပုံစံဖြစ်ပါက အသားအရေအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုကိုဖြစ်စေပါတယ်။

အဆင့် (၃) => အနံ့ကင်းသော ရေဓာတ်အခြေခံ နေကာခရင်မ်ကို ရွေးချယ်ပါ

နေ့စဉ် သုံးမယ့် နေကာခရင်မ်ဟာအနံ့အသက်မပါဘဲ ရေဓာတ်အခြေခံတဲ့ အမျိုးအစားဖြစ်သင့်ပါတယ်။ နေကာနိုင်စွမ်း SPF အနည်းဆုံး ၁ဝ ပါဝင်မှသာနေဒဏ်ကို ကာကွယ်နိုင်ပြီး အရေးကြောင်းနဲ့ အရေပြားကင်ဆာတို့ မဖြစ်အောင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အဆင့် (၄) => တိတ်အကြည်နှင့် စမ်းသပ်ပါ

မျက်နှာပြင်ပေါ်က အရေးကြောင်းတွေကို ဆန်းစစ်သိရှိနိုင်ဖို့ တိပ်အကြည်ကို သုံးပါ။ မျက်နှာကို လုံးဝ သန့်စင်ပြီးတိတ်အကြည်ကို နဖူးအလယ်ပေါ်မှာတင်ကာ မျက်ဝန်းထောင့်တွေ၊ ပါးပြင်နဲ့ နှုတ်ခမ်းတစ်ဝိုက်နေရာတွေကို ညင်ညင်သာသာ ဖိဆွဲပြီး ကြည့်ပါ။ တိပ်က လုံးဝ ချောမွေ့နေရင် သင့်
အသားအရေရဲ့ အသက်က ၃ဝ နှစ်ပါ။ အရေးကြောင်းတွေမရှိဘဲ ဆဲလ်သေတွေရှိနေရင် ၄ဝ နှစ်ပါ။ အရေးကြောင်းနည်းနည်းနဲ့ ဆဲလ်သေတွေကပ်ငြိနေရင် သင့်အသားအရေသက်တမ်းက ၅ဝ နှစ်ဖြစ်
ပါတယ်။ ဒီအချိန်မှာ အသားအရေရဲ့ကျန်းမာလှပရေးကို ပိုမိုအလေးထားသင့်နေပြီ ဖြစ်ပါတယ်။

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...